လူနာနံပါတ္ ၁၅၇ကလည္း ကြယ္ကေဘာေဆး႐ုံက သူနာျပဳတစ္ဦးျဖစ္

ကြယ္ကေဘာေဆး႐ုံက ကူးစက္ခံရသူ ၄ဦးထိရွိလာပါၿပီ။လူနာနံပါတ္ ၁၅၁ နဲ႔ အေဆာင္အတူေနခဲ့လို႔ Quarantine ဝင္ခဲ့ရာမွာ ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး လက္ရွိမွာ ကြယ္ကေဘာ ေဆး႐ုံက ကူးစက္ခံရသူ ၄ဦးထိရွိလာခဲ့ပါၿပီ။လူနာနံပါတ္ ၁၅၁ ျဖစ္တဲ့ ပုဂၢလိကေက်ာင္းဆရာမနဲ႔အေဆာင္အတူေနသူ ၆ ဦးထဲက ေရာဂါပိုးကူးစက္ခံရသူ ၄ ဦးထိရွိလာခဲ့ပါၿပီ။သူတို႔ ၄ဦးကေတာ့ အင္းစိန္ၿမိဳ႕နယ္ ကြယ္ကေဘာေဆး႐ုံမွာ တာဝန္ထမ္းေဆာင္ေနၾကတဲ့ သူနာျပဳေတြျဖစ္ၾကၿပီး လူနာနံပါတ္ ၁၅၂၊၁၅၃၊၁၅၄နဲ႔ ၁၅၇တို႔ ျဖစ္ၾကပါတယ္။

လူနာနံပါတ္ ၁၅၂၊၁၅၃နဲ႔၁၅၄တို႔ကိုေတာ့ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနကေမလ ၃ရက္ေန႔တုန္းက ပိုးေတြ႕လူနာေတြအျဖစ္ ထုတ္ျပန္ေၾကညာခဲ့ၿပီး လူနာနံပါတ္ ၁၅၇ကိုေတာ့ မေန႔က(ေမလ ၄)ထုတ္ျပန္ေၾကညာ ခဲ့တာပါ။လူနာနံပါတ္ ၁၅၇ကလည္း ကြယ္ကေဘာေဆး႐ုံကပါပဲ။အခုဆိုရင္ ကြယ္ကေဘာေဆး႐ုံက ကူးစက္ခံရသူ ၄ဦးထိ ရွိလာခဲ့ပါၿပီ။”လို႔ အင္းစိန္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသာေအာင္ကေျပာပါတယ္။မေန႔ညက ထုတ္ျပန္ေၾကညာတဲ့ပိုးေတြ႕လူနာစာရင္းမွာ အင္းစိန္ၿမိဳ႕နယ္က ၂ဦးပါဝင္ခဲ့ေပမယ့္ အသက္ ၆၂ႏွစ္အ ႐ြယ္ အမ်ိဳးသားႀကီးကေတာ့ အမွန္တကယ္ အင္းစိန္ၿမိဳ႕နယ္မွာေနထိုင္သူမဟုတ္ပဲ ဒလၿမိဳ႕မွာ ေနထိုင္သူသာ ျဖစ္ တယ္လို႔လည္း ဦးသာေအာင္က ဆက္လက္ေျပာပါတယ္။

“လူနာနံပါတ္ ၁၆၁ ကေတာ့ အင္းစိန္က မဟုတ္ပါဘူး။သူက အင္းစိန္မွာ ႏွစ္ ၂၀ ေလာက္ေနခဲ့ဖူးေတာ့ ေဆး႐ုံ တက္ရခ်ိန္မွာ အင္းစိန္ၿမိဳ႕နယ္လို႔ စာရင္းေပးထားခဲ့တာပါ။အမွန္တကယ္ေတာ့ သူက လက္ရွိ ဒလမွာေနသူပါ။” လို႔ ဦးသာေအာင္က ေျပာပါတယ္။လက္ရွိ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးေတြ႕ရွိသူ ၁၆၁ ဦးရွိလာတဲ့အနက္ ႏွစ္ႀကိမ္ဆက္တိုက္ ေရာဂါပိုးမေတြ႕ေတာ့သူ ၄၉ ဦးရွိၿပီး ေဆး႐ုံကဆင္းခြင့္ရသူကေတာ့ ၂၉ဦးထိရွိေနခဲ့ပါၿပီ။ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာေတြကို ဓာတ္ခြဲျပန္လည္စစ္ေဆးရာမွာဆိုရင္ ႏွစ္ႀကိမ္ဆက္တိုက္ Negative ျပခဲ့ရင္ ေရာဂါပိုးကင္းစင္သူလို႔သတ္မွတ္ႏိုင္တာလည္းျဖစ္ပါတယ္။ဒါေၾကာင့္ ေရာဂါပိုးေပ်ာက္ကင္းသူက ၄၉ ဦး ရွိလာခဲ့ၿပီး ဒီၾကားထဲမွာေသဆုံးသြားသူကေတာ့ ၆ ဦး ရွိပါတယ္။

Credit Duwun

UNICODE

ကွယ်ကဘောဆေးရုံက ကူးစက်ခံရသူ ၄ဦးထိရှိလာပါပြီ။လူနာနံပါတ် ၁၅၁ နဲ့ အဆောင်အတူနေခဲ့လို့ Quarantine ဝင်ခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး လက်ရှိမှာ ကွယ်ကဘော ဆေးရုံက ကူးစက်ခံရသူ ၄ဦးထိရှိလာခဲ့ပါပြီ။လူနာနံပါတ် ၁၅၁ ဖြစ်တဲ့ ပုဂ္ဂလိကကျောင်းဆရာမနဲ့အဆောင်အတူနေသူ ၆ ဦးထဲက ရောဂါပိုးကူးစက်ခံရသူ ၄ ဦးထိရှိလာခဲ့ပါပြီ။သူတို့ ၄ဦးကတော့ အင်းစိန်မြို့နယ် ကွယ်ကဘောဆေးရုံမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သူနာပြုတွေဖြစ်ကြပြီး လူနာနံပါတ် ၁၅၂၊၁၅၃၊၁၅၄နဲ့ ၁၅၇တို့ ဖြစ်ကြပါတယ်။

လူနာနံပါတ် ၁၅၂၊၁၅၃နဲ့၁၅၄တို့ကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကမေလ ၃ရက်နေ့တုန်းက ပိုးတွေ့လူနာတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီး လူနာနံပါတ် ၁၅၇ကိုတော့ မနေ့က(မေလ ၄)ထုတ်ပြန်ကြေညာ ခဲ့တာပါ။လူနာနံပါတ် ၁၅၇ကလည်း ကွယ်ကဘောဆေးရုံကပါပဲ။အခုဆိုရင် ကွယ်ကဘောဆေးရုံက ကူးစက်ခံရသူ ၄ဦးထိ ရှိလာခဲ့ပါပြီ။”လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်ကပြောပါတယ်။မနေ့ညက ထုတ်ပြန်ကြေညာတဲ့ပိုးတွေ့လူနာစာရင်းမှာ အင်းစိန်မြို့နယ်က ၂ဦးပါဝင်ခဲ့ပေမယ့် အသက် ၆၂နှစ်အ ရွယ် အမျိုးသားကြီးကတော့ အမှန်တကယ် အင်းစိန်မြို့နယ်မှာနေထိုင်သူမဟုတ်ပဲ ဒလမြို့မှာ နေထိုင်သူသာ ဖြစ် တယ်လို့လည်း ဦးသာအောင်က ဆက်လက်ပြောပါတယ်။

“လူနာနံပါတ် ၁၆၁ ကတော့ အင်းစိန်က မဟုတ်ပါဘူး။သူက အင်းစိန်မှာ နှစ် ၂၀ လောက်နေခဲ့ဖူးတော့ ဆေးရုံ တက်ရချိန်မှာ အင်းစိန်မြို့နယ်လို့ စာရင်းပေးထားခဲ့တာပါ။အမှန်တကယ်တော့ သူက လက်ရှိ ဒလမှာနေသူပါ။” လို့ ဦးသာအောင်က ပြောပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ ၁၆၁ ဦးရှိလာတဲ့အနက် နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့တော့သူ ၄၉ ဦးရှိပြီး ဆေးရုံကဆင်းခွင့်ရသူကတော့ ၂၉ဦးထိရှိနေခဲ့ပါပြီ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုလူနာတွေကို ဓာတ်ခွဲပြန်လည်စစ်ဆေးရာမှာဆိုရင် နှစ်ကြိမ်ဆက်တိုက် Negative ပြခဲ့ရင် ရောဂါပိုးကင်းစင်သူလို့သတ်မှတ်နိုင်တာလည်းဖြစ်ပါတယ်။ဒါကြောင့် ရောဂါပိုးပျောက်ကင်းသူက ၄၉ ဦး ရှိလာခဲ့ပြီး ဒီကြားထဲမှာသေဆုံးသွားသူကတော့ ၆ ဦး ရှိပါတယ်။

Credit Duwun

Leave a Comment