အေမရိကန္တို႔ အီရန္ဗိုလ္ခ်ဳပ္ႀကီး ဆူေလမန္နီကို MQ-9 REAPER ဒ႐ုန္းျဖင့္ လုပ္ႀကံခဲ့စဥ္က

အေမရိကန္တိုက္ခိုက္ေရးဒ႐ုန္းေတြက အီရန္ ထိပ္တန္း ဗိုလ္ခ်ဳပ္ႀကီး ဆူေလမန္နီကို လုပ္ႀကံသတ္ျဖတ္မႈမွာ တိက်ေသခ်ာတဲ့ သတင္းေပးေတြ၊အီလက္ထရြန္နစ္ၾကားျဖတ္ ကရိယာေတြ၊ ကင္းေထာက္ ေစာင့္ၾကည့္ ေထာက္လွမ္းေရးေလယာဥ္ေတြ ပူးေပါင္း စစ္ဆင္ခဲ့ေၾကာင္း အေမရိကန္ အၿငိမ္းစားေထာက္လွမ္းေရး တပ္မႉးႀကီးတစ္ဦးက ေျပာဆိုခဲ့ေၾကာင္း နယူးေယာက္တိုင္းမ္ သတင္းေတြက ေဖာ္ျပထား ပါတယ္။အီရန္ဗိုလ္ခ်ဳပ္ႀကီး ဆူေလ မန္နီဟာ ၾကာသပေတးေန႔ညက အီရန္နိုင္ငံ တီဟီရန္မွ ထြက္ခြာလာခဲ့ၿပီး ဘဂၢဒက္ေလဆိပ္သို႔ ေရာက္ရွိခဲ့ပါတယ္။ဒီေနာက္ လာေရာက္ ႀကိဳဆိုေနတဲ့ အီရတ္ PMF စစ္ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ႀကီး တစ္ဦးနဲ႔ အတူ ကားႏွစ္စီးနဲ႔ ထြက္ခြာလာခါစ ေလဆိပ္ ကာဂို ဧရိယာအနီး (မျမင္နိုင္တဲ့ ေကာင္းကင္အျမင့္ေပ ၅ဝဝဝဝခန႔္ထိ ပ်ံသန္းေနတဲ့) MQ-9 Reaper တိုက္ခိုက္ေရးဒ႐ုန္း ႏွစ္စင္းက ပစ္လႊတ္ခဲ့တဲ့ ေလဆာလမ္းညႊန္ ပဲ့ထိန္းဒုံးေတြရဲ့ ေပါက္ကြဲမႈေၾကာင့္ ႐ုပ္ပ်က္ဆင္းပ်က္ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။အီရန္ဗိုလ္ခ်ဳပ္ႀကီးဆူေလမန္နီ ေသဆုံးေၾကာင္းကို သူ႔ရဲ့ လက္မွာ အျမဲစြပ္ထားေလ့ရွိတဲ့ လက္စြပ္ပါ လက္ျပတ္ကိုၾကည့္ၿပီး အတည္ျပဳခဲ့ ရတယ္လို႔ ဆိုပါတယ္။ဒီလို ရန္သူ႔ အေရးႀကီး တန္ဘိုးျမင့္ ပစ္မွတ္ (HVT) ကို ေခ်မႈန္းနိုင္ဖို႔ အတြက္ အစၥေရး ေထာက္လွမ္းေရး ေမာ့ဆက္ ပါဝင္ခဲ့တယ္လို႔ သတင္းႀကီးလ်က္ ရွိေပမယ့္ လုပ္ႀကံခဲ့တာဟာ အစၥေရးရဲ့ လက္ရာ မဟုတ္။

Burning debris are seen on a road near Baghdad International Airport, which according to Iraqi paramilitary groups were caused by three rockets hitting the airport in Iraq, January 3, 2020, in this image obtained via social media. Iraqi Security Media Cell via REUTERS ATTENTION EDITORS – THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. MANDATORY CREDIT. NO RESALES. NO ARCHIVES. TPX IMAGES OF THE DAY

အေမရိကန္ စတိုင္လ္သက္သက္သာ ျဖစ္တယ္လို႔ဆိုပါတယ္။ အီရတ္ နိုင္ငံအတြင္းမွာ ယခုလို စစ္ဆင္ေရးအတြက္ အသုံးျပဳခဲ့တဲ့ MQ-9 Reaper တိုက္ခိုက္ေရး ဒ႐ုန္းေတြ ျဖန႔္ၾကက္ထားတဲ့ ေလတပ္ အေျခခ် စခန္း မရွိပါဘူး။ဘဂၢဒက္ၿမိဳ႕နဲ႔အနီးဆုံး ေလတပ္ အေျခခ် စခန္း ၃ခု ရွိပါတယ္။ ၎တို႔မွာကူဝိတ္နိုင္ငံရွိ Ali al-Salem airbase ေလတပ္စခန္း၊ ကာတာနိုင္ငံက al Udeid airbase ေလတပ္စခန္း၊ ယူေအအီးနိုင္ငံရွိ Al Dafra airbase ေလတပ္ အေျခခ်စခန္းတို႔ ျဖစ္ပါတယ္။ကူဝိတ္နိုင္ငံရွိ Ali al-Salem airbase ဟာ လူသိနည္းတဲ့တိတ္တိတ္ပုန္း ေလတပ္စခန္း တစ္ခု ျဖစ္ၿပီး ဘဂၢဒက္ေလဆိပ္နဲ႔ ၆၆၂ ကီလိုမီတာ (၄၁၃ မိုင္ခန႔္သာ) ကြာေဝးတာမို႔တစ္နာရီလ်င္ မိုင္ ၃၀၀ ႏႈန္းနဲ႔ ပ်ံသန္းနိုင္တဲ့ MQ-9 Reaper ဒ႐ုန္းဟာ တစ္နာရီခြဲေတာင္ မေမာင္းရပဲ ဘဂၢဒက္ေလဆိပ္အနီးက ေကာင္းကင္ယံမွာ ေယာင္ေပေပ ဝဲပ်ံၿပီး ပစ္မွတ္အတည္ျပဳခ်က္ကို ေစာင့္ေနမွာ ျဖစ္ပါတယ္။

MQ-9 Reaper တိုက္ခိုက္ေရးဒ႐ုန္းေတြမွာ တပ္ဆင္အသုံးျပဳေနတဲ့ Honeywell TPE331- 10 turbopropအင္ဂ်င္ဟာ ဆီစားႏႈန္း သက္သာတဲ့အတြက္ ေကာင္းကင္မွာ ဝန္အျပည့္နဲ႔ ၁၄နာရီၾကာေအာင္ ပ်ံသန္းနိုင္ပါတယ္။ဒါ့အျပင္ အင္ဂ်င္စက္သံဟာ ဆူညံမႈ အလြန္ နည္းတဲ့အတြက္ ရန္သူ႔ နယ္ေျမထဲကို တိတ္တဆိတ္ ဝင္ေရာက္ရန္အဆင္ေျပေစမွာ ျဖစ္ပါတယ္။အျမင့္ေပ ၅၀၀၀၀(၁ဝမိုင္)နီးပါး ပ်ံသန္းၿပီး AGM-114 Hellfireမစ္ဇိုင္း ကို ၆.၈မိုင္အကြာမွ ပစ္ခတ္တိုက္ခိုက္နိုင္စြမ္း ရွိတာေၾကာင့္ ယခုလို ေျမျပင္နဲ႔ ၿဂိဳဟ္တု ေထာက္လွမ္းေရး စနစ္မ်ား၊ ေထာက္လွမ္းေရးေလယာဥ္မ်ားရဲ့ အကူအညီ ကြန္ယက္ကို မွန္ကန္စြာ အသုံးခ် နိုင္တဲ့ အေနအထားအရ ရန္သူ႔ပစ္မွတ္ကို ေအာင္ျမင္စြာ ေခ်မႈန္းနိုင္ခဲ့တာ ျဖစ္ပါတယ္။

UNICODE

အမေရိကန်တိုက်ခိုက်ရေးဒရုန်းတွေက အီရန် ထိပ်တန်း ဗိုလ်ချုပ်ကြီး ဆူလေမန်နီကို လုပ်ကြံသတ်ဖြတ်မှုမှာ တိကျသေချာတဲ့ သတင်းပေးတွေ၊အီလက်ထရွန်နစ်ကြားဖြတ် ကရိယာတွေ၊ကင်းထောက် စောင့်ကြည့် ထောက်လှမ် းရေးလေယာဉ်တွေ ပူးပေါင်း စစ်ဆင်ခဲ့ကြောင်း အမေရိကန် အငြိမ်းစားထောက်လှမ်းရေး တပ်မှူးကြီးတစ်ဦးက ပြောဆိုခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းတွေက ဖော်ပြထား ပါတယ်။အီရန်ဗိုလ်ချုပ်ကြီး ဆူလေ မန်နီဟာ ကြာသပတေးနေ့ညက အီရန်နိုင်ငံ တီဟီရန်မှ ထွက်ခွာလာခဲ့ပြီး ဘဂ္ဂဒက်လေဆိပ်သို့ ရောက်ရှိခဲ့ပါတယ်။ဒီနောက် လာရောက် ကြိုဆိုနေတဲ့ အီရတ် PMF စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီး တစ်ဦးနဲ့ အတူ ကားနှစ်စီးနဲ့ ထွက်ခွာလာခါစ လေဆိပ် ကာဂို ဧရိယာအနီး (မမြင်နိုင်တဲ့ ကောင်းကင်အမြင့်ပေ ၅ဝဝဝဝခန့်ထိ ပျံသန်းနေတဲ့) MQ-9 Reaper တိုက်ခိုက်ရေးဒရုန်း နှစ်စင်းက ပစ်လွှတ်ခဲ့တဲ့ လေဆာလမ်းညွှန် ပဲ့ထိန်းဒုံးတွေရဲ့ ပေါက်ကွဲမှုကြောင့် ရုပ်ပျက်ဆင်းပျက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။အီရန်ဗိုလ်ချုပ်ကြီးဆူလေမန်နီ သေဆုံးကြောင်းကို သူ့ရဲ့ လက်မှာ အမြဲစွပ်ထားလေ့ရှိတဲ့ လက်စွပ်ပါ လက်ပြတ်ကိုကြည့်ပြီး အတည်ပြုခဲ့ ရတယ်လို့ ဆိုပါတယ်။ဒီလို ရန်သူ့ အရေးကြီး တန်ဘိုးမြင့် ပစ်မှတ် (HVT) ကို ချေမှုန်းနိုင်ဖို့ အတွက် အစ္စရေး ထောက်လှမ်းရေး မော့ဆက် ပါဝင်ခဲ့တယ်လို့ သတင်းကြီးလျက် ရှိပေမယ့် လုပ်ကြံခဲ့တာဟာ အစ္စရေးရဲ့ လက်ရာ မဟုတ်။

အမေရိကန် စတိုင်လ်သက်သက်သာ ဖြစ်တယ်လို့ဆိုပါတယ်။ အီရတ် နိုင်ငံအတွင်းမှာ ယခုလို စစ်ဆင်ရေးအတွက် အသုံးပြုခဲ့တဲ့ MQ-9 Reaper တိုက်ခိုက်ရေး ဒရုန်းတွေ ဖြန့်ကြက်ထားတဲ့ လေတပ် အခြေချ စခန်း မရှိပါဘူး။ဘဂ္ဂဒက်မြို့နဲ့အနီးဆုံး လေတပ် အခြေချ စခန်း ၃ခု ရှိပါတယ်။ ၎င်းတို့မှာကူဝိတ်နိုင်ငံရှိ Ali al-Salem airbase လေတပ်စခန်း၊ ကာတာနိုင်ငံက al Udeid airbase လေတပ်စခန်း၊ ယူအေအီးနိုင်ငံရှိ Al Dafra airbase လေတပ် အခြေချစခန်းတို့ ဖြစ်ပါတယ်။ကူဝိတ်နိုင်ငံရှိ Ali al-Salem airbase ဟာ လူသိနည်းတဲ့တိတ်တိတ်ပုန်း လေတပ်စခန်း တစ်ခု ဖြစ်ပြီး ဘဂ္ဂဒက်လေဆိပ်နဲ့ ၆၆၂ ကီလိုမီတာ (၄၁၃ မိုင်ခန့်သာ) ကွာဝေးတာမို့တစ်နာရီလျင် မိုင် ၃၀၀ နှုန်းနဲ့ ပျံသန်းနိုင်တဲ့ MQ-9 Reaper ဒရုန်းဟာ တစ်နာရီခွဲတောင် မမောင်းရပဲ ဘဂ္ဂဒက်လေဆိပ်အနီးက ကောင်းကင်ယံမှာ ယောင်ပေပေ ဝဲပျံပြီး ပစ်မှတ်အတည်ပြုချက်ကို စောင့်နေမှာ ဖြစ်ပါတယ်။

MQ-9 Reaper တိုက်ခိုက်ရေးဒရုန်းတွေမှာ တပ်ဆင်အသုံးပြုနေတဲ့ Honeywell TPE331- 10 turbopropအင်ဂျင်ဟာ ဆီစားနှုန်း သက်သာတဲ့အတွက် ကောင်းကင်မှာ ဝန်အပြည့်နဲ့ ၁၄နာရီကြာအောင် ပျံသန်းနိုင်ပါတယ်။ဒါ့အပြင် အင်ဂျင်စက်သံဟာ ဆူညံမှု အလွန် နည်းတဲ့အတွက် ရန်သူ့ နယ်မြေထဲကို တိတ်တဆိတ် ဝင်ရောက်ရန်အဆင်ပြေစေမှာ ဖြစ်ပါတယ်။အမြင့်ပေ ၅၀၀၀၀(၁ဝမိုင်)နီးပါး ပျံသန်းပြီး AGM-114 Hellfireမစ်ဇိုင်း ကို ၆.၈မိုင်အကွာမှ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်း ရှိတာကြောင့် ယခုလို မြေပြင်နဲ့ ဂြိုဟ်တု ထောက်လှမ်းရေး စနစ်များ၊ ထောက်လှမ်းရေးလေယာဉ်များရဲ့ အကူအညီ ကွန်ယက်ကို မှန်ကန်စွာ အသုံးချ နိုင်တဲ့ အနေအထားအရ ရန်သူ့ပစ်မှတ်ကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Leave a Comment