“ေဝဘာဂီေဆးရံုအတြက္ အလွဴေငြ (၁၀၂၀၀၀၀)တိတိကို လွဴဒါန္းခဲ့တဲ့ ေမတၱာအသၤေခ်အနုပညာရွင္ ပရဟိတအဖြဲ႕”

က်ရာဇာတ္ရုပ္တိုင္းကို ပီျပင္ေအာင္ သရုပ္ေဆာင္နုိင္တဲ့ သရုပ္ေဆာင္ ပြင့္နဒီေမာင္ကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္ ။ ပြင့္နဒီေမာင္ဟာ ပရိသတ္ေတြရဲ႕ အခ်စ္နဲ႕ အားေပးမႈေတြကို ရရွိပုိင္ဆိုင္ထားၿပီး အနုပညာအလုပ္ေတြကို လုပ္ကိုင္ရင္း ရရွိတဲ့ အနုပညာေၾကးေငြေတြကို အနုပညာရွင္နဲ႕ ဖြဲ႕စည္းထားတဲ့ ေမတၱာအသၤေခ် ပရဟိတအဖြဲ႕ကေန လွဴဒါန္းမႈေတြကို လုပ္ေဆာင္ေနတာပဲျဖစ္ပါတယ္.။

လက္ရွိမွာ အနုပညာအလုပ္ေတြကို နားထားရတဲ့ အခ်ိန္ေလးမွာ တစ္ဖက္တစ္လမ္းအေနနဲ႕ သူငယ္ခ်င္းျဖစ္သူ ထူးျခားနဲ႕ ေပါင္းကာ ဝက္နံရိုးအခ်ိဳေပါင္း ကို Online ကေန ေရာင္းခ်ေနတာပဲျဖစ္ပါတယ္.။ ဒီေန႕ ေမလ (၄)ရက္ေန႕မွာေတာ့ ပြင့္နဒီေမာင္က သူမတို႕ အနုပညာရွင္ေတြနဲ႕ ပါဝင္ဖြဲ႕စည္းထားတဲ့ ေမတၱာအသၤေခ် ပရဟိတအဖြဲ႕အစည္းကေန ေဝဘာဂီေဆးရံုကို လွဴဒါန္းခဲ့တဲ့ အလွဴေလးအေၾကာင္းကို “အေၾကာက္တရားမ်ားၾကားထဲက သဒၵါတရားလို႔ ေခါင္းစဥ္တပ္မယ္ေနာ္ …။ လစဥ္လတိုင္း အလွဴေလးျဖစ္တဲ့ ပိုးအိတို႕ရဲ႕ ေမတၱာအသၤေခ် ေမာင္ႏွမေတြေပါင္းစည္းထားတဲ့ (၇) ရက္သားသမီး အလွဴေငြကို ေဝဘာဂီေဆး႐ုံမွာ ေငြသား ကိုးသိန္းႏွစ္ေသာင္း (၉၂၀၀၀၀)၊ mask အတြက္ တစ္သိန္း (၁၀၀၀၀၀) စုစုေပါင္းအလွဴေငြ ဆယ္သိန္းႏွစ္ေသာင္း (၁၀၂၀၀၀၀) တိတိကို ေဝဘာဂီေဆး႐ုံအတြက္ ေဆး႐ုံအုပ္ႀကီးကို လိုအပ္တဲ့ေနရာမွာ သုံးရေအာင္ လွဴဒါန္းခဲ့ပါတယ္ . ။

ဒီလ မဲေပါက္တဲ့သူကေတာ့ Designers Yin Thu Swe ေဝဘာဂီ ကို လွဴဖို႔ဆုံးျဖတ္တာ သူေပါ့ .။ ေနာက္ထပ္ ႏွစ္ေပါင္းမ်ားစြာတိုင္ လစဥ္လတိုင္း ကုသိုလ္ျပဳရင္း ေပ်ာ္ေပ်ာ္႐ြင္႐ႊငိ အတူတူေလ်ာက္လွမ္းၾကပါစို႔.။ နတ္လူသာဓုေခၚေစေသာ္” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။ ပြင့္နဒီေမာင္ကေတာ့ သူမတို႕ပရဟိတအဖြဲ႕ေလးရဲ႕ မြန္ျမတ္တဲ့ အလွဴေလးကို ပရိသတ္ေတြလည္း သာဓုေခၚဆိုနို္င္ေအာင္ မွ်ေဝလာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး.။ ပရိသတ္ႀကီးလည္း ပြင့္နဒီေမာင္တို႕ရဲ႕ ေမတၱာအသၤေခ် ပရဟိတအဖြဲ႕ေလးရဲ႕ အလွဴအတြက္ သာဓုေခၚဆိုသြားၾကပါဦးေနာ္.။

Source: Pwint Nadi Maung’s Facebook
Credit Cele Connections

UNICODE

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် ပွင့်နဒီမောင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော် ။ ပွင့်နဒီမောင်ဟာ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ရရှိတဲ့ အနုပညာကြေးငွေတွေကို အနုပညာရှင်နဲ့ ဖွဲ့စည်းထားတဲ့ မေတ္တာအင်္သချေ ပရဟိတအဖွဲ့ကနေ လှူဒါန်းမှုတွေကို လုပ်ဆောင်နေတာပဲဖြစ်ပါတယ်.။

လက်ရှိမှာ အနုပညာအလုပ်တွေကို နားထားရတဲ့ အချိန်လေးမှာ တစ်ဖက်တစ်လမ်းအနေနဲ့ သူငယ်ချင်းဖြစ်သူ ထူးခြားနဲ့ ပေါင်းကာ ဝက်နံရိုးအချိုပေါင်း ကို Online ကနေ ရောင်းချနေတာပဲဖြစ်ပါတယ်.။ ဒီနေ့ မေလ (၄)ရက်နေ့မှာတော့ ပွင့်နဒီမောင်က သူမတို့ အနုပညာရှင်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ မေတ္တာအင်္သချေ ပရဟိတအဖွဲ့အစည်းကနေ ဝေဘာဂီဆေးရုံကို လှူဒါန်းခဲ့တဲ့ အလှူလေးအကြောင်းကို “အကြောက်တရားများကြားထဲက သဒ္ဒါတရားလို့ ခေါင်းစဉ်တပ်မယ်နော် …။ လစဉ်လတိုင်း အလှူလေးဖြစ်တဲ့ ပိုးအိတို့ရဲ့ မေတ္တာအင်္သချေ မောင်နှမတွေပေါင်းစည်းထားတဲ့ (၇) ရက်သားသမီး အလှူငွေကို ဝေဘာဂီဆေးရုံမှာ ငွေသား ကိုးသိန်းနှစ်သောင်း (၉၂၀၀၀၀)၊ mask အတွက် တစ်သိန်း (၁၀၀၀၀၀) စုစုပေါင်းအလှူငွေ ဆယ်သိန်းနှစ်သောင်း (၁၀၂၀၀၀၀) တိတိကို ဝေဘာဂီဆေးရုံအတွက် ဆေးရုံအုပ်ကြီးကို လိုအပ်တဲ့နေရာမှာ သုံးရအောင် လှူဒါန်းခဲ့ပါတယ် . ။

ဒီလ မဲပေါက်တဲ့သူကတော့ Designers Yin Thu Swe ဝေဘာဂီ ကို လှူဖို့ဆုံးဖြတ်တာ သူပေါ့ .။ နောက်ထပ် နှစ်ပေါင်းများစွာတိုင် လစဉ်လတိုင်း ကုသိုလ်ပြုရင်း ပျော်ပျော်ရွင်ရွှငိ အတူတူလျောက်လှမ်းကြပါစို့.။ နတ်လူသာဓုခေါ်စေသော်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ပွင့်နဒီမောင်ကတော့ သူမတို့ပရဟိတအဖွဲ့လေးရဲ့ မွန်မြတ်တဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်အောင် မျှဝေလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ပွင့်နဒီမောင်တို့ရဲ့ မေတ္တာအင်္သချေ ပရဟိတအဖွဲ့လေးရဲ့ အလှူအတွက် သာဓုခေါ်ဆိုသွားကြပါဦးနော်.။

Source: Pwint Nadi Maung’s Facebook
Credit Cele Connections

Leave a Comment