ဗိုင္းရပ္စ္နဲ႕အတူ ယွဥ္တြဲေနထိုင္ေရး ကမာၻတစ္ဝန္း က်င္းသံုးေနတဲ့ ဗ်ဴဟာ (၃) မ်ဳိး

ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈကို ဟန႔္တားႏိုင္တဲ့ ေဆးေပၚဖို႔ လေပါင္း အတန္ၾကာ ေစာင့္ရပါဦးမယ္။ ဒီၾကားထဲ အလုံးစုံ ပိတ္ထားဖို႔ မျဖစ္ႏိုင္တဲ့အတြက္ လူေတြနဲ႔ ဗိုင္းရပ္စ္ အတူ ယွဥ္တြဲ ေနထိုင္တာကလြဲလို႔ တျခား ေ႐ြးစရာလမ္း မရွိပါဘူး။ ဒါကို ပုံမွန္ အေျခအေနသစ္ (new normal) လို႔ ေျပာလာၾကပါတယ္။ ပုံမွန္ အေျခအေနသစ္ဟာ လေပါင္း အတန္ၾကာ၊ သို႔မဟုတ္ ႏွစ္ေပါက္ ႏိုင္ပါတယ္။

“ဗ်ဴဟာ (၃) မ်ိဳး”

ကို႐ိုနာ ဗိုင္းရပ္စ္ကို ရင္ဆိုင္ရာမွာ နိင္ငံေတြက တုံ႔ျပန္ပုံ သုံးမ်ိဳးေတြ႕ရပါတယ္။

၁။ ဗိုင္းရပ္စ္ကို လုံးဝ အျမစ္ျပတ္ပေပ်ာက္သြားေအာင္ ႏွိမ္နင္းတဲ့နည္း၊

၂။ ကိုယ္ခံအား စနစ္နဲ႔ ျပန္လည္ ခုခံဖို႔ ႀကိဳးစားတဲ့ နည္းလမ္းနဲ႔

၃။ ကာကြယ္ေဆး သို႔မဟုတ္ ကုသေဆး မေပၚခင္အထိ ကူးစက္မႈကို ထိန္းထားမယ့္ နည္းလမ္း တို႔ ျဖစ္ပါတယ္။

ရည္မွန္းခ်က္ ႀကီးလြန္းတဲ့ ပထမ နည္းလမ္းကို ေ႐ြးခ်ယ္တာက နယူးဇီလန္ျဖစ္ပါတယ္။ ေလးပတ္ၾကာတဲ့ lockdown အမိန႔္ကို ထုတ္ျပန္ခဲ့ၿပီးတဲ့ေနာက္မွာ ရည္မွန္းခ်က္ ျပည့္ေျမာက္ခဲ့ၿပီလို႔ နယူးဇီလန္ အစိုးရက ေၾကညာခဲ့ပါတယ္။ တစ္ႏိုင္ငံလုံးကို ခ်က္ခ်င္း ျပန္မဖြင့္ႏိုင္ေပမယ့္ တိုင္းျပည္ စီးပြားေရးရဲ႕ေလးပုံ သုံးပုံ ျပန္လည္ လည္ပတ္ႏိုင္ပါတယ္။ နယူးဇီလံကို အားက်တာက ၾသစေၾတးလ် ျဖစ္ပါတယ္။ ဒီနည္းလမ္းက နယူးဇီလန္ လို ကြၽန္းနိင္ငံေလး အတြက္ေတာ့ ျဖစ္ႏိုင္ေပမယ့္ ပိုၿပီး က်ယ္ဝန္းၿပီး လူဦးေရ မ်ားတဲ့ ၾသစေၾတးလ်လို ႏိုင္ငံေတြအတြက္ေတာ့ မလြယ္ကူပါဘူး။တခ်ိဳ႕ ႏိုင္ငံေတြကေတာ့ ကိုယ္ခံအား စနစ္နဲ႔ ျပန္လည္ခုခံတဲ့ နည္းလမ္းကို သိသိသာသာ (တခ်ိဳ႕လည္း မသိမသာ) ေ႐ြးခ်ယ္ၾကပါတယ္။ သေဘာကေတာ့ လူဦးေရရဲ႕ ရာခိုင္ႏႈန္း အေတာ္မ်ားမ်ားကို ဗိုင္းရပ္စ္ ကူးစက္ခံၿပီး၊ ျပန္လည္ ေနေကာင္းလာၾကမယ္ဆိုရင္ ကိုယ္တြင္း ခုခံအား အဆင့္တခု တက္လာၿပီး ေရာဂါဟာ ေတာမီးလို အရွိန္နဲ႔ ကူးစက္စရာ မရွိေတာ့ဘူးလို႔ ယူဆၾကပါတယ္။

ဆြီဒင္က ဒီနည္းလမ္းကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ ဂ်ပန္ကလည္း ဒီနည္းလမ္းကို ေ႐ြးခ်ယ္တဲ့ သေဘာမ်ိဳးပဲ ရွိပါတယ္။ ဘရာဇီး၊ အိႏၵိယ၊ အာဖရိက၊ အာရွ၊ အေရွ႕အလယ္ပိုင္း၊ လက္တင္ အေမရိကန္ကတို႔ကလည္း ဒီလမ္းေၾကာင္းကို ေ႐ြးၾကပါတယ္။ ဒီဗ်ဴဟာအတိုင္း သြားမယ္ဆိုရင္ ဗိုင္းရပ္စ္ရဲ ့ ကူးစက္နိင္စြမ္း (R0) ၂ဒသမ၅ နဲ႔ တြက္ရင္ ဒီႏိုင္ငံေတြမွာ လူဦးေရရဲ႕ ၆၀ ရာခိုင္ႏႈန္းကို ေရာဂါ ကူးစက္ၿပီးမွ ေအာင္ျမင္ပါလိမ့္မယ္။ အကယ္၍ ကူးစက္ႏိုင္စြမ္းက ၂ဒသမ၅ ထက္ ပိုျမင့္မားရင္ ေရာဂါကူးစက္ဖို႔ လိုအပ္တဲ့ လူဦးေရက ၆၀ ရာခိုင္ႏႈန္းထက္ ပိုလာပါလိမ့္မယ္။ ဒီနည္းလမ္းနဲ႔ ေအာင္ျမင္မလား အကဲျဖတ္ဖို႔ ဆိုရင္ ေနာက္ထပ္ လူသန္းေထာင္ခ်ီ ေရာဂါကူးစက္ခံၿပီး ေစာင့္ရမယ့္ သေဘာရွိပါတယ္။အမ်ား စိတ္ဝင္စားခံရတဲ့ ဆြီဒင္မွာ လူအေသအေပ်ာက္ဟာ အနားက ႏိုင္ငံေတြထက္ ပိုမ်ားပါတယ္။ ေသႏႈန္းဟာလည္း အေမရိကန္ထက္ေတာင္ ပိုျမင့္ပါတယ္။ အခုဆိုရင္ လူေပါင္း ၂၆၀၀ ေက်ာ္ ေသဆုံးၿပီး၊ လူေပါင္း ႏွစ္ေသာင္ေက်ာ္ ကူးစက္ခံရတဲ့အခါမွာေတာ့ ဆြီဒစ္ ပညာရွင္အသိုင္းအဝိုင္းမွာ လမ္းေၾကာင္းေျပာင္းဖို႔ စဥ္းစားလာၾကပါတယ္။ေရာဂါကို ကိုယ္ခံအားနဲ႔ ျပန္ခုခံတဲ့ စနစ္မွာ ကိုယ္ခံအားဆိုတာ ဘယ္ေလာက္ၾကာၾကာ ကိုယ္ခံအားကို ေျပာသလဲ။ ကိုယ္ခံအား စနစ္က ေရာဂါကို ဘယ္အေျခအေနအထိ ကာကြယ္ေပးႏိုင္သလဲ။ ေရာဂါ တခါ ျဖစ္ဖူးၿပီး ကိုယ္ခံအားနဲ႔ ျပန္ေကာင္းသြားရင္ေရာ ေနာက္ထပ္ ျပန္မျဖစ္ေတာ့ဘူးလား။ စသျဖင့္ ေမးခြန္းေတြ အမ်ားႀကီးရွိပါတယ္။

ဒီဗ်ဴဟာကို က်င့္သုံးဖို႔ ဆိုရင္ အိႏၵိယလိုမ်ိဳး လူငယ္ ဦးေရ မ်ားတဲ့ ႏိုင္ငံေတြအတြက္လည္း မလြယ္ပါဘူး။ အိႏၵိယ လူဦးေရရဲ႕ ၈၀ ရာခိုင္ႏႈန္းဟာ အသက္ ၄၄ ႏွစ္ ေအာက္ေတြ ဆိုေပမယ့္ အိႏၵိယမွာ အသက္ ၄၅ နဲ႔ ၅၄ ႏွစ္ၾကား လူဦးေရရဲ႕ ၄၀ ရာခိုင္ႏႈန္း၊ အသက္ ၂၀ ကေန ၄၄ ႏွစ္ၾကား လူဦးေရရဲ႕ ၂၂ ရာခိုင္ႏႈန္းဟာ ေသြးတိုး ရွိၾကပါတယ္။ အသက္ ၁၅ ႏွစ္နဲ႔ ၄၄ ႏွစ္ၾကား လူဦးေရရဲ႕ ၄ ရာခိုင္ႏႈန္းဟာလည္း အဝလြန္ ေရာဂါ ရွိေနျပန္ပါတယ္။ အိတ္ခ်္အိုင္ဗီနဲ႔ အသက္ရွင္ေနသူ ႏွစ္သန္းလည္း ရွိေနပါတယ္။ အသက္႐ူလမ္းေၾကာင္း ဆိုင္ရာ က်န္းမာေရး ျပႆနာေတြ ရွိသူေတြကလည္း အ႐ြယ္ေရာက္သူထဲမွာ ၃ ရာခိုင္ႏႈန္း၊ အ႐ြယ္ေရာက္သူရဲ႕ သုံးပုံတစ္ပုံက ေဆးလိပ္ေသာက္ၾကပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ ဒီလိုကိုယ္ခံအားနဲ႔ ခုခံတဲ့ စနစ္ကို က်င့္သုံးဖို႔ ဆိုရင္ လူနာအမ်ားႀကီးကို တၿပိဳင္တည္းေဆးကုေပးႏိုင္တဲ့ ေဆ႐ုံ ကုတင္နဲ႔ က်န္းမာေရးဝန္ထမ္းအင္အား အလုံအေလာက္ ရွိဖို႔ လိုအပ္ျပန္ပါတယ္။ လူငယ္ေတြကလည္း မ်ားမွ၊ က်န္းမာေရးစနစ္ကလည္း ေရပက္မဝင္ျဖစ္ေတာင္မေသခ်ာပါဘူး။ ဆြီဒင္လို ႏိုင္ငံမ်ိဳးမွာေတာင္ ေသႏႈန္းက ၅ဒသမ၈ ရာခိုင္ႏႈန္း ရွိလို႔၊ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က ေသႏႈန္း (၅ဒသမ၅) ထက္ ပိုဆိုးသြားတာ ေတြ႕ရပါတယ္။ ဧၿပီလကုန္အထိ လူေသစာရင္းကို အိမ္နီးခ်င္း ႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ၾကည့္တဲ့အခါ ဆြီဒင္ (၂၄၆၂)၊ ေနာ္ေဝ (၂၀၇)၊ ဖင္လန္ (၂၀၆)၊ ဒိန္းမတ္ (၄၄၃) ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ေသႏႈန္းခ်င္း ႏႈိင္းယွဥ္ရင္လည္း ေနာ္ေဝ (၂ဒသမ၆)၊ ဖင္လန္ (၄ဒသမ၂)၊ ဒိန္းမတ္ (၄ဒသမ ၉) အသီးသီး ရွိပါတယ္။

တတိယဗ်ဴဟာက ကူးစက္မႈကို တတ္ႏိုင္သေလာက္ ထိန္းထားတဲ့နည္းလမ္း ျဖစ္ပါတယ္။ အေမရိကန္ ျပည္ေထာင္စု၊ ကေနဒါနဲ႔ ဥေရာပ (ဆြီဒင္မပါ) တို႔ ရဲ႕ နည္းလမ္းျဖစ္ပါတယ္။ က်ယ္ျပန႔္တဲ့ Lockdown ဗ်ဴဟာေၾကာင့္ စီးပြားေရးကို အႀကီးအက်ယ္ ထိခိုက္ပါတယ္။ တ႐ုတ္နည္းလမ္းကေတာ့ တင္းၾကပ္တဲ့ ပိတ္ဆို႔ မႈနဲ႔ ေရာဂါ ကူးစက္မႈကို ျမန္ျမန္ထိန္းႏိုင္ခဲ့ၿပီး၊ ေတာင္ကိုရီးယားနဲ႔ ထိုင္ဝမ္တို႔ကေတာ့ အစိုးရရဲ႕ထိထိေရာက္ေရာက္ ဦးေဆာင္မႈ၊ ျပည္သူလူထုရဲ႕့ ပူးေပါင္းေဆာင္႐ြက္မႈတို႔နဲ႔ ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဒီနည္းလမ္းေတြမွာေတာ့ စီးပြားေရးကို အထိခိုက္ခံၿပီး ေရာဂါကူးစက္မႈကို ေႏွးသြားေအာင္ ေဇာင္းေပးလုပ္တဲ့နည္းနဲ႔ စီးပြားေရး ထိခိုက္မႈနဲ႔ ေရာဂါကူးစက္မႈ တို႔ကို အနည္းဆုံး ျဖစ္ေအာင္ ခ်ိန္ဆၿပီး ဗ်ဴဟာ ခင္းတဲ့ နည္းလမ္း ဆိုၿပီး ခြဲျခားလို႔ ရႏိုင္ပါတယ္။ ျမန္မာျပည္ဟာ တင္းၾကပ္တဲ့ ပိတ္ဆို႔မႈ နည္းလမ္းေတြကို ေရွာင္ၿပီး အလယ္အလတ္ နည္းလမ္းကို သတိနဲ႔ က်င့္သုံးတာေတြ႕ရပါတယ္။

“တင္းၾကပ္မႈေတြ ေျဖေလ်ာ့ခ်ိန္”

ပိတ္ဆို႔မႈေတြ ခ်မွတ္ရတာ မလြယ္ကူသလို ျပန္ဖြင့္ဖို႔ကလည္း အစိုးရေတြအတြက္ အေတာ္ခ်ိန္ဆရပါတယ္။ ေမလဆန္းမွာ အေမရိကန္ျပည္ေထာင္စုကေန ဥေရာပ၊ အာရွ တို႔မွာ တင္းၾကပ္မႈတခ်ိဳ႕ကို စတင္ၿပီး ေလ်ာ့ေပါ့ ေပးလာတာ ေတြ႕လာရပါတယ္။ ဒါေပမယ့္ အကန႔္အသတ္ေတြကေတာ့ ရွိေနဆဲ၊ နည္းလမ္းေတြမွာလည္း တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ မတူၾကပါဘူး။ အၾကမ္းအားျဖင့္ ႏွစ္မ်ိဳး ခြဲၾကည့္ရင္ စီးပြားေရး က႑အလိုက္ တျဖည္းျဖည္းခ်င္း ျပန္ဖြင့္တာနဲ႔ ပထဝီ ေဒသ တစ္ခုခ်င္းစီ တျဖည္းျဖည္းခ်င္းျပန္ဖြင့္တဲ့ နည္းလမ္းေတြ ျဖစ္ပါတယ္။

“အီတလီ”

အီတလီဟာ တင္းၾကပ္တဲ့ ကန႔္သတ္မႈေတြကို ခ်မွတ္ခဲ့ၿပီး ေမလ ၄ ရက္ေန႔ကစလို႔ ျပန္ဖြင့္ဖို႔ ေၾကညာထားပါတယ္။ ပထမဆုံး အဆင့္အေနနဲ႔ ပန္းၿခံေတြမွာ အနားယူခြင့္၊ နာေရးအခမ္းအနားေတြကို တက္ေရာက္ခြင့္ရရွိၾကမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ နာေရး အခမ္းအနားမွာေတာင္ လူ ၁၅ ေယာက္ထက္ မပိုရ၊ အေဆာက္အအုံေတြရဲ႕အျပင္ဘက္မွာပဲ က်င္းပခြင့္ျပဳပါတယ္။ ေဆာက္လုပ္ေရး ကုမၸဏီေတြ၊ လက္ကား ဆိုင္ေတြ၊ ထုတ္လုပ္ေရး လုပ္ငန္းေတြကို ျပန္ဖြင့္ခြင့္ျပဳေပမယ့္ အရက္ဘားေတြနဲ႔ စားေသာက္ဆိုင္ေတြကေတာ့ ပါဆယ္ပဲ ခြင့္ျပဳပါတယ္။ ဒီလို ဖြင့္ထားရင္းနဲ႔ ကူးစက္မႈ အေျခအေနကို ဆိုးမလာဘူးဆိုရင္ေတာ့ ေမလ ၁၈ ရက္ေန႔ကစလို႔ လက္လီဆိုင္ေတြ၊ ျပခန္းေတြကို ျပန္ဖြင့္ခြင့္ျပဳပါမယ္။ လူအမ်ားနဲ႔ကစားရတဲ့ အားကစာနည္းေတြ (ဥပမာ ေဘာလုံး) ေတြကိုလည္း ေလ့က်င့္ခြင့္ ေပးပါမယ္။ နာမည္ႀကီး စီးရီးေအ ေဘာလုံးၿပိဳင္ပြဲေတြကို ဘယ္ေတာ့ ျပန္စႏိုင္မလဲဆိုတာကိုေတာ့ ေဆြးေႏြးႏိုင္တဲ့ အဆင့္မရွိေသးပါဘူး။

အေျခအေနေတြ ပိုဆိုးမသြားဘူးဆိုရင္ ဇြန္လ ၁ ရက္ေန႔ ေရာက္တဲ့အခါ ဆံပင္ညႇပ္ဆိုင္ေတြ၊ အလွျပင္ခမ္းမေတြကို ျပန္ဖြင့္လာႏိုင္ပါတယ္။ စားေသာက္ဆိုင္ေတြမွာ ပုံမွန္စားေသာက္ခြင့္ ရမွာ ျဖစ္ပါတယ္။ ေက်ာင္းေတြကေတာ့ စက္တင္ဘာလေရာက္မွ ျပန္ဖြင့္ဖို႔ စီစဥ္ထားပါတယ္။

“အေမရိကား”

အဆင့္ သုံးဆင့္နဲ႔ ျဖည္းျဖည္းခ်င္း ျပန္ဖြင့္ဖို႔ သမၼတက လမ္းၫြန္ထားပါတယ္။ ပထမဆုံး အဆင့္မွာ အားကစား ႐ုံေတြ၊ ႐ုပ္ရွင္႐ုံေတြကို ျပန္ဖြင့္ပါမယ္။ ဒါေပမယ့္ လူအခ်င္းခ်င္း အနည္းဆုံး ၆ ေပ ခြာရမွာ ျဖစ္ၿပီး လူ ၁၀ ေယာက္ထက္ ပိုၿပီး စုေဝးခြင့္ မရွိပါဘူး။ ဒုတိယ အဆင့္မွာေတာ့ ေက်ာင္းေတြ၊ အရက္ဘားေတြကို အကန႔္အသတ္နဲ႔ ျပန္ဖြင့္ခြင့္ျပဳမွာ ျဖစ္ပါတယ္။ ဒီလို ျပန္ဖြင့္လိုက္ရင္းနဲ႔ ကူးစက္မႈေတြ ဆက္လက္ ေလ်ာ့က် ေနမွာသာ လူေတြကို အလုပ္လုပ္ခြင့္ျပဳမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒါက စာ႐ြက္ေပၚက အစီအစဥ္ ျဖစ္ၿပီး ေရာဂါ ကူးစက္မႈ အေျခအေနကို ၾကည့္ၿပီး တင္းၾကပ္တာေတြ ေနာက္ေၾကာင္းျပန္သြားတာလည္း ျဖစ္ႏိုင္တယ္လို႔ အစိုးရက ႀကိဳတင္ သတိေပးထားပါတယ္။တကၠဆက္ ျပည္နယ္မွာ တလေလာက္ ပိတ္ထားတဲ့ စီးပြားေရးေတြကို ျပန္ဖြင့္တဲ့အခါ အရင္ဆုံး စားေသာက္ဆိုင္ေတြ၊ လက္ကားဆိုင္ေတြ၊ ေစ်းဝယ္ကုန္တိုက္ေတြကို အကန႔္အသတ္နဲ႔ ဖြင့္ခြင့္ျပဳပါတယ္။ လူေတြ ၿပဳံတိုးတာ မျဖစ္ေစဖို႔ ပုံမွန္ရဲ႕၄ ပုံ ၁ ပုံေလာက္ပဲ လည္ပတ္ေစပါတယ္။ ကူးစက္မႈႏႈန္းေတြ ဆက္က်ရင္ေတာ့ ဒုတိယ အဆင့္ကို ေမလ ၁၈ ရက္ေန႔မွာ စတင္မွာ ျဖစ္ပါတယ္။ ဒီအခါမွာေတာ့ လူေတြ ေတာ္ေတာ္မ်ားမ်ား ႐ုံးျပန္တက္ခြင့္ ရဖို႔ ေမွ်ာ္လင့္ရပါတယ္။

“အာရွပုံစံ”

တ႐ုတ္ႏိုင္ငံ ၿမိဳ႕ေတာ္ ေဘဂ်င္းမွာ ရွိတဲ့ ပန္းၿခံေတြမွာ ျပန္ဖြင့္တဲ့အခါ ႏွစ္ရက္အတြင္း လူေပါင္း ၁ဒသမ ၇ သန္းအထိ လည္ပတ္ခဲ့ၾကတယ္လို႔ ေအပီ သတင္းတပုဒ္က ဆိုပါတယ္။ ဒီလိုပဲ ရွန္ဟိုင္းၿမိဳ႕က လည္ပတ္စရာ ေနရာေတြမွာလည္း လူတစ္သန္းေလာက္ လည္ပတ္ခဲ့ၾကပါတယ္။ ဒါေပမယ့္ လည္ပတ္စရာ ေနရာေတြမွာ လူေတြကို ပုံမွန္အတိုင္း လက္မခံဘဲ သုံးပုံတစ္ပုံေလာက္ပဲ ဝင္ခြင့္ေပးတဲ့ စည္းကမ္းခ်က္ကိုေတြကိုေတာ့ ဆက္လက္ က်င့္သုံးပါတယ္။
စင္ကာပူမွာလည္း ေမလ ၁၂ ရက္ေန႔က်ရင္ စီးပြားေရး လုပ္ငန္းတခ်ိဳ႕ကိုျပန္လည္ ခြင့္ျပဳဖို႔ ေၾကညာထားပါတယ္။ သီရိလကၤာမွာေတာ့ ေမလ ၁၁ ေန႔ကစလို႔ အစိုးရနဲ႔ ပုဂၢလိက လုပ္ငန္းေတြ ျပန္စဖို႔ ရွိပါတယ္။ ဘဂၤလားေဒ့ရွ္မွာ ေထာင္နဲ႔ ခ်ီတဲ့ အထည္ခ်ဳပ္ စက္႐ုံေတြကို လည္ပတ္ခြင့္ျပဳထားပါတယ္။က်န္းမာေရး အေရးေပၚ ကာလကို ေမလအကုန္အထိ သက္တမ္းတိုးထားတဲ့ ထိုင္းႏိုင္ငံမွာ စီးပြားေရး လုပ္ငန္းေတြကို ျပန္ဖြင့္တယ္ဆိုရာမွာ စည္းကမ္း သတ္မွတ္ခ်က္ ၃ ခု ရွိပါတယ္။ ေလဝင္ေလထြက္ေကာင္းရမယ္။ ခပ္ခြာခြာ ေနႏိုင္တဲ့ ေနရာထိုင္ခင္း ရွိရမယ္။ လူေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ ထိေတြ႕မႈ အနည္းဆုံး ျဖစ္ရမယ္။ ဆံပင္ညႇပ္ဆိုင္ေတြ၊ ေစ်းေတြ၊ လမ္းေဘးေစ်းသည္ေတြ၊ ေစ်းဝယ္ကုန္တိုက္ႀကီးေတြ အျပင္ဘက္က အစားအေသာက္ဆိုင္ေတြ၊ ဖုန္းဆိုင္ေတြ၊ အသင္းအဖြဲ႕နဲ႔ ကစားတာမ်ိဳး မဟုတ္တဲ့ အားကစားေတြ ႐ုံေတြကိုလည္း အကန႔္အသတ္နဲ႔ ခြင့္ျပဳပါတယ္။

အလွျပင္ ခန္းေတြနဲ႔ ဆံပင္ညႇပ္ဆိုင္ေတြအတြက္ အေသးစိတ္ စည္းကမ္းခ်က္ေတြ ထုတ္ျပန္ေပးထားပါတယ္။ ဥပမာ ဆံပင္လာညႇပ္သူေတြ အခ်င္းခ်င္းၾကားမွာ ၂ မီတာေလာက္ ခြာေနရမယ္ ဆိုတဲ့ ကန႔္သတ္ခ်က္မ်ိဳးျဖစ္ပါတယ္။ ေလေၾကာင္းလိုင္းေတြကို ျပန္ဖြင့္တယ္ ဆိုေပမယ့္ ေလယာဥ္ေတြကို ပုံမွန္ ခရီးသည္ရဲ႕သုံးပုံတစ္ပုံအထိ ေလွ်ာ့ခ်ေစပါတယ္။ ေလဆိပ္ ဝန္ထမ္းေတြကို မ်က္ႏွာဖုံး၊ ႏွာေခါင္းစည္းနဲ႔ လက္အိပ္ေတြ မျဖစ္မေန ဝတ္ဆင္ရမွာ ျဖစ္ၿပီး ခရီးသည္ေတြအားလုံးကိုလည္း ကိုယ္အပူခ်ိန္ တိုင္းတာနဲ႔ ေနရာကို မျဖစ္မေန ျဖတ္သန္းေစပါတယ္။

“ပုံမွန္ အေျခအေနသစ္”

ကို႐ိုနာ ဗိုင္းရပ္စ္ မတိုင္ခင္ အေျခအေနကေတာ့ ျပန္ေရာက္ဖို႔ လေပါင္း အတန္ၾကာတဲ့အထိ မျဖစ္ႏိုင္ေသးပါဘူး။ လမ္းသြားတဲ့အခါ ႏွာေခါင္းစည္းေတြကို ခြၽတ္ဖို႔မျဖစ္ေသးပါဘူး။ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး ယာဥ္ေတြမွာ နီးနီးကပ္ကပ္ တိုးေဝွ႔ၿပီး စီးဖို႔ မျဖစ္ႏိုင္ပါဘူး။ စားေသာက္ဆိုင္ေတြမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ၆ ေပ ခြာဖို႔ လိုအပ္ေနပါေသးတယ္။ ပုံမွန္ အေျခအေနသစ္မွာ ႏွာေခါင္းစည္းဝတ္ေလ့ မရွိတဲ့ ႏိုင္ငံေတြမွာလည္း ႏွာေခါင္းစည္းကို မျဖစ္မေန ဝတ္ၾကပါတယ္။ စပိန္က က်န္းမာေရး ေလ့က်င့္ခန္းလုပ္သူေတြကေန အေမရိကန္ ျပည္ေထာင္စု ေတာင္ပိုင္းက ကမ္းေျခသြားသူေတြအထိ ႏွာေခါင္းစည္း ဝတ္လာၾကပါတယ္။နယူးေယာ့ခ္ ၿမိဳ႕က စင္ထရယ္ ပန္းၿခံမွာ အားကစား လုပ္သူေတြကလည္း တစ္ေယာက္နဲ႔ တေယာက္ ခပ္ခြာခြာ ရွိေနၾကပါတယ္။ ဒီကာလက ၾကာပါဦးမယ္။ အီတလီ ဝန္ႀကီးခ်ဳပ္ Conte စကားက မွတ္သားစရာ ေကာင္းပါတယ္။ အီတလီျပည္သူေတြအေနနဲ႔ တာဝန္ယူမႈရွိရွိနဲ႔ ဗိုင္းရပ္နဲ႔ အတူ ယွဥ္တြဲေနထိုင္ရမယ့္ အခ်ိန္ေတြကို အခ်ိ္န္ေတြကို ျဖတ္သန္းရေတာ့မယ္လို႔ ဆိုပါတယ္။

“ႀကိဳတင္ကာကြယ္ေရး စည္းကမ္းေတြကို လိုက္မလုပ္ရင္၊ ကူးစက္မႈနဲ႔ ေသဆုံးမႈ မ်ားလာလိမ့္မယ္။ တိုင္းျပည္စီးပြားေရးမွာလည္း ျပန္အစားထိုးမရေအာင္ ဆုံးရႈံးရလိမ့္မယ္။ အီတလီကို တကယ္ခ်စ္တယ္ဆိုရင္ အားလုံး အခုအတိုင္း ခပ္ခြာခြာ ေနေပးၾကပါ”

Credit ေနသြင္ညိဏ္း

UNICODE

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားနိုင်တဲ့ ဆေးပေါ်ဖို့ လပေါင်း အတန်ကြာ စောင့်ရပါဦးမယ်။ ဒီကြားထဲ အလုံးစုံ ပိတ်ထားဖို့ မဖြစ်နိုင်တဲ့အတွက် လူတွေနဲ့ ဗိုင်းရပ်စ် အတူ ယှဉ်တွဲ နေထိုင်တာကလွဲလို့ တခြား ရွေးစရာလမ်း မရှိပါဘူး။ ဒါကို ပုံမှန် အခြေအနေသစ် (new normal) လို့ ပြောလာကြပါတယ်။ ပုံမှန် အခြေအနေသစ်ဟာ လပေါင်း အတန်ကြာ၊ သို့မဟုတ် နှစ်ပေါက် နိုင်ပါတယ်။

“ဗျူဟာ (၃) မျိုး”

ကိုရိုနာ ဗိုင်းရပ်စ်ကို ရင်ဆိုင်ရာမှာ နိင်ငံတွေက တုံ့ပြန်ပုံ သုံးမျိုးတွေ့ရပါတယ်။

၁။ ဗိုင်းရပ်စ်ကို လုံးဝ အမြစ်ပြတ်ပပျောက်သွားအောင် နှိမ်နင်းတဲ့နည်း၊

၂။ ကိုယ်ခံအား စနစ်နဲ့ ပြန်လည် ခုခံဖို့ ကြိုးစားတဲ့ နည်းလမ်းနဲ့

၃။ ကာကွယ်ဆေး သို့မဟုတ် ကုသဆေး မပေါ်ခင်အထိ ကူးစက်မှုကို ထိန်းထားမယ့် နည်းလမ်း တို့ ဖြစ်ပါတယ်။

ရည်မှန်းချက် ကြီးလွန်းတဲ့ ပထမ နည်းလမ်းကို ရွေးချယ်တာက နယူးဇီလန်ဖြစ်ပါတယ်။ လေးပတ်ကြာတဲ့ lockdown အမိန့်ကို ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ ရည်မှန်းချက် ပြည့်မြောက်ခဲ့ပြီလို့ နယူးဇီလန် အစိုးရက ကြေညာခဲ့ပါတယ်။ တစ်နိုင်ငံလုံးကို ချက်ချင်း ပြန်မဖွင့်နိုင်ပေမယ့် တိုင်းပြည် စီးပွားရေးရဲ့လေးပုံ သုံးပုံ ပြန်လည် လည်ပတ်နိုင်ပါတယ်။ နယူးဇီလံကို အားကျတာက သြစတြေးလျ ဖြစ်ပါတယ်။ ဒီနည်းလမ်းက နယူးဇီလန် လို ကျွန်းနိင်ငံလေး အတွက်တော့ ဖြစ်နိုင်ပေမယ့် ပိုပြီး ကျယ်ဝန်းပြီး လူဦးရေ များတဲ့ သြစတြေးလျလို နိုင်ငံတွေအတွက်တော့ မလွယ်ကူပါဘူး။တချို့ နိုင်ငံတွေကတော့ ကိုယ်ခံအား စနစ်နဲ့ ပြန်လည်ခုခံတဲ့ နည်းလမ်းကို သိသိသာသာ (တချို့လည်း မသိမသာ) ရွေးချယ်ကြပါတယ်။ သဘောကတော့ လူဦးရေရဲ့ ရာခိုင်နှုန်း အတော်များများကို ဗိုင်းရပ်စ် ကူးစက်ခံပြီး၊ ပြန်လည် နေကောင်းလာကြမယ်ဆိုရင် ကိုယ်တွင်း ခုခံအား အဆင့်တခု တက်လာပြီး ရောဂါဟာ တောမီးလို အရှိန်နဲ့ ကူးစက်စရာ မရှိတော့ဘူးလို့ ယူဆကြပါတယ်။

ဆွီဒင်က ဒီနည်းလမ်းကို ရွေးချယ်ခဲ့ပါတယ်။ ဂျပန်ကလည်း ဒီနည်းလမ်းကို ရွေးချယ်တဲ့ သဘောမျိုးပဲ ရှိပါတယ်။ ဘရာဇီး၊ အိန္ဒိယ၊ အာဖရိက၊ အာရှ၊ အရှေ့အလယ်ပိုင်း၊ လက်တင် အမေရိကန်ကတို့ကလည်း ဒီလမ်းကြောင်းကို ရွေးကြပါတယ်။ ဒီဗျူဟာအတိုင်း သွားမယ်ဆိုရင် ဗိုင်းရပ်စ်ရဲ့ ကူးစက်နိင်စွမ်း (R0) ၂ဒသမ၅ နဲ့ တွက်ရင် ဒီနိုင်ငံတွေမှာ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကို ရောဂါ ကူးစက်ပြီးမှ အောင်မြင်ပါလိမ့်မယ်။ အကယ်၍ ကူးစက်နိုင်စွမ်းက ၂ဒသမ၅ ထက် ပိုမြင့်မားရင် ရောဂါကူးစက်ဖို့ လိုအပ်တဲ့ လူဦးရေက ၆၀ ရာခိုင်နှုန်းထက် ပိုလာပါလိမ့်မယ်။ ဒီနည်းလမ်းနဲ့ အောင်မြင်မလား အကဲဖြတ်ဖို့ ဆိုရင် နောက်ထပ် လူသန်းထောင်ချီ ရောဂါကူးစက်ခံပြီး စောင့်ရမယ့် သဘောရှိပါတယ်။အများ စိတ်ဝင်စားခံရတဲ့ ဆွီဒင်မှာ လူအသေအပျောက်ဟာ အနားက နိုင်ငံတွေထက် ပိုများပါတယ်။ သေနှုန်းဟာလည်း အမေရိကန်ထက်တောင် ပိုမြင့်ပါတယ်။ အခုဆိုရင် လူပေါင်း ၂၆၀၀ ကျော် သေဆုံးပြီး၊ လူပေါင်း နှစ်သောင်ကျော် ကူးစက်ခံရတဲ့အခါမှာတော့ ဆွီဒစ် ပညာရှင်အသိုင်းအဝိုင်းမှာ လမ်းကြောင်းပြောင်းဖို့ စဉ်းစားလာကြပါတယ်။ရောဂါကို ကိုယ်ခံအားနဲ့ ပြန်ခုခံတဲ့ စနစ်မှာ ကိုယ်ခံအားဆိုတာ ဘယ်လောက်ကြာကြာ ကိုယ်ခံအားကို ပြောသလဲ။ ကိုယ်ခံအား စနစ်က ရောဂါကို ဘယ်အခြေအနေအထိ ကာကွယ်ပေးနိုင်သလဲ။ ရောဂါ တခါ ဖြစ်ဖူးပြီး ကိုယ်ခံအားနဲ့ ပြန်ကောင်းသွားရင်ရော နောက်ထပ် ပြန်မဖြစ်တော့ဘူးလား။ စသဖြင့် မေးခွန်းတွေ အများကြီးရှိပါတယ်။

ဒီဗျူဟာကို ကျင့်သုံးဖို့ ဆိုရင် အိန္ဒိယလိုမျိုး လူငယ် ဦးရေ များတဲ့ နိုင်ငံတွေအတွက်လည်း မလွယ်ပါဘူး။ အိန္ဒိယ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အသက် ၄၄ နှစ် အောက်တွေ ဆိုပေမယ့် အိန္ဒိယမှာ အသက် ၄၅ နဲ့ ၅၄ နှစ်ကြား လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း၊ အသက် ၂၀ ကနေ ၄၄ နှစ်ကြား လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်းဟာ သွေးတိုး ရှိကြပါတယ်။ အသက် ၁၅ နှစ်နဲ့ ၄၄ နှစ်ကြား လူဦးရေရဲ့ ၄ ရာခိုင်နှုန်းဟာလည်း အဝလွန် ရောဂါ ရှိနေပြန်ပါတယ်။ အိတ်ချ်အိုင်ဗီနဲ့ အသက်ရှင်နေသူ နှစ်သန်းလည်း ရှိနေပါတယ်။ အသက်ရူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ရှိသူတွေကလည်း အရွယ်ရောက်သူထဲမှာ ၃ ရာခိုင်နှုန်း၊ အရွယ်ရောက်သူရဲ့ သုံးပုံတစ်ပုံက ဆေးလိပ်သောက်ကြပါတယ်။

နောက်တစ်ချက်ကတော့ ဒီလိုကိုယ်ခံအားနဲ့ ခုခံတဲ့ စနစ်ကို ကျင့်သုံးဖို့ ဆိုရင် လူနာအများကြီးကို တပြိုင်တည်းဆေးကုပေးနိုင်တဲ့ ဆေရုံ ကုတင်နဲ့ ကျန်းမာရေးဝန်ထမ်းအင်အား အလုံအလောက် ရှိဖို့ လိုအပ်ပြန်ပါတယ်။ လူငယ်တွေကလည်း များမှ၊ ကျန်းမာရေးစနစ်ကလည်း ရေပက်မဝင်ဖြစ်တောင်မသေချာပါဘူး။ ဆွီဒင်လို နိုင်ငံမျိုးမှာတောင် သေနှုန်းက ၅ဒသမ၈ ရာခိုင်နှုန်း ရှိလို့၊ တရုတ်နိုင်ငံ ဝူဟန်မြို့က သေနှုန်း (၅ဒသမ၅) ထက် ပိုဆိုးသွားတာ တွေ့ရပါတယ်။ ဧပြီလကုန်အထိ လူသေစာရင်းကို အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဆွီဒင် (၂၄၆၂)၊ နော်ဝေ (၂၀၇)၊ ဖင်လန် (၂၀၆)၊ ဒိန်းမတ် (၄၄၃) ဖြစ်နေတာကို တွေ့ရပါတယ်။ သေနှုန်းချင်း နှိုင်းယှဉ်ရင်လည်း နော်ဝေ (၂ဒသမ၆)၊ ဖင်လန် (၄ဒသမ၂)၊ ဒိန်းမတ် (၄ဒသမ ၉) အသီးသီး ရှိပါတယ်။

တတိယဗျူဟာက ကူးစက်မှုကို တတ်နိုင်သလောက် ထိန်းထားတဲ့နည်းလမ်း ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ ကနေဒါနဲ့ ဥရောပ (ဆွီဒင်မပါ) တို့ ရဲ့ နည်းလမ်းဖြစ်ပါတယ်။ ကျယ်ပြန့်တဲ့ Lockdown ဗျူဟာကြောင့် စီးပွားရေးကို အကြီးအကျယ် ထိခိုက်ပါတယ်။ တရုတ်နည်းလမ်းကတော့ တင်းကြပ်တဲ့ ပိတ်ဆို့ မှုနဲ့ ရောဂါ ကူးစက်မှုကို မြန်မြန်ထိန်းနိုင်ခဲ့ပြီး၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ကတော့ အစိုးရရဲ့ထိထိရောက်ရောက် ဦးဆောင်မှု၊ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုတို့နဲ့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီနည်းလမ်းတွေမှာတော့ စီးပွားရေးကို အထိခိုက်ခံပြီး ရောဂါကူးစက်မှုကို နှေးသွားအောင် ဇောင်းပေးလုပ်တဲ့နည်းနဲ့ စီးပွားရေး ထိခိုက်မှုနဲ့ ရောဂါကူးစက်မှု တို့ကို အနည်းဆုံး ဖြစ်အောင် ချိန်ဆပြီး ဗျူဟာ ခင်းတဲ့ နည်းလမ်း ဆိုပြီး ခွဲခြားလို့ ရနိုင်ပါတယ်။ မြန်မာပြည်ဟာ တင်းကြပ်တဲ့ ပိတ်ဆို့မှု နည်းလမ်းတွေကို ရှောင်ပြီး အလယ်အလတ် နည်းလမ်းကို သတိနဲ့ ကျင့်သုံးတာတွေ့ရပါတယ်။

“တင်းကြပ်မှုတွေ ဖြေလျော့ချိန်”

ပိတ်ဆို့မှုတွေ ချမှတ်ရတာ မလွယ်ကူသလို ပြန်ဖွင့်ဖို့ကလည်း အစိုးရတွေအတွက် အတော်ချိန်ဆရပါတယ်။ မေလဆန်းမှာ အမေရိကန်ပြည်ထောင်စုကနေ ဥရောပ၊ အာရှ တို့မှာ တင်းကြပ်မှုတချို့ကို စတင်ပြီး လျော့ပေါ့ ပေးလာတာ တွေ့လာရပါတယ်။ ဒါပေမယ့် အကန့်အသတ်တွေကတော့ ရှိနေဆဲ၊ နည်းလမ်းတွေမှာလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြပါဘူး။ အကြမ်းအားဖြင့် နှစ်မျိုး ခွဲကြည့်ရင် စီးပွားရေး ကဏ္ဍအလိုက် တဖြည်းဖြည်းချင်း ပြန်ဖွင့်တာနဲ့ ပထဝီ ဒေသ တစ်ခုချင်းစီ တဖြည်းဖြည်းချင်းပြန်ဖွင့်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

“အီတလီ”

အီတလီဟာ တင်းကြပ်တဲ့ ကန့်သတ်မှုတွေကို ချမှတ်ခဲ့ပြီး မေလ ၄ ရက်နေ့ကစလို့ ပြန်ဖွင့်ဖို့ ကြေညာထားပါတယ်။ ပထမဆုံး အဆင့်အနေနဲ့ ပန်းခြံတွေမှာ အနားယူခွင့်၊ နာရေးအခမ်းအနားတွေကို တက်ရောက်ခွင့်ရရှိကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နာရေး အခမ်းအနားမှာတောင် လူ ၁၅ ယောက်ထက် မပိုရ၊ အဆောက်အအုံတွေရဲ့အပြင်ဘက်မှာပဲ ကျင်းပခွင့်ပြုပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီတွေ၊ လက်ကား ဆိုင်တွေ၊ ထုတ်လုပ်ရေး လုပ်ငန်းတွေကို ပြန်ဖွင့်ခွင့်ပြုပေမယ့် အရက်ဘားတွေနဲ့ စားသောက်ဆိုင်တွေကတော့ ပါဆယ်ပဲ ခွင့်ပြုပါတယ်။ ဒီလို ဖွင့်ထားရင်းနဲ့ ကူးစက်မှု အခြေအနေကို ဆိုးမလာဘူးဆိုရင်တော့ မေလ ၁၈ ရက်နေ့ကစလို့ လက်လီဆိုင်တွေ၊ ပြခန်းတွေကို ပြန်ဖွင့်ခွင့်ပြုပါမယ်။ လူအများနဲ့ကစားရတဲ့ အားကစာနည်းတွေ (ဥပမာ ဘောလုံး) တွေကိုလည်း လေ့ကျင့်ခွင့် ပေးပါမယ်။ နာမည်ကြီး စီးရီးအေ ဘောလုံးပြိုင်ပွဲတွေကို ဘယ်တော့ ပြန်စနိုင်မလဲဆိုတာကိုတော့ ဆွေးနွေးနိုင်တဲ့ အဆင့်မရှိသေးပါဘူး။

အခြေအနေတွေ ပိုဆိုးမသွားဘူးဆိုရင် ဇွန်လ ၁ ရက်နေ့ ရောက်တဲ့အခါ ဆံပင်ညှပ်ဆိုင်တွေ၊ အလှပြင်ခမ်းမတွေကို ပြန်ဖွင့်လာနိုင်ပါတယ်။ စားသောက်ဆိုင်တွေမှာ ပုံမှန်စားသောက်ခွင့် ရမှာ ဖြစ်ပါတယ်။ ကျောင်းတွေကတော့ စက်တင်ဘာလရောက်မှ ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်။

“အမေရိကား”

အဆင့် သုံးဆင့်နဲ့ ဖြည်းဖြည်းချင်း ပြန်ဖွင့်ဖို့ သမ္မတက လမ်းညွန်ထားပါတယ်။ ပထမဆုံး အဆင့်မှာ အားကစား ရုံတွေ၊ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်ပါမယ်။ ဒါပေမယ့် လူအချင်းချင်း အနည်းဆုံး ၆ ပေ ခွာရမှာ ဖြစ်ပြီး လူ ၁၀ ယောက်ထက် ပိုပြီး စုဝေးခွင့် မရှိပါဘူး။ ဒုတိယ အဆင့်မှာတော့ ကျောင်းတွေ၊ အရက်ဘားတွေကို အကန့်အသတ်နဲ့ ပြန်ဖွင့်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒီလို ပြန်ဖွင့်လိုက်ရင်းနဲ့ ကူးစက်မှုတွေ ဆက်လက် လျော့ကျ နေမှာသာ လူတွေကို အလုပ်လုပ်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက စာရွက်ပေါ်က အစီအစဉ် ဖြစ်ပြီး ရောဂါ ကူးစက်မှု အခြေအနေကို ကြည့်ပြီး တင်းကြပ်တာတွေ နောက်ကြောင်းပြန်သွားတာလည်း ဖြစ်နိုင်တယ်လို့ အစိုးရက ကြိုတင် သတိပေးထားပါတယ်။တက္ကဆက် ပြည်နယ်မှာ တလလောက် ပိတ်ထားတဲ့ စီးပွားရေးတွေကို ပြန်ဖွင့်တဲ့အခါ အရင်ဆုံး စားသောက်ဆိုင်တွေ၊ လက်ကားဆိုင်တွေ၊ ဈေးဝယ်ကုန်တိုက်တွေကို အကန့်အသတ်နဲ့ ဖွင့်ခွင့်ပြုပါတယ်။ လူတွေ ပြုံတိုးတာ မဖြစ်စေဖို့ ပုံမှန်ရဲ့၄ ပုံ ၁ ပုံလောက်ပဲ လည်ပတ်စေပါတယ်။ ကူးစက်မှုနှုန်းတွေ ဆက်ကျရင်တော့ ဒုတိယ အဆင့်ကို မေလ ၁၈ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ ဒီအခါမှာတော့ လူတွေ တော်တော်များများ ရုံးပြန်တက်ခွင့် ရဖို့ မျှော်လင့်ရပါတယ်။

“အာရှပုံစံ”

တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ ရှိတဲ့ ပန်းခြံတွေမှာ ပြန်ဖွင့်တဲ့အခါ နှစ်ရက်အတွင်း လူပေါင်း ၁ဒသမ ၇ သန်းအထိ လည်ပတ်ခဲ့ကြတယ်လို့ အေပီ သတင်းတပုဒ်က ဆိုပါတယ်။ ဒီလိုပဲ ရှန်ဟိုင်းမြို့က လည်ပတ်စရာ နေရာတွေမှာလည်း လူတစ်သန်းလောက် လည်ပတ်ခဲ့ကြပါတယ်။ ဒါပေမယ့် လည်ပတ်စရာ နေရာတွေမှာ လူတွေကို ပုံမှန်အတိုင်း လက်မခံဘဲ သုံးပုံတစ်ပုံလောက်ပဲ ဝင်ခွင့်ပေးတဲ့ စည်းကမ်းချက်ကိုတွေကိုတော့ ဆက်လက် ကျင့်သုံးပါတယ်။
စင်ကာပူမှာလည်း မေလ ၁၂ ရက်နေ့ကျရင် စီးပွားရေး လုပ်ငန်းတချို့ကိုပြန်လည် ခွင့်ပြုဖို့ ကြေညာထားပါတယ်။ သီရိလင်္ကာမှာတော့ မေလ ၁၁ နေ့ကစလို့ အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေ ပြန်စဖို့ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ထောင်နဲ့ ချီတဲ့ အထည်ချုပ် စက်ရုံတွေကို လည်ပတ်ခွင့်ပြုထားပါတယ်။ကျန်းမာရေး အရေးပေါ် ကာလကို မေလအကုန်အထိ သက်တမ်းတိုးထားတဲ့ ထိုင်းနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေကို ပြန်ဖွင့်တယ်ဆိုရာမှာ စည်းကမ်း သတ်မှတ်ချက် ၃ ခု ရှိပါတယ်။ လေဝင်လေထွက်ကောင်းရမယ်။ ခပ်ခွာခွာ နေနိုင်တဲ့ နေရာထိုင်ခင်း ရှိရမယ်။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှု အနည်းဆုံး ဖြစ်ရမယ်။ ဆံပင်ညှပ်ဆိုင်တွေ၊ ဈေးတွေ၊ လမ်းဘေးဈေးသည်တွေ၊ ဈေးဝယ်ကုန်တိုက်ကြီးတွေ အပြင်ဘက်က အစားအသောက်ဆိုင်တွေ၊ ဖုန်းဆိုင်တွေ၊ အသင်းအဖွဲ့နဲ့ ကစားတာမျိုး မဟုတ်တဲ့ အားကစားတွေ ရုံတွေကိုလည်း အကန့်အသတ်နဲ့ ခွင့်ပြုပါတယ်။

အလှပြင် ခန်းတွေနဲ့ ဆံပင်ညှပ်ဆိုင်တွေအတွက် အသေးစိတ် စည်းကမ်းချက်တွေ ထုတ်ပြန်ပေးထားပါတယ်။ ဥပမာ ဆံပင်လာညှပ်သူတွေ အချင်းချင်းကြားမှာ ၂ မီတာလောက် ခွာနေရမယ် ဆိုတဲ့ ကန့်သတ်ချက်မျိုးဖြစ်ပါတယ်။ လေကြောင်းလိုင်းတွေကို ပြန်ဖွင့်တယ် ဆိုပေမယ့် လေယာဉ်တွေကို ပုံမှန် ခရီးသည်ရဲ့သုံးပုံတစ်ပုံအထိ လျှော့ချစေပါတယ်။ လေဆိပ် ဝန်ထမ်းတွေကို မျက်နှာဖုံး၊ နှာခေါင်းစည်းနဲ့ လက်အိပ်တွေ မဖြစ်မနေ ဝတ်ဆင်ရမှာ ဖြစ်ပြီး ခရီးသည်တွေအားလုံးကိုလည်း ကိုယ်အပူချိန် တိုင်းတာနဲ့ နေရာကို မဖြစ်မနေ ဖြတ်သန်းစေပါတယ်။

“ပုံမှန် အခြေအနေသစ်”

ကိုရိုနာ ဗိုင်းရပ်စ် မတိုင်ခင် အခြေအနေကတော့ ပြန်ရောက်ဖို့ လပေါင်း အတန်ကြာတဲ့အထိ မဖြစ်နိုင်သေးပါဘူး။ လမ်းသွားတဲ့အခါ နှာခေါင်းစည်းတွေကို ချွတ်ဖို့မဖြစ်သေးပါဘူး။ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေမှာ နီးနီးကပ်ကပ် တိုးဝှေ့ပြီး စီးဖို့ မဖြစ်နိုင်ပါဘူး။ စားသောက်ဆိုင်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေ ခွာဖို့ လိုအပ်နေပါသေးတယ်။ ပုံမှန် အခြေအနေသစ်မှာ နှာခေါင်းစည်းဝတ်လေ့ မရှိတဲ့ နိုင်ငံတွေမှာလည်း နှာခေါင်းစည်းကို မဖြစ်မနေ ဝတ်ကြပါတယ်။ စပိန်က ကျန်းမာရေး လေ့ကျင့်ခန်းလုပ်သူတွေကနေ အမေရိကန် ပြည်ထောင်စု တောင်ပိုင်းက ကမ်းခြေသွားသူတွေအထိ နှာခေါင်းစည်း ဝတ်လာကြပါတယ်။နယူးယော့ခ် မြို့က စင်ထရယ် ပန်းခြံမှာ အားကစား လုပ်သူတွေကလည်း တစ်ယောက်နဲ့ တယောက် ခပ်ခွာခွာ ရှိနေကြပါတယ်။ ဒီကာလက ကြာပါဦးမယ်။ အီတလီ ဝန်ကြီးချုပ် Conte စကားက မှတ်သားစရာ ကောင်းပါတယ်။ အီတလီပြည်သူတွေအနေနဲ့ တာဝန်ယူမှုရှိရှိနဲ့ ဗိုင်းရပ်နဲ့ အတူ ယှဉ်တွဲနေထိုင်ရမယ့် အချိန်တွေကို အချိန်တွေကို ဖြတ်သန်းရတော့မယ်လို့ ဆိုပါတယ်။

“ကြိုတင်ကာကွယ်ရေး စည်းကမ်းတွေကို လိုက်မလုပ်ရင်၊ ကူးစက်မှုနဲ့ သေဆုံးမှု များလာလိမ့်မယ်။ တိုင်းပြည်စီးပွားရေးမှာလည်း ပြန်အစားထိုးမရအောင် ဆုံးရှုံးရလိမ့်မယ်။ အီတလီကို တကယ်ချစ်တယ်ဆိုရင် အားလုံး အခုအတိုင်း ခပ်ခွာခွာ နေပေးကြပါ”

Credit နေသွင်ညိဏ်း

Leave a Comment