မိခင္အတြက္ ရည္႐ြယ္ၿပီး သာသနာ့ေဘာင္ထဲဝင္မယ့္ ဘုန္းလွ်ံ

အေမ့ရဲ႕ ေနာက္ဆုံးခရီးကို လိုက္မပို႔ရတာ ေနာင္တရတယ္။ဘုန္းလွ်ံကေတာ့ ေမလ(၆) ရက္ေန႔မွာ ဘုန္းႀကီးဝတ္မယ္လို႔ ေျပာပါတယ္။ သ႐ုပ္ေဆာင္ ဘုန္းလွ်ံကေတာ့ ကြယ္လြန္သြားၿပီျဖစ္တဲ့ မိခင္အတြက္ ရည္စူးၿပီး သာသနာ့ေဘာင္ထဲဝင္မယ္လို႔ ဆိုပါတယ္။ မိခင္ရဲ႕ ေနာက္ဆုံးခရီးကို လိုက္မပို႔ရတဲ့အတြက္လည္း ေနာင္တရတယ္လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။အေမ့အတြက္ ခံစားခ်က္ကေတာ့ ေျပာမျပတတ္ေလာက္ေအာင္ပါပဲ။ အေမဆိုတာ အစားထိုးလို႔မရဘူးေလ။ လူ႔ဘဝရယ္လို႔ ျဖစ္လာရင္ ဆုံးတာက ဆုံးၾကမွာပါပဲ။ တစ္ေန႔ေတာ့ ဒီလမ္းကို လူတိုင္း သြားၾကရမွာပါပဲ။ ကိုယ့္အေမအရင္းတစ္ေယာက္ ေသသြားတာေတာင္ ကိုယ္ကိုယ္တိုင္ အသုဘကို လိုက္မပို႔လိုက္ရတဲ့ အေနအထားက အရမ္းကို ဆုံးရႈံးရပါတယ္။ ဒါကလည္း ေနာင္တရေစေလာက္တဲ့ အေၾကာင္းတစ္ခုပါ။ ကြၽန္ေတာ္ ဘုန္းႀကီးဝတ္မယ့္ အခ်ိန္မွာ အေမ့ကို ရွိေစခ်င္တယ္။ အခုက အေဖရွိတယ္။ ဒါေပမယ့္ အေဖေရာ၊ အေမေရာကို ရွိေစခ်င္ပါတယ္” လို႔ သူကဆိုပါတယ္။

ဘုန္းလွ်ံဟာ ေထာင္ကထြက္လာၿပီးခ်ိန္မွာ ပထမဆုံးအေနနဲ႔ ဘုန္းႀကီးဝတ္မွာျဖစ္ပါတယ္။ မိခင္ျဖစ္သူကိုလည္း ဒီ ကုသိုလ္ကို ေဝမွ်ခ်င္တယ္လို႔လည္း သူက ေျပာပါတယ္။ ကြၽန္ေတာ္ ေမလ (၆) ရက္ေန႔က်ရင္ တာေမြၿမိဳ႕နယ္မွာရွိတဲ့ အလိုေတာ္ျပည့္ ဘုန္းႀကီးေက်ာင္းမွာ ဘုန္းႀကီးဝတ္မယ္။ အေမ့အတြက္လည္း ကုသိုလ္အမွ် ေပးခ်င္တဲ့ဆႏၵရွိတယ္။ ေကာင္းတဲ့ အရာကို လုပ္တာျဖစ္တဲ့အတြက္ ဘာစိတ္ကူးမွ မလိုပါဘူး။ ဘုန္းႀကီးဝတ္တာကေတာ့ (၁၁) ရက္ၾကာပါမယ္။ ပီတိကေတာ့ ေျပာမျပတတ္ေအာင္ ဝမ္းသာမိတာေတာ့ အမွန္ပါပဲ။ ဘုန္းႀကီးဝတ္တဲ့အခ်ိန္မွာလည္း ကြၽန္ေတာ့္ အေဒၚေတြက သကၤန္းပရိကၡရာေတြ လႉေပးတယ္။ ကြၽန္ေတာ့္ သူငယ္ခ်င္းေတြကလည္း ဆြမ္းေတြ ေကြၽးေပးတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။

ဘုန္းလွ်ံဟာ မူးယစ္ေဆးဝါးမႈနဲ႔ ေထာင္ဒဏ္ (၁၂) ႏွစ္က်ခံရမွာ ျဖစ္ေပမယ့္ အျပစ္ဒဏ္(၇)ႏွစ္ ေပးဆပ္ၿပီးေနာက္ ၂၀၂၀ခုႏွစ္၊ႏွစ္ဆန္းတစ္ရက္ ေန႔မွာ ႏိုင္ငံေတာ္ရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္လာခဲ့တာ ျဖစ္ပါတယ္။ ေထာင္ထဲမွာ ႏွစ္အၾကာႀကီးေနခဲ့ရတဲ့ သူအတြက္ ဘဝသင္ခန္းစာေတြ အမ်ားႀကီးရခဲ့သလို အေတြ႕အႀကဳံေတြလည္းအမ်ားႀကီးရခဲ့တယ္လို႔ သူက ဆိုပါတယ္။ ဘုန္းလွ်ံကိုေတာ့ ဗီဒီယိုဇာတ္ကားမ်ားစြာထဲမွာ ဒုတိယမင္းသားတစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။

Credit CeleYatKwat

UNICODE

အမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ရတာ နောင်တရတယ်။ဘုန်းလျှံကတော့ မေလ(၆) ရက်နေ့မှာ ဘုန်းကြီးဝတ်မယ်လို့ ပြောပါတယ်။ သရုပ်ဆောင် ဘုန်းလျှံကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်အတွက် ရည်စူးပြီး သာသနာ့ဘောင်ထဲဝင်မယ်လို့ ဆိုပါတယ်။ မိခင်ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ရတဲ့အတွက်လည်း နောင်တရတယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။အမေ့အတွက် ခံစားချက်ကတော့ ပြောမပြတတ်လောက်အောင်ပါပဲ။ အမေဆိုတာ အစားထိုးလို့မရဘူးလေ။ လူ့ဘဝရယ်လို့ ဖြစ်လာရင် ဆုံးတာက ဆုံးကြမှာပါပဲ။ တစ်နေ့တော့ ဒီလမ်းကို လူတိုင်း သွားကြရမှာပါပဲ။ ကိုယ့်အမေအရင်းတစ်ယောက် သေသွားတာတောင် ကိုယ်ကိုယ်တိုင် အသုဘကို လိုက်မပို့လိုက်ရတဲ့ အနေအထားက အရမ်းကို ဆုံးရှုံးရပါတယ်။ ဒါကလည်း နောင်တရစေလောက်တဲ့ အကြောင်းတစ်ခုပါ။ ကျွန်တော် ဘုန်းကြီးဝတ်မယ့် အချိန်မှာ အမေ့ကို ရှိစေချင်တယ်။ အခုက အဖေရှိတယ်။ ဒါပေမယ့် အဖေရော၊ အမေရောကို ရှိစေချင်ပါတယ်” လို့ သူကဆိုပါတယ်။

ဘုန်းလျှံဟာ ထောင်ကထွက်လာပြီးချိန်မှာ ပထမဆုံးအနေနဲ့ ဘုန်းကြီးဝတ်မှာဖြစ်ပါတယ်။ မိခင်ဖြစ်သူကိုလည်း ဒီ ကုသိုလ်ကို ဝေမျှချင်တယ်လို့လည်း သူက ပြောပါတယ်။ ကျွန်တော် မေလ (၆) ရက်နေ့ကျရင် တာမွေမြို့နယ်မှာရှိတဲ့ အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးဝတ်မယ်။ အမေ့အတွက်လည်း ကုသိုလ်အမျှ ပေးချင်တဲ့ဆန္ဒရှိတယ်။ ကောင်းတဲ့ အရာကို လုပ်တာဖြစ်တဲ့အတွက် ဘာစိတ်ကူးမှ မလိုပါဘူး။ ဘုန်းကြီးဝတ်တာကတော့ (၁၁) ရက်ကြာပါမယ်။ ပီတိကတော့ ပြောမပြတတ်အောင် ဝမ်းသာမိတာတော့ အမှန်ပါပဲ။ ဘုန်းကြီးဝတ်တဲ့အချိန်မှာလည်း ကျွန်တော့် အဒေါ်တွေက သင်္ကန်းပရိက္ခရာတွေ လှူပေးတယ်။ ကျွန်တော့် သူငယ်ချင်းတွေကလည်း ဆွမ်းတွေ ကျွေးပေးတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။

ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇)နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

Credit CeleYatKwat

Leave a Comment