ျပန္ဖြင့္လာသည့္ အိႏၵိယအရက္ဆိုင္မ်ားတြင္ အရက္သမားမ်ား မနက္အေစာႀကီးထၿပီး တန္းစီဝယ္ယူေန

မတ္လ ၂၄ရက္ေန႔ကက ပထမဆုံးအႀကိမ္ ျပန္ဖြင့္ၿပီးေနာက္ နာရီပိုင္းအၾကာမွာပဲ အိႏၵိယၿမိဳ႕ေတာ္ ေဒလီက ရဲတပ္ဖြဲ႕က ၿမိဳ႕ရဲ႕ ေနရာအေတာ္မ်ားမ်ားက အရက္စတိုးဆိုင္ေတြကို ပိတ္ပစ္ခဲ့ပါတယ္။ အိႏၵိယက စည္းကမ္းခ်က္အသစ္ေတြ ထုတ္ျပန္လိုက္ရာမွာ တနလၤာေန႔က စတင္အသက္ဝင္လာခဲ့ၿပီး သီးျခားဆိုင္တခ်ိဳ႕နဲ႔ ႐ုံးတခ်ိဳ႕ကို ျပန္ဖြင့္ခြင့္ျပဳခဲ့ပါတယ္။အရက္အခြန္ဟာ အဓိကက်တဲ့ ဝင္ေငြအရင္းျမစ္ျဖစ္တာမို႔ ျပည္နယ္အေတာ္မ်ားမ်ားက အရက္ဆိုင္ေတြ ျပန္ဖြင့္ခြင့္ျပဳဖို႔ တြန္းအားေပးေနခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အရက္စတိုးဆိုင္ေတြေရွ႕မွာ ေႁမြလိမ္ေႁမြေကာက္သဖြယ္ တန္းစီတိုးေဝွ႔ေနတဲ့ လူအုပ္ႀကီးေတြပုံက အင္တာနက္ေပၚ တက္လာပါတယ္

ဒါေတာင္ အရက္ဝယ္သူေတြကို တစ္ေယာက္နဲ႔တစ္ေယာက္ ၆ေပအကြာ တန္းစီၿပီး ဆိုင္အတြင္းကိုလည္း တစ္ႀကိမ္မွာ ၅ေယာက္ပဲ ဝင္ဖို႔ ကန႔္သတ္ထားတာပဲ ျဖစ္ပါတယ္။ ေဒလီဟာ အရက္စတိုးဆိုင္ေတြ ျပန္ဖြင့္ခြင့္ေပးတဲ့ ျပည္နယ္သုံးေလးခုထဲမွာ ပါဝင္ေပမယ့္လည္း ႏိုင္ငံရဲ႕ အျခားေနရာေတြကပါ အလားတူျမင္ကြင္းေတြကို သတင္းပို႔လာၾကတယ္လို႔ ဆိုပါတယ္။ေတာင္ပိုင္း ကာနာတာကာျပည္နယ္မွာေတာ့ မနက္အေစာႀကီးက ထၿပီး အရက္ဆိုင္ေတြမွာ တန္းစီေနၾကတယ္လို႔ ဆိုပါတယ္။ အေစာပိုင္းကပဲ ေဒလီဝန္ႀကီးခ်ဳပ္ အာဝင္ ကတ္ရီဝါက အခုအခ်ိန္ဟာ ၿမိဳ႕ေတာ္မွာ တင္းက်ပ္ကန႔္သတ္မႈေတြ ေျဖေလ်ာ့ေပးရမယ့္အခ်ိန္ျဖစ္ေၾကာင္းနဲ႔ ၿမိဳ႕ႀကီးဟာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ေနထိုင္တတ္လာရေတာ့မယ့္အခ်ိန္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ပိတ္သိမ္းမႈေတြေၾကာင့္ စီးပြားေရး သိသိသာသာ ဆုတ္ယုတ္သြားတာေၾကာင့္လည္း တင္းက်ပ္မႈေတြကို တစ္စိတ္တစ္ပိုင္း ေျဖေလ်ာ့ေပးဖို႔ ဖိအားေတြ ပိုလာရတယ္လို႔ ဆိုပါတယ္။ တကယ္တမ္း ခပ္ခြာခြာေနၾကဖို႔က အခုအခ်ိန္အထိ အခက္အခဲရွိေနေသးတယ္လို႔ ဆိုပါတယ္။

Credit XYZ News
Source : BBC

UNICODE

မတ်လ ၂၄ရက်နေ့ကက ပထမဆုံးအကြိမ် ပြန်ဖွင့်ပြီးနောက် နာရီပိုင်းအကြာမှာပဲ အိန္ဒိယမြို့တော် ဒေလီက ရဲတပ်ဖွဲ့က မြို့ရဲ့ နေရာအတော်များများက အရက်စတိုးဆိုင်တွေကို ပိတ်ပစ်ခဲ့ပါတယ်။ အိန္ဒိယက စည်းကမ်းချက်အသစ်တွေ ထုတ်ပြန်လိုက်ရာမှာ တနင်္လာနေ့က စတင်အသက်ဝင်လာခဲ့ပြီး သီးခြားဆိုင်တချို့နဲ့ ရုံးတချို့ကို ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။အရက်အခွန်ဟာ အဓိကကျတဲ့ ဝင်ငွေအရင်းမြစ်ဖြစ်တာမို့ ပြည်နယ်အတော်များများက အရက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပြုဖို့ တွန်းအားပေးနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရက်စတိုးဆိုင်တွေရှေ့မှာ မြွေလိမ်မြွေကောက်သဖွယ် တန်းစီတိုးဝှေ့နေတဲ့ လူအုပ်ကြီးတွေပုံက အင်တာနက်ပေါ် တက်လာပါတယ်

ဒါတောင် အရက်ဝယ်သူတွေကို တစ်ယောက်နဲ့တစ်ယောက် ၆ပေအကွာ တန်းစီပြီး ဆိုင်အတွင်းကိုလည်း တစ်ကြိမ်မှာ ၅ယောက်ပဲ ဝင်ဖို့ ကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။ ဒေလီဟာ အရက်စတိုးဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးတဲ့ ပြည်နယ်သုံးလေးခုထဲမှာ ပါဝင်ပေမယ့်လည်း နိုင်ငံရဲ့ အခြားနေရာတွေကပါ အလားတူမြင်ကွင်းတွေကို သတင်းပို့လာကြတယ်လို့ ဆိုပါတယ်။တောင်ပိုင်း ကာနာတာကာပြည်နယ်မှာတော့ မနက်အစောကြီးက ထပြီး အရက်ဆိုင်တွေမှာ တန်းစီနေကြတယ်လို့ ဆိုပါတယ်။ အစောပိုင်းကပဲ ဒေလီဝန်ကြီးချုပ် အာဝင် ကတ်ရီဝါက အခုအချိန်ဟာ မြို့တော်မှာ တင်းကျပ်ကန့်သတ်မှုတွေ ဖြေလျော့ပေးရမယ့်အချိန်ဖြစ်ကြောင်းနဲ့ မြို့ကြီးဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ နေထိုင်တတ်လာရတော့မယ့်အချိန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပိတ်သိမ်းမှုတွေကြောင့် စီးပွားရေး သိသိသာသာ ဆုတ်ယုတ်သွားတာကြောင့်လည်း တင်းကျပ်မှုတွေကို တစ်စိတ်တစ်ပိုင်း ဖြေလျော့ပေးဖို့ ဖိအားတွေ ပိုလာရတယ်လို့ ဆိုပါတယ်။ တကယ်တမ်း ခပ်ခွာခွာနေကြဖို့က အခုအချိန်အထိ အခက်အခဲရှိနေသေးတယ်လို့ ဆိုပါတယ်။

Credit XYZ News
Source : BBC

Leave a Comment