ေစ်းဝယ္လႊတ္လုိက္တဲ့သားက ေစ်းမဝယ္ဘဲ မိန္းမခုိးလာလုိ႔၊ ေဒါသထြက္ ေပါက္ကြဲခဲ့ရတဲ့မိခင္

အိႏၵိယႏုိင္ငံ ေလာ့ေဒါင္းကာလအတြင္း မိခင္တစ္ဦးဟာ သားျဖစ္သူကို ေနအိမ္အတြက္ လုိအပ္တဲ့ပစၥယေတြဝယ္ယူလုိ႔ ေစလႊတ္ခဲ့ရာ၊ ေဒါသထြက္စရာ ႀကဳံခဲ့ရတယ္လုိ႔ ဆုိပါတယ္။ အဆုိပါ သားျဖစ္သူဟာ ေစ်းဝယ္လႊတ္လုိက္တာကို ေစ်းမဝယ္ဘဲ မိန္းမခုိးၿပီး အိမ္ျပန္လာခဲ့တာ ျဖစ္လုိ႔ပါ။ ဒီကိစၥဟာ တျခားသူေတြအတြက္ ရယ္စရာဆုိေပမယ့္ မိခင္ျဖစ္သူအတြက္ေတာ့ ေဒါသျဖစ္စရာပါ။က်ဥ္းထဲက်ပ္ထဲ ကာလႀကီးမွာ သားျဖစ္သူက မိန္းမယူဖုိ႔ စဥ္းစားအားတာကိုပဲ မိခင္က မခံခ်ိမခံသာ ျဖစ္ေနပုံရပါတယ္။ သားျဖစ္သူဟာ အိမ္ကို ျပန္ေရာက္လာခ်ိန္မွာ မိိခင္က ကတ္ကတ္လန္ေအာင္ ရန္ေတြ႕ခဲ့ၿပီး၊ သားျဖစ္သူနဲ႔ ေခၽြးမေလာင္းကေတာ့ ေခါင္းေလးေတြ ငုံ႔ကာ နာခံေနၾကပါတယ္။ ဒီအျဖစ္အပ်က္ဟာ Ghaziabad မွာ ျဖစ္ခဲ့တာပါ။

ANI သတင္းစာမွာေတာ့ အဲဒီအမ်ိဳးသားဟာ ဒီအမ်ိဳးသမီးကို ၿပီးခဲ့တဲ့ လအနည္းငယ္ကတည္းက လွ်ိဳ႕ဝွက္ လက္ထပ္ထားတာလုိ႔ ဆုိပါတယ္။ သူမကိုယ္တုိင္လည္း ေလာ့ေဒါင္းကာလမွာ အခက္အခဲျဖစ္ေနလုိ႔ အိမ္ကုိ ေခၚလာပုံရပါတယ္။ ဒါေပမယ့္ မိခင္ျဖစ္သူက သားနဲ႔ေခၽြးမကို အိမ္ထဲ အဝင္မခံဘဲ ဆူဆဲေနခဲ့တာပါ။ ဒီဗြီဒီယုိဟာ တြစ္တာတစ္ခြင္မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ေတာ္ေတာ္မ်ားမ်ားကေတာ့ သားျဖစ္သူရဲ႕လုပ္ရပ္ကို သေဘာက် ရယ္ေမာခဲ့ၾကၿပီး၊ ျပန္လည္မွ်ေဝသူ ေထာင္နဲ႔ခ်ီၿပီး ရွိခဲ့ပါတယ္။ မိခင္ျဖစ္သူကေတာ့ သားရဲ႕လုပ္ရပ္ကို မႏွစ္သက္တာနဲ႔ ရဲစခန္းကိုေတာင္ သြားေရာက္ အမႈဖြင့္ခဲ့ပါေသးသတဲ့။ ရဲဘက္က ဘာေတြ တုန္႔ျပန္ခဲ့တယ္ဆုိတာကိုေတာ့ မသိရပါဘူး။ သူမကို ANI သတင္းဌာနက ဆက္သြယ္ေမးျမန္စဥ္မွာ-

သူ႕ကို အိမ္အတြက္ လုိရမယ္ရ ပစၥည္းေလးေတြ ဝယ္ဖုိ႔ လႊတ္လုိက္တာပါ … ဒါေပမယ့္ အိမ္ျပန္ေရာက္လာေတာ့ မိန္းမကိုပါ ေခၚလာတယ္ … ေျပာရရင္ အခုအေျခအေနမွာ ကၽြန္မ ဒီလက္ထပ္ထိမ္းျမားမႈကို အသိအမွတ္ မျပဳႏုိင္ေသးဘူး … “လုိ႔ ငုိယုိၿပီး ေျပာပါတယ္။ သူမမွာ အားကိုးရတဲ့သားက မိန္းမယူေတာ့ ကူရာကယ္ရာ မဲ့သြားလုိ႔ ဝမ္းနည္းေနပုံပါ။အဲဒီအမ်ိဳးသားဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကတည္းက Hardwar မွာတည္ရွိတဲ့ Arya Samaj Mandir မွာ ဒီအမ်ိဳးသမီးနဲ႔ လက္ထပ္ခဲ့တာပါ။ မၾကာမီမွာ တရားဝင္လက္မွတ္ပုံတင္ႏုိင္မယ္လုိ႔ ယုံၾကည္ေနပါတယ္။ သတုိ႔သားနာမည္ကေတာ့ Guddu ျဖစ္ၿပီး၊ အသက္(၂၆)ႏွစ္ပါ။ သူ႕ရဲ႕သတုိ႔သမီးကေတာ့ ဘယ္အမ်ိဳးအႏြယ္ဆုိတာ မေျပာျပပါဘူး။ Guddu ကေတာ့ သူတုိ႔ကို မိခင္က လက္ခံလာမယ္လုိ႔ ယုံၾကည္ေနပါတယ္။ ဇနီးအမည္ကေတာ့ Savita လုိ႔ သိရပါတယ္။

Credit CeleCrazyNews
Ref IndiaTimes

UNICODE

အိန္ဒိယနိုင်ငံ လော့ဒေါင်းကာလအတွင်း မိခင်တစ်ဦးဟာ သားဖြစ်သူကို နေအိမ်အတွက် လိုအပ်တဲ့ပစ္စယတွေဝယ်ယူလို့ စေလွှတ်ခဲ့ရာ၊ ဒေါသထွက်စရာ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ သားဖြစ်သူဟာ ဈေးဝယ်လွှတ်လိုက်တာကို ဈေးမဝယ်ဘဲ မိန်းမခိုးပြီး အိမ်ပြန်လာခဲ့တာ ဖြစ်လို့ပါ။ ဒီကိစ္စဟာ တခြားသူတွေအတွက် ရယ်စရာဆိုပေမယ့် မိခင်ဖြစ်သူအတွက်တော့ ဒေါသဖြစ်စရာပါ။ကျဉ်းထဲကျပ်ထဲ ကာလကြီးမှာ သားဖြစ်သူက မိန်းမယူဖို့ စဉ်းစားအားတာကိုပဲ မိခင်က မခံချိမခံသာ ဖြစ်နေပုံရပါတယ်။ သားဖြစ်သူဟာ အိမ်ကို ပြန်ရောက်လာချိန်မှာ မိခင်က ကတ်ကတ်လန်အောင် ရန်တွေ့ခဲ့ပြီး၊ သားဖြစ်သူနဲ့ ချွေးမလောင်းကတော့ ခေါင်းလေးတွေ ငုံ့ကာ နာခံနေကြပါတယ်။ ဒီအဖြစ်အပျက်ဟာ Ghaziabad မှာ ဖြစ်ခဲ့တာပါ။

ANI သတင်းစာမှာတော့ အဲဒီအမျိုးသားဟာ ဒီအမျိုးသမီးကို ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက လျှို့ဝှက် လက်ထပ်ထားတာလို့ ဆိုပါတယ်။ သူမကိုယ်တိုင်လည်း လော့ဒေါင်းကာလမှာ အခက်အခဲဖြစ်နေလို့ အိမ်ကို ခေါ်လာပုံရပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူက သားနဲ့ချွေးမကို အိမ်ထဲ အဝင်မခံဘဲ ဆူဆဲနေခဲ့တာပါ။ ဒီဗွီဒီယိုဟာ တွစ်တာတစ်ခွင်မှာ ပျံ့နှံ့ခဲ့ပါတယ်။တော်တော်များများကတော့ သားဖြစ်သူရဲ့လုပ်ရပ်ကို သဘောကျ ရယ်မောခဲ့ကြပြီး၊ ပြန်လည်မျှဝေသူ ထောင်နဲ့ချီပြီး ရှိခဲ့ပါတယ်။ မိခင်ဖြစ်သူကတော့ သားရဲ့လုပ်ရပ်ကို မနှစ်သက်တာနဲ့ ရဲစခန်းကိုတောင် သွားရောက် အမှုဖွင့်ခဲ့ပါသေးသတဲ့။ ရဲဘက်က ဘာတွေ တုန့်ပြန်ခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။ သူမကို ANI သတင်းဌာနက ဆက်သွယ်မေးမြန်စဉ်မှာ-

သူ့ကို အိမ်အတွက် လိုရမယ်ရ ပစ္စည်းလေးတွေ ဝယ်ဖို့ လွှတ်လိုက်တာပါ … ဒါပေမယ့် အိမ်ပြန်ရောက်လာတော့ မိန်းမကိုပါ ခေါ်လာတယ် … ပြောရရင် အခုအခြေအနေမှာ ကျွန်မ ဒီလက်ထပ်ထိမ်းမြားမှုကို အသိအမှတ် မပြုနိုင်သေးဘူး … “လို့ ငိုယိုပြီး ပြောပါတယ်။ သူမမှာ အားကိုးရတဲ့သားက မိန်းမယူတော့ ကူရာကယ်ရာ မဲ့သွားလို့ ဝမ်းနည်းနေပုံပါ။အဲဒီအမျိုးသားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက Hardwar မှာတည်ရှိတဲ့ Arya Samaj Mandir မှာ ဒီအမျိုးသမီးနဲ့ လက်ထပ်ခဲ့တာပါ။ မကြာမီမှာ တရားဝင်လက်မှတ်ပုံတင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ သတို့သားနာမည်ကတော့ Guddu ဖြစ်ပြီး၊ အသက်(၂၆)နှစ်ပါ။ သူ့ရဲ့သတို့သမီးကတော့ ဘယ်အမျိုးအနွယ်ဆိုတာ မပြောပြပါဘူး။ Guddu ကတော့ သူတို့ကို မိခင်က လက်ခံလာမယ်လို့ ယုံကြည်နေပါတယ်။ ဇနီးအမည်ကတော့ Savita လို့ သိရပါတယ်။

Credit CeleCrazyNews
Ref IndiaTimes

Leave a Comment