အိမ်နီးနားချင်းတွေနဲ့ အိမ်ခြေရာမဲ့ လူတွေကို စပါကတီ ကိုယ်တိုင်ချက်ကျွေးခဲ့တဲ့ Sinon




Source: Sinon Loresca
Credit -CeleGabar

UNICODE

အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေမှာပါ အောင်မြင်ကျော်ကြားတဲ့ မြန်မာ့ပရိသတ်တွေရဲ့ အသည်းကျော် ဖိလစ်ပိုင်ဆယ်လီ Sinon Loresca ကတော့ အိမ်နီးနားချင်းတွေနဲ့ အိမ်ခြေရာမဲ့ လူတွေကို စပါကတီ ကိုယ်တိုင်ချက်ကျွေးခဲ့ပါတယ်တဲ့။ သူကတော့ ဘဝပေးကံမကောင်းတဲ့သူတွေကို အမြဲတမ်းထောက်ပံ့ပေးနေမယ်အကြောင်းလည်း ပြောပြထားပါတယ်။

Sinon ကတော့ အိမ်နီးနားချင်းတွေနဲ့ အိမ်ခြေရာမဲ့ လူတွေကို စပါကတီ ကိုယ်တိုင်ချက်ကျွေးခဲ့တဲ့အကြောင်းကို “ဒီနေ့ ကျွန်တော် ကျွန်တော်တို့ ရဲ့ အနီးအနားမှာရှိတဲ့ အိမ်နီးနားချင်းတွေနဲ့ အိမ်ခြေရာမဲ့ လူတွေကို ကျွန်တော် ရဲ့အထူးစပရှယ်ဖြစ်တဲ့ နန်းကြီးသုတ် (Spaghetti) ကို ကျွေးရအောင်ချက်ထားပါတယ် ကျွန်တော်ကတော့ အမြဲတမ်းကျွန်တော့်ရဲ့ ဘဝပေးကံမကောင်းတဲ့သူတွေကို အမြဲတမ်းထောက်ပံ့ပေးနေမှာပါ အခွင့်အရေးရရင်သလိုထောက်ပံ့ပေးနေမှာပါ သူတို့ကျတော့်ရဲ့နန်းကြီးသုတ်ကိုကြိုက်နှစ်သက်လိမ့်မယ်လို့ကျတော်ယုံကြည်ပါတယ်Wanna try my spaghetti my loves ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ Sinonကတော့ မကြာသေးမှီကလည်း ရောဂါကပ်ဘေးကြီးကို ကာကွယ်ပေးနေကာ Front liners တွေထဲမှာ အပါအဝင်ဖြစ်တဲ့ နေအိမ်အနီးနားက အမှိုက်သိမ်းသူနဲ့လုံခြုံရေးအစောင့်တွေအတွက် ကိုယ်တိုင်အသားညှပ်ပေါင်မုန့် လုပ်ကျွေးခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ မြန်မာပရိသတ်တွေရဲ့ အချစ်တော် ကမ္ဘာကျော် LGBT မော်ဒယ်လ် Sinon Loresca ကတော့ လူတိုင်းအပေါ် စိတ်စေတနာကောင်းထားတတ်သူဖြစ်ပြီး လက်ရှိမှာတော့ အိမ်နီးနားချင်းတွေနဲ့ အိမ်ခြေရာမဲ့ လူတွေကို စပါကတီ ကိုယ်တိုင်ချက်ကျွေးခဲ့ပါသေးတယ်တဲ့နော်။ ပရိသတ်ကြီးရေ Sinon ကတော့ ဘဝပေးကံမကောင်းတဲ့သူတွေကို အမြဲတမ်းထောက်ပံ့ပေးနေမှာပါတဲ့…..

Source: Sinon Loresca
Credit -CeleGabar

Leave a Comment