လူနာနံပါတ္ ၁၆၁ က ဒလၿမိဳ႕ က်ဴးေက်ာ္ရပ္ကြက္မွာ ေနထိုင္ေနသူျဖစ္

ေဆး႐ုံက ဆင္းလာၿပီးမွ Positive အေျဖ ထြက္လာခဲ့တာပါ။လူနာဟာ ေဆးစစ္ခ်က္ Negative အေျဖထြက္ခဲ့တာေၾကာင့္ ေဆး႐ုံကေန ဆင္းလာၿပီး ဒလရဲ႕ က်ဴးေက်ာ္ရပ္ကြက္က ေနအိမ္တစ္အိမ္မွာ ေနေနတယ္လို႔ သိရပါတယ္။ ထုတ္ျပန္ခ်က္ေၾကညာၿပီးကတည္းက အင္းစိန္ၿမိဳ႕နယ္ဌာနဆိုင္ရာတာဝန္ရွိသူေတြ လူနာနံပါတ္ ၁၆၁ ကို လိုက္လံရွာေဖြရာမွာေတာ့ ဒလၿမိဳ႕က က်ဴးေက်ာ္ရပ္ကြက္မွာ သြားေတြ႕ခဲ့ရတယ္လို႔ အင္းစိန္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသာေအာင္က ေျပာပါတယ္။ေမလ ၄ ရက္ေန႔ ည ၈ နာရီအခ်ိန္က က်န္းမာေရး ႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ပါဝင္တဲ့ စုံစမ္းစစ္ေဆးဆဲ အသက္ ၆၂ ႏွစ္အ႐ြယ္ လူနာနံပါတ္ ၁၆၁ ဟာ အင္းစိန္ၿမိဳ႕နယ္က မဟုတ္ဘဲ ဒလက်ဴးေက်ာ္ရပ္ကြက္က ပ်ံက် အလုပ္သမား တစ္ေယာက္ဆီမွာ ကပ္ေနေနရတဲ့ အဘိုးအိုတစ္ေယာက္ျဖစ္တယ္လို႔ သိရပါတယ္။ လူနာဟာ ေဆး႐ုံကေန အတည္ျပဳလူနာလို႔ မေၾကညာခင္ကတည္းက ဆင္းသြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

“ေက့စ္ နံပါတ္ ၁၆၁ က ကြၽန္ေတာ္တို႔ မနည္းရွာခဲ့ရတယ္၊ မေန႔က ည သန္းေခါင္ေက်ာ္မွ ရွာေတြ႕တယ္၊ အဲဒီလူက အင္းစိန္ကလူမဟုတ္ဘူး။ ဒလက ၊ သူနဲ႔ ထိေတြ႕ခဲ့သူက ဘယ္သူေတြဆိုတာ ဘယ္လိုမွ ရွာလို႔မရေသးဘူး၊ ေဆး႐ုံမွာ မရွိလို႔ ခက္ေနတာေပါ့၊ လူနာက ေဆး႐ုံမွာ မရွိဘဲ အျပင္ေရာက္ေနတယ္။ ဟိုး ဒလက က်ဴးေက်ာ္ရပ္ကြက္ က လူတစ္ေယာက္ ဆီမွာ ကပ္ေနတာ။ အိမ္ပိုင္ကို မရွိဘူး။” လို႔ အင္းစိန္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသာေအာင္က ေျပာပါတယ္။လူနာဟာ လြန္ခဲ့တဲ့ ႏွစ္ ၂၀ ေလာက္က အင္းစိန္မွာ ေနခဲ့သူျဖစ္တာေၾကာင့္ သံသယလူနာအျဖစ္ ေစာင့္ၾကည့္ခံရခ်ိန္မွာ အဲဒီလိပ္စာကို ေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

သူက ဒလဘက္က က်ဴးေက်ာ္ဘက္က ပ်ံက်အလုပ္သမားတစ္ေယာက္ရဲ႕ အိမ္မွာ ေနတဲ့သူဗ်၊ လြန္ခဲ့တဲ့ ႏွစ္ ၂၀ ေလာက္ကေတာ့ အင္းစိန္မွာ ေနခဲ့တာတဲ့၊ အဲဒီလိပ္စာကို သူက ေပးခဲ့တာ။ ဒလကေန သံသယလူနာအျဖစ္ ေတာင္ဥကၠလာ ေဆး႐ုံမွာ Quarantine ေနထိုင္ခ်ိန္ စစ္ေဆးတာေတာ့ Negative ျပတာပဲ ၊ ေနာက္ထပ္ ထပ္စစ္ေဆးလိုက္ေတာ့မွ Positive ျပတယ္လို႔ ေျပာတယ္။ အင္းစိန္ၿမိဳ႕က လူမဟုတ္ဘူးဆိုတာ ေသခ်ာတယ္။ ” လို႔ သူကဆက္ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ လူနာနံပါတ္ ၁၆၁ ကို ဘယ္လို ဆက္ေဆာင္႐ြက္ထားသလဲဆိုတာကိုေတာ့ အပိုင္ၿမိဳ႕နယ္က မဟုတ္တဲ့အတြက္ မသိဘူးလို႔ သူကေျပာပါတယ္။ လူနာနဲ႔ပတ္သက္ၿပီး ဒလၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ က်န္းမာေရးဦးစီးဌာနကို ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ဆက္သြယ္လို႔ မရခဲ့ပါဘူး။ လက္ရွိအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးေတြ႕ရွိသူ ၁၆၁ဦးရွိလာၿပီး ေသဆုံးသူ ၆ဦး ၊ ျပန္လည္ေကာင္းမြန္သူ ၄၉ ဦးနဲ႔ ေဆး႐ုံကေန ဆင္းခြင့္ရသူဟာ ၂၉ ဦးထိရွိလာၿပီ ျဖစ္ပါတယ္။

Credit Duwun

UNICODE

ဆေးရုံက ဆင်းလာပြီးမှ Positive အဖြေ ထွက်လာခဲ့တာပါ။လူနာဟာ ဆေးစစ်ချက် Negative အဖြေထွက်ခဲ့တာကြောင့် ဆေးရုံကနေ ဆင်းလာပြီး ဒလရဲ့ ကျူးကျော်ရပ်ကွက်က နေအိမ်တစ်အိမ်မှာ နေနေတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ကြေညာပြီးကတည်းက အင်းစိန်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတွေ လူနာနံပါတ် ၁၆၁ ကို လိုက်လံရှာဖွေရာမှာတော့ ဒလမြို့က ကျူးကျော်ရပ်ကွက်မှာ သွားတွေ့ခဲ့ရတယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က ပြောပါတယ်။မေလ ၄ ရက်နေ့ ည ၈ နာရီအချိန်က ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ စုံစမ်းစစ်ဆေးဆဲ အသက် ၆၂ နှစ်အရွယ် လူနာနံပါတ် ၁၆၁ ဟာ အင်းစိန်မြို့နယ်က မဟုတ်ဘဲ ဒလကျူးကျော်ရပ်ကွက်က ပျံကျ အလုပ်သမား တစ်ယောက်ဆီမှာ ကပ်နေနေရတဲ့ အဘိုးအိုတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ လူနာဟာ ဆေးရုံကနေ အတည်ပြုလူနာလို့ မကြေညာခင်ကတည်းက ဆင်းသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

“ကေ့စ် နံပါတ် ၁၆၁ က ကျွန်တော်တို့ မနည်းရှာခဲ့ရတယ်၊ မနေ့က ည သန်းခေါင်ကျော်မှ ရှာတွေ့တယ်၊ အဲဒီလူက အင်းစိန်ကလူမဟုတ်ဘူး။ ဒလက ၊ သူနဲ့ ထိတွေ့ခဲ့သူက ဘယ်သူတွေဆိုတာ ဘယ်လိုမှ ရှာလို့မရသေးဘူး၊ ဆေးရုံမှာ မရှိလို့ ခက်နေတာပေါ့၊ လူနာက ဆေးရုံမှာ မရှိဘဲ အပြင်ရောက်နေတယ်။ ဟိုး ဒလက ကျူးကျော်ရပ်ကွက် က လူတစ်ယောက် ဆီမှာ ကပ်နေတာ။ အိမ်ပိုင်ကို မရှိဘူး။” လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က ပြောပါတယ်။လူနာဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က အင်းစိန်မှာ နေခဲ့သူဖြစ်တာကြောင့် သံသယလူနာအဖြစ် စောင့်ကြည့်ခံရချိန်မှာ အဲဒီလိပ်စာကို ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူက ဒလဘက်က ကျူးကျော်ဘက်က ပျံကျအလုပ်သမားတစ်ယောက်ရဲ့ အိမ်မှာ နေတဲ့သူဗျ၊ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတော့ အင်းစိန်မှာ နေခဲ့တာတဲ့၊ အဲဒီလိပ်စာကို သူက ပေးခဲ့တာ။ ဒလကနေ သံသယလူနာအဖြစ် တောင်ဥက္ကလာ ဆေးရုံမှာ Quarantine နေထိုင်ချိန် စစ်ဆေးတာတော့ Negative ပြတာပဲ ၊ နောက်ထပ် ထပ်စစ်ဆေးလိုက်တော့မှ Positive ပြတယ်လို့ ပြောတယ်။ အင်းစိန်မြို့က လူမဟုတ်ဘူးဆိုတာ သေချာတယ်။ ” လို့ သူကဆက်ပြောပါတယ်။

လက်ရှိအချိန်မှာ လူနာနံပါတ် ၁၆၁ ကို ဘယ်လို ဆက်ဆောင်ရွက်ထားသလဲဆိုတာကိုတော့ အပိုင်မြို့နယ်က မဟုတ်တဲ့အတွက် မသိဘူးလို့ သူကပြောပါတယ်။ လူနာနဲ့ပတ်သက်ပြီး ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျန်းမာရေးဦးစီးဌာနကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ ၁၆၁ဦးရှိလာပြီး သေဆုံးသူ ၆ဦး ၊ ပြန်လည်ကောင်းမွန်သူ ၄၉ ဦးနဲ့ ဆေးရုံကနေ ဆင်းခွင့်ရသူဟာ ၂၉ ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Credit Duwun

Leave a Comment