ေမြ႕ရာကုမၸဏီက အလုပ္သမားေလးဘဝကေန ဒီအေျခအေနထိေရာက္ေအာင္ ႀကိဳးစားခဲ့ရတဲ့ဘဝခရီးလမ္းကိုေျပာျပခဲ့တဲ့ ေနထူးႏိုင္

ဗြီဒီယိုေလာကရဲ႕မင္းသားတစ္လက္ျဖစ္တဲ့ ေနထူးႏိုင္ကေတာ့ ေရနံေခ်ာင္းသားေလးျဖစ္ၿပီး အခုဆိုရင္ေတာ့ ပရိသတ္ေတြခ်စ္ခင္အားေပးေနတဲ့ အႏုပညာရွင္တစ္ေယာက္အေနနဲ႔ ရပ္တည္ေနသူပါ။ သူကေတာ့ ဒီလိုအေျခအေနထိေရာက္ေအာင္ ကိုယ္ပိုင္အရည္အခ်င္းအျပည့္နဲ႔ႀကိဳးစားခဲ့ရတဲ့အေၾကာင္းကို ခ်စ္ရတဲ့ပရိသတ္ႀကီးအတြက္ မွ်ေဝေပးခဲ့ပါတယ္။

သူကေတာ့ အႏုပညာအလုပ္ကိုဝါသနာပါလြန္းလို႔ ဆယ္တန္းေအာင္ၿပီးခ်ိန္မွာ ေရနံေခ်ာင္းၿမိဳ႕ကေန ထြက္ခြာခဲ့ၿပီး ရန္ကုန္တက္အလုပ္လုပ္ခဲ့သူပါ။ အရင္ဆုံး ေမြ႕ရာကုမၸဏီမွာအလုပ္စဝင္ခဲ့ကာ အဲ့ဒီကေနမွ သြပ္- ေရပိုက္လုပ္တဲ့ ကုမၸဏီကိုေျပာင္းခဲ့ပါတယ္တဲ့။ အဲ့ဒီကုမၸဏီအတြက္ ေၾကာ္ျငာလာ႐ိုက္တဲ့ ဒါ႐ိုက္တာကိုေအာင္မင္းသိမ္းနဲ႔သိကြၽမ္းခဲ့ၿပီး လမ္းစရခဲ့ေပမယ့္ အလုပ္တစ္ဖက္နဲ႔မို႔ အႏုပညာအလုပ္ဘက္ကို လွည့္မရခဲ့ပါဘူးတဲ့ ပရိသတ္ႀကီးေရ.. ဒါေပမယ့္ အႏုပညာအလုပ္က ပိုအေရးႀကီးတာမို႔ ေနာက္ထပ္အခ်ိန္ပိုမယ့္အလုပ္တစ္ခုကိုေျပာင္းရင္း ဒါ႐ိုက္တာေအာင္မင္းသိမ္းေနာက္ကိုလိုက္ကာ ရႉတင္မန္ေနဂ်ာလုပ္ရင္း တစ္ခန္းစႏွစ္ခန္းစ စတင္႐ိုက္ကူးခဲ့တယ္လို႔ ဆိုပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေရနံေခ်ာင္းျပန္ တကၠသိုလ္ပညာေရးဆုံးခန္းတိုင္ေအာင္ျပဳလုပ္ၿပီး ေနာက္ပိုင္းမွာမွ အႏုပညာေလာကထဲကို ထဲထဲဝင္ဝင္ ဝင္ေရာက္ခဲ့တဲ့အေၾကာင္း မွ်ေဝခဲ့ပါတယ္။

ရန္ကုန္မွာအႏုပညာအလုပ္နဲ႔ပဲ ရပ္တည္ရဖို႔ ပိုက္ဆံေခြၽတာတဲ့အေနနဲ႔ ေခါက္ဆြဲျပဳတ္ေတြပဲ ေျခာက္လေလာက္ေသာက္ခဲ့ရပါတယ္တဲ့… ဗြီဒီယိုဇာတ္ကားမင္းသားအေနနဲ႔ စ႐ိုက္ေတာ့လည္း နယ္ေတြကိုလိုက္ေရာင္းေတာ့ အသစ္ဆိုအားမေပးၾကတဲ့ နယ္ကိုယ္စားလွယ္တခ်ိဳ႕က အိမ္ထဲေတာင္အဝင္မခံခဲ့ေၾကာင္း မွ်ေဝခဲ့ပါေသးတယ္။ အဲ့ဒီကေနမွႀကိဳးစားရင္းနဲ႔ ေနထူးႏိုင္ဆိုၿပီး နာမည္တစ္လုံးနဲ႔ ရပ္တည္လာႏိုင္ခဲ့တာျဖစ္ပါတယ္။ သူကိုယ္တိုင္ဒီအေျခအေနေရာက္ေအာင္ မနည္း႐ုန္းကန္ခဲ့ရသူမို႔ ေနထူးႏိုင္ကေတာ့ တကယ္ဝါသနာပါတဲ့သူေတြကို ႐ိုက္ခ်င္တဲ့စိတ္နဲ႔သာလာခဲ့ၾက တတ္ႏိုင္သေလာက္ေနရာေပးၿပီး ႀကိဳဆိုသြားမွာပါတဲ့ ပရိသတ္ႀကီးေရ…

Source – Nay Htoo Naing
Credit – Cele Gabar

UNICODE

ဗွီဒီယိုလောကရဲ့မင်းသားတစ်လက်ဖြစ်တဲ့ နေထူးနိုင်ကတော့ ရေနံချောင်းသားလေးဖြစ်ပြီး အခုဆိုရင်တော့ ပရိသတ်တွေချစ်ခင်အားပေးနေတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေသူပါ။ သူကတော့ ဒီလိုအခြေအနေထိရောက်အောင် ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ကြိုးစားခဲ့ရတဲ့အကြောင်းကို ချစ်ရတဲ့ပရိသတ်ကြီးအတွက် မျှဝေပေးခဲ့ပါတယ်။

သူကတော့ အနုပညာအလုပ်ကိုဝါသနာပါလွန်းလို့ ဆယ်တန်းအောင်ပြီးချိန်မှာ ရေနံချောင်းမြို့ကနေ ထွက်ခွာခဲ့ပြီး ရန်ကုန်တက်အလုပ်လုပ်ခဲ့သူပါ။ အရင်ဆုံး မွေ့ရာကုမ္ပဏီမှာအလုပ်စဝင်ခဲ့ကာ အဲ့ဒီကနေမှ သွပ်- ရေပိုက်လုပ်တဲ့ ကုမ္ပဏီကိုပြောင်းခဲ့ပါတယ်တဲ့။ အဲ့ဒီကုမ္ပဏီအတွက် ကြော်ငြာလာရိုက်တဲ့ ဒါရိုက်တာကိုအောင်မင်းသိမ်းနဲ့သိကျွမ်းခဲ့ပြီး လမ်းစရခဲ့ပေမယ့် အလုပ်တစ်ဖက်နဲ့မို့ အနုပညာအလုပ်ဘက်ကို လှည့်မရခဲ့ပါဘူးတဲ့ ပရိသတ်ကြီးရေ.. ဒါပေမယ့် အနုပညာအလုပ်က ပိုအရေးကြီးတာမို့ နောက်ထပ်အချိန်ပိုမယ့်အလုပ်တစ်ခုကိုပြောင်းရင်း ဒါရိုက်တာအောင်မင်းသိမ်းနောက်ကိုလိုက်ကာ ရှူတင်မန်နေဂျာလုပ်ရင်း တစ်ခန်းစနှစ်ခန်းစ စတင်ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်မှာတော့ ရေနံချောင်းပြန် တက္ကသိုလ်ပညာရေးဆုံးခန်းတိုင်အောင်ပြုလုပ်ပြီး နောက်ပိုင်းမှာမှ အနုပညာလောကထဲကို ထဲထဲဝင်ဝင် ဝင်ရောက်ခဲ့တဲ့အကြောင်း မျှဝေခဲ့ပါတယ်။

ရန်ကုန်မှာအနုပညာအလုပ်နဲ့ပဲ ရပ်တည်ရဖို့ ပိုက်ဆံချွေတာတဲ့အနေနဲ့ ခေါက်ဆွဲပြုတ်တွေပဲ ခြောက်လလောက်သောက်ခဲ့ရပါတယ်တဲ့… ဗွီဒီယိုဇာတ်ကားမင်းသားအနေနဲ့ စရိုက်တော့လည်း နယ်တွေကိုလိုက်ရောင်းတော့ အသစ်ဆိုအားမပေးကြတဲ့ နယ်ကိုယ်စားလှယ်တချို့က အိမ်ထဲတောင်အဝင်မခံခဲ့ကြောင်း မျှဝေခဲ့ပါသေးတယ်။ အဲ့ဒီကနေမှကြိုးစားရင်းနဲ့ နေထူးနိုင်ဆိုပြီး နာမည်တစ်လုံးနဲ့ ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။ သူကိုယ်တိုင်ဒီအခြေအနေရောက်အောင် မနည်းရုန်းကန်ခဲ့ရသူမို့ နေထူးနိုင်ကတော့ တကယ်ဝါသနာပါတဲ့သူတွေကို ရိုက်ချင်တဲ့စိတ်နဲ့သာလာခဲ့ကြ တတ်နိုင်သလောက်နေရာပေးပြီး ကြိုဆိုသွားမှာပါတဲ့ ပရိသတ်ကြီးရေ…

Source – Nay Htoo Naing
Credit – Cele Gabar

Leave a Comment