Covid-19 ကာကြယ္ေဆးအတြက္ ရံပံုေငြ ေဒၚလာ ၈ ဘီလီယံေပးရန္ ကမာၻ႕ေခါင္းေဆာင္မ်ား ကတိျပဳ

COVID-19 ေရာဂါကာကြယ္ေဆးနဲ႔ ကုသေဆးေတြကို သုေတသနလုပ္ဖို႔နဲ႔ ထုတ္လုပ္ျဖန႔္ခ်ိဖို႔ ရံပုံေငြအျဖစ္ အေမရိကန္ေဒၚလာ ၈ ဘီလီယံေပးဖို႔ ကမာၻ႔ေခါင္းေဆာင္ေတြနဲ႔ အဖြဲ႕အစည္းေတြက ေမလ ၄ ရက္မွာ ကတိျပဳလိုက္ပါတယ္။
ဥေရာပသမဂၢနဲ႔ အဖြဲ႕ဝင္ႏိုင္ငံေတြအျပင္ ၿဗိတိန္၊ ေနာ္ေဝနဲ႔ ေဆာ္ဒီအာေရဗ်ႏိုင္ငံေတြက ဒီရန္ပုံေငြအတြက္ စီစဥ္ခဲ့တာျဖစ္ၿပီး ဂ်ပန္၊ ကေနဒါ၊ ေတာင္အာဖရိကနဲ႔ တျခား ဒါဇင္နဲ႔ခ်ီတဲ့ ႏိုင္ငံေတြက ေခါင္းေဆာင္ေတြကလည္း ဒီညီလာခံကို အြန္လိုင္းကေန ပူးေပါင္း ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ စတင္ရာလို႔ ယုံၾကည္ခံရတဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ဥေရာပသမဂၢဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးကိုသာ ကိုယ္စားျပဳ တက္ေရာက္ေစခဲ့ပါတယ္။

ကမာၻ႔ဘဏ္၊ ဘီလ္အန္ မယ္လင္ဒါ ဂိတ္စ္ ေဖာင္ေဒးရွင္းနဲ႔ ခ်မ္းသာတဲ့ သူႂကြယ္ႀကီးေတြရဲ႕ အားထုတ္မႈနဲ႔ ရံပုံေငြ ျမႇင့္တင္ဖို႔ အစိုးရေတြက ရည္မွန္းထားခဲ့တာပါ။COVID-19 ေရာဂါ ကာကြယ္ေဆး ကုသေဆးနဲ႔ ကုသနည္းေတြေဖာ္ထုတ္ဖို႔ နာရီအနည္းငယ္အတြင္း အေမရိကန္ေဒၚလာ ၈ ဘီလီယံလႉမယ့္ကတိကို ရခဲ့တယ္လို႔ ဥေရာပေကာ္မရွင္အႀကီးအကဲက အြန္လိုင္း ကတိျပဳညီလာခံမွာ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ အေမရိကန္ အစိုးရကေတာ့ ကမာၻလုံးဆိုင္ရာ အားထုတ္မႈမွာ ထည့္ဝင္ဖို႔ ျငင္းထားပါတယ္။ေဒၚလာ ၈ ဘီလီယံဟာ ကတိျပဳေမွ်ာ္လင့္ခ်က္ကို ျပည့္မီေပမယ့္ ကနဦး ကိန္းဂဏန္းသာျဖစ္ၿပီး အခ်ိန္နဲ႔အမွ် ေငြေတြ ပိုလိုလိမ့္မယ္လို႔လည္း ေျပာပါတယ္။ အလႉရွင္ေတြထဲမွာ ေပါ့ပ္အဆိုေတာ္ မက္ေဒါနားက ယူ႐ိုေငြ ၁ သန္းလႉမယ္လို႔ ကတိျပဳခဲ့ ေၾကာင္းလည္း သူက ေျပာပါတယ္။

COVID-19 ကပ္ေရာဂါကို ေရရွည္တိုက္ရမယ့္ပြဲမွာ တကမာၻလုံးအေနနဲ႔ စုစည္းညီၫြတ္ဖို႔ လိုတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ အႀကီးအကဲက ေမလ ၄ ရက္ေန႕မွာပဲ တိုက္တြန္းလိုက္ပါတယ္။ဗိုင္းရပ္စ္ဟာ လူေတြနဲ႔အတူ ကာလရွည္ရွိေနဦးမွာျဖစ္ၿပီး၊ သူ႔ကို အႏိုင္တိုက္ဖို႔၊ က်ေနာ္တို႔ အားလုံး အတူတကြ စည္းလုံးရမွာျဖစ္သလို၊ ရႏိုင္သမွ် ကိရိယာေတြကိုလည္း အတူတူ ေဝမွ်ရမယ္လို႔ WHO အႀကီးအကဲက ေျပာပါတယ္။WHO ဟာ ဒီသီတင္းပတ္ထဲမွာ ဗ်ဴဟာေျမာက္ ကာကြယ္ေရးနဲ႔ တုံ႔ျပန္ေရး အစီအစဥ္ေတြကို ဒီသီတင္းပတ္ထဲမွာ အသစ္ထပ္ ေၾကညာမိတ္ဆက္ဖို႔ ရွိေနပါတယ္။ ဒီအစီအစဥ္ဟာ ဗိုင္းရပ္စ္ တိုက္ဖ်က္ေရး ႏိုင္ငံတကာနဲ႔ ႏိုင္ငံလုံးဆိုင္ရာ စီမံကိန္းေတြကို ပံ့ပိုးဖို႔ လိုအပ္တဲ့ ရံပုံေငြေတြကိုလည္း အသစ္စီစဥ္ေပးမယ္လို႔ WHO အႀကီးအကဲက ေျပာပါတယ္။WHO ဟာ မၾကာမီက အေမရိကန္ေဆးသုေတသနကုမၸဏီ Gilead Sciences ရဲ႕ remdesivir ေဆးကိုလည္း COVID-19 လူနာေတြအတြက္ အလားအလာရွိတဲ့ေဆးျဖစ္တယ္လို႔ သတ္မွတ္ေၾကာင္း ႐ိုက္တာသတင္းက ေဖၚျပထားပါတယ္။

Credit DVB

UNICODE

COVID-19 ရောဂါကာကွယ်ဆေးနဲ့ ကုသဆေးတွေကို သုတေသနလုပ်ဖို့နဲ့ ထုတ်လုပ်ဖြန့်ချိဖို့ ရံပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၈ ဘီလီယံပေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေက မေလ ၄ ရက်မှာ ကတိပြုလိုက်ပါတယ်။ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအပြင် ဗြိတိန်၊ နော်ဝေနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေက ဒီရန်ပုံငွေအတွက် စီစဉ်ခဲ့တာဖြစ်ပြီး ဂျပန်၊ ကနေဒါ၊ တောင်အာဖရိကနဲ့ တခြား ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေကလည်း ဒီညီလာခံကို အွန်လိုင်းကနေ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် စတင်ရာလို့ ယုံကြည်ခံရတဲ့ တရုတ်နိုင်ငံကတော့ ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးကိုသာ ကိုယ်စားပြု တက်ရောက်စေခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်၊ ဘီလ်အန် မယ်လင်ဒါ ဂိတ်စ် ဖောင်ဒေးရှင်းနဲ့ ချမ်းသာတဲ့ သူကြွယ်ကြီးတွေရဲ့ အားထုတ်မှုနဲ့ ရံပုံငွေ မြှင့်တင်ဖို့ အစိုးရတွေက ရည်မှန်းထားခဲ့တာပါ။COVID-19 ရောဂါ ကာကွယ်ဆေး ကုသဆေးနဲ့ ကုသနည်းတွေဖော်ထုတ်ဖို့ နာရီအနည်းငယ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံလှူမယ့်ကတိကို ရခဲ့တယ်လို့ ဥရောပကော်မရှင်အကြီးအကဲက အွန်လိုင်း ကတိပြုညီလာခံမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် အစိုးရကတော့ ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုမှာ ထည့်ဝင်ဖို့ ငြင်းထားပါတယ်။ဒေါ်လာ ၈ ဘီလီယံဟာ ကတိပြုမျှော်လင့်ချက်ကို ပြည့်မီပေမယ့် ကနဦး ကိန်းဂဏန်းသာဖြစ်ပြီး အချိန်နဲ့အမျှ ငွေတွေ ပိုလိုလိမ့်မယ်လို့လည်း ပြောပါတယ်။ အလှူရှင်တွေထဲမှာ ပေါ့ပ်အဆိုတော် မက်ဒေါနားက ယူရိုငွေ ၁ သန်းလှူမယ်လို့ ကတိပြုခဲ့ ကြောင်းလည်း သူက ပြောပါတယ်။

COVID-19 ကပ်ရောဂါကို ရေရှည်တိုက်ရမယ့်ပွဲမှာ တကမ္ဘာလုံးအနေနဲ့ စုစည်းညီညွတ်ဖို့ လိုတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကြီးအကဲက မေလ ၄ ရက်နေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။ဗိုင်းရပ်စ်ဟာ လူတွေနဲ့အတူ ကာလရှည်ရှိနေဦးမှာဖြစ်ပြီး၊ သူ့ကို အနိုင်တိုက်ဖို့၊ ကျနော်တို့ အားလုံး အတူတကွ စည်းလုံးရမှာဖြစ်သလို၊ ရနိုင်သမျှ ကိရိယာတွေကိုလည်း အတူတူ ဝေမျှရမယ်လို့ WHO အကြီးအကဲက ပြောပါတယ်။WHO ဟာ ဒီသီတင်းပတ်ထဲမှာ ဗျူဟာမြောက် ကာကွယ်ရေးနဲ့ တုံ့ပြန်ရေး အစီအစဉ်တွေကို ဒီသီတင်းပတ်ထဲမှာ အသစ်ထပ် ကြေညာမိတ်ဆက်ဖို့ ရှိနေပါတယ်။ ဒီအစီအစဉ်ဟာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး နိုင်ငံတကာနဲ့ နိုင်ငံလုံးဆိုင်ရာ စီမံကိန်းတွေကို ပံ့ပိုးဖို့ လိုအပ်တဲ့ ရံပုံငွေတွေကိုလည်း အသစ်စီစဉ်ပေးမယ်လို့ WHO အကြီးအကဲက ပြောပါတယ်။WHO ဟာ မကြာမီက အမေရိကန်ဆေးသုတေသနကုမ္ပဏီ Gilead Sciences ရဲ့ remdesivir ဆေးကိုလည်း COVID-19 လူနာတွေအတွက် အလားအလာရှိတဲ့ဆေးဖြစ်တယ်လို့ သတ်မှတ်ကြောင်း ရိုက်တာသတင်းက ဖေါ်ပြထားပါတယ်။

Credit DVB

Leave a Comment