မင္းေအာင္လွိုင္၏ လူသားမ်က္ႏွာဖုံးစြပ္ ကမ္ပိန္း ႏွင့္ အေရွ႕ေတာင္ အ ာရွ ေႏြဦး ေတာ္လွန္ေရးႀကီး

တ႐ုတ္ သံအမတ္ႀကီး က တ႐ုတ္ အစိုးရအေနျဖင့္ ျမန္မာျပည္၏ စစ္အာဏာသိမ္းမႈကို ႀကိဳတင္ သိရွိထားျခင္း မရွိေၾကာင္း၊ ယခုလို ျဖစ္လာေနသည္ကို မိမိတို႔ ျမင္ေတြ႕လိုျခင္း မရွိေၾကာင္း ႏွင့္ စစ္ေခါင္းေဆာင္မ်ားကို အကူအညီေပးေနသည္မွာ မဟုတ္ေၾကာင္း၊ “ရယ္စရာ ေကာင္း” သည့္ စြပ္စြဲမႈ မ်ားသာ ျဖစ္ေၾကာင္း၊ နိုင္ငံေရး ပါတီမ်ား၊ ရဲ ႏွင့္ စစ္တပ္မ်ားဖက္က လည္း အၾကမ္းမဖက္ၾကရန္ အစရွိသျဖင့္ မေန႔က ျပဳလုပ္ေသာ သတင္းစာ ရွင္းလင္းပြဲတြင္ ရွည္လ်ားစြာ ျငင္းဆိုသြားၿပီး သက္ဆိုင္သည့္ အဖြဲ႕အစည္းမ်ား ညႇိႏွိုင္းေဆြးေႏြးၾကရန္ တိုက္တြန္းေနေသာ္လည္း ထိုေန႔မွာပင္ နိုင္ငံေတာ္ အတိုင္ပင္ခံ ႏွင့္ သမၼတႀကီး ဦးဝင္းျမင့္တို႔ကို လ်ိဳ႕ဝွက္စြာ တရားစီရင္မႈမွာ စတင္ခဲ့ေလၿပီ ျဖစ္သည္။အစအဆုံး အခ်ိန္တနာရီမၽွပင္ မၾကာလိုက္ဘဲ ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ထပ္ တမႈတိုးလာခဲ့သည္။ ကိုဗစ္-၁၉ ျဖစ္ပြားေနစဥ္အတြင္း လူထု ႏွင့္ ထိေတြ႕ခဲ့သည္ ဆိုေသာ စြပ္စြဲခ်က္ပင္ ျဖစ္သည္။ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္တို႔ကိုယ္တိုင္ သီတဂူႏွင့္ ေပါင္းကာ ေက်ာက္တုံးႀကီးမ်ားစြာကို၊ အခမ္းအနားႏွင့္ အႀကိမ္ႀကိမ္ သယ္ယူေနၾကသည္ကို၊ ေမ့ေလ်ာ့သြားၾကၿပီ ျဖစ္သည္။ထိုသို႔ ၎တို႔ စြပ္စြဲသည့္ အမႈမ်ားမွာ ရယ္ဖြယ္ရာသာ ျဖစ္ေသာ္လည္း ထိုသို႔ေသာ အမႈ ျဖင့္ တတိုင္းျပည္လုံးကို ေထာင္ထဲ ထည့္လို႔ ရသည္ဟူေသာ စစ္အာဏာရွင္တို႔၏ ၿခိမ္းေျခာက္လိုက္မႈလည္း ျဖစ္သည္။ထိုသို႔ မတရားမႈမ်ား အနိုင္က်င့္မႈ မ်ားေၾကာင့္ ၎တို႔ ရည္ရြယ္သလို ျဖစ္မလာပဲ ဆန႔္က်င့္ မႈမ်ားသာ အားေကာင္းသည္ထက္ အားေကာင္းလာေနရသည္။၎တို႔မွ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတႀကီးကို လူထု အာ႐ုံမစိုက္ေစရန္ ထိုသို႔ ခိုးေၾကာင္ခိုးဝွက္ ျပဳလုပ္လာၾကေသာ္လည္း သတင္းရသည့္ လူထုႀကီးကား ဆူးေလဘုရားအနီးတြင္ သိန္းခ်ီၿပီး စု႐ုံး ေရာက္ရွိလာေနၿပီ ျဖစ္သည္။သတိထားရမည့္ အခ်က္မွာ မိမိတို႔ လုပ္မည့္အေရးကို ေစာစီးစြာ သတင္း မထုတ္ျပန္မိေစရန္ပင္ ျဖစ္သည္။ဗိုလ္ခ်ဳပ္မႉးႀကီ မင္းေအာင္လွိုင္သည္ ယခုအခါ War of Attrition ဆိုကာ လူထုအေနႏွင့္သူ႔အလိုလို အားေပ်ာ့သြားေစရန္ လူသားမ်က္ႏွာဖုံး စြပ္ကာ ေစာင့္ၾကည့္ေနခ်ိန္ ျဖစ္သည္။

ထို႔အတြက္ သူထင္သလို ျဖစ္မလာ ဆိုသည္ကို သူႏွင့္ သူ႔အား ေစာင့္ၾကည့္ေနသူမ်ား သိေအာင္ ျပသရမည္ ျဖစ္သည္။ ေနျပည္ေတာ္တြင္လည္း ျပန္ၾကားေရး ဒုဝန္ႀကီး ဆိုသူ ေဇာ္မင္းထြန္းသည္ လူသားမ်က္ႏွာ ကမ္းပိန္း တစိတ္တပိုင္း အျဖစ္ အရပ္ဝတ္ ႏွင့္ ထြက္ေပၚလာၿပီး၎တို႔၏ ထုံးစံအတိုင္း “သူခိုးက လူျပန္ဟစ္သည့္ ဇာတ္မ်ိဳး” ခင္းက်င္း လာခဲ့သည္။ ယခုအခါ တနိုင္ငံလုံး အႏွံ အင္အား ၇၅၀,၀၀၀ ခန႔္ ရွိ ဆရာဝန္မ်ား၊ ဆရာဆရာမမ်ား၊ ႐ုံးဝန္ထမ္းမ်ား၊ မီးရထား လုပ္သားမ်ား၊ ဓါတ္အားေပး စက္႐ုံ ဝန္ထမ္းမ်ား၊ပုဂၢလိက ဘဏ္ဝန္ထမ္းမ်ား အစရွိသည့္ ဝန္ထမ္းေပါင္းစုံႏွင့္ အႏုပညာရွင္တို႔၏ အေထြေထြ သပိတ္တိုက္ပြဲႀကီးကို “မ်ိဳးခ်စ္စိတ္ ကင္းမဲ့သည့္ လုပ္ရပ္” ဟု ေျပာဆိုလာခဲ့သည္။ေဖ့စ္ဘုတ္ကို တားျမစ္ထားမႈကို သတင္းမွားမ်ား ျဖန႔္ခ်ီရာ ျဖစ္၍ ဟု ဆိုသည္။တကယ္တမ္း တြင္ သတင္းမွားမ်ား ျဖန႔္ခ်ီေနသူမ်ားသည္ ၎တို႔သာ ျဖစ္သည္ကို ကာကယံရွင္ ေဖ့စ္ဘုတ္က သိရွိၿပီး ပိတ္ပင္လာသည္ကိုပင္ ကိုယ့္သိကၡာ ကိုယ္မရွက္ ေျပာဆိုလာျပန္သည္။ျပည္သူမ်ားကလည္း အဆိုပါ သတင္းစာ ရွင္းလင္းပြဲ live လႊင့္လာသည္ကို ရယ္စရာ အျဖစ္ ဟဟ မ်ား ေပးကာ တုန႔္ျပန္ခဲ့ၾကသည့္အျပင္ သတင္းမွားမ်ား ျဖန႔္ခ်ီ ေနသည္ဆိုကာ ရီပို႔မ်ား ဝိုင္းထုခဲ့ၾကသည္ဟု နယူးေယာက္တိုင္းမ္ သတင္းစာႀကီးတြင္ ေဖၚျပခဲ့ၾကသည္။ေလာေလာဆယ္တြင္ ၎တို႔ လုပ္ငန္းမ်ား လုံးဝရပ္တန႔္သြားေအာင္ ကန႔္ကြက္ ဆႏၵျပေနသည့္ ျပည္သူမ်ားက အႏၲရာယ္ကို အေရးမထား နိုင္ပဲ ဗဟိုဘဏ္ ေရွ႕တြင္ ႐ုံးမတက္ေအာင္ ပိတ္ဆို႔ျခင္း၊ ရထားလမ္းမ်ား ကို ပိတ္ဆို႔ျပစ္ျခင္း မ်ား အထိ လုပ္လာရၿပီ ျဖစ္သည္။ထိုသို႔ေသာ လုပ္ရပ္မ်ားေၾကာင့္ ေသြးစြန္းသြားမည္ဆိုလၽွင္ ထမင္းဘူးေလးကိုင္ကာ ႐ုံးလာတက္ေနသူမ်ား၊ အလုပ္ျပန္တက္ရန္ ေဆာ္ဩသူမ်ား၏ တာဝန္သာ ျဖစ္ေပလိမ့္မည္။

ယခုအခါ ဗိုလ္ခ်ဳပ္မႉးႀကီ မင္းေအာင္လွိုင္ႏွင့္ ၎၏ အလိုေတာ္ရိမ်ားက ေရြးေကာက္ပြဲတြင္ မရႈမလွ ရႈံးနိမ့္သြားရသည္ကို ရွက္ရမ္းရမ္းကာ တိုင္းျပည္အား ေခ်ာက္ထဲသို႔ တြန္းခ်လာေနသည့္ တမ်ိဳးသားလုံး ရင္ဆိုင္ေနၾကရေသာ အႏၲရာယ္ႀကီးကို တံမ်က္စီးလွဲသူကအစ ဝန္ထမ္းအားလုံး CDM လႈပ္ရွားမႈႀကီးတြင္သာ ပါဝင္လာမည္ဆိုလၽွင္ လုံးဝေက်ာ္လႊားနိုင္မည္ ျဖစ္သည္။နိုင္ငံေရးကို တလုံးတပါဒမၽွ စိတ္ဝင္စားျခင္း မရွိခဲ့သည့္ လူငယ္လူရြယ္ေလးမ်ားပင္ မတရားမႈကို ရြံရွာ မုန္းတီးစိတ္၊ မိမိတို႔ အနာဂတ္ အေရး ကို စိုးရိမ္ပူပင္လာေသာ စိတ္မ်ားျဖင့္ မိမိတို႔ ပုခုံးေပၚ က်ေရာက္လာ ေနသည့္ သမိုင္းေပးတာဝန္ႀကီးအား ထမ္းေဆာင္ေနၾကၿပီ ျဖစ္သည္ သတိမူမိရန္လိုသည္။မိဘမ်ားက မိမိတို႔ တခဏတာ ေကာင္းစားေရး သာ ၾကည့္ၿပီး သားသမီးမ်ားအား နင္တို႔ လူႀကီးျဖစ္လာလၽွင္ လည္း ၾကည့္က်က္ ႐ုန္းကန္ၾကေပေတာ့ ဆိုကာ မ်က္ႏွာလႊဲ ခဲပစ္ မထားသင့္၊ ေရသာမခိုသင့္ေပ။စစ္အာဏာရွင္မ်ား ရွင္သန္ေနသေရြ႕ မိမိတို႔ သားသမီးမ်ားသည္ ပုခြက္တြင္း မွ သခ်ႋုင္းေရာက္သည္အထိ မငတ္႐ုံတမည္ မဝေရစာျဖင့္ အသက္ရွင္သန္ ေနထိုင္ၾကရေတာ့မည္ ဆိုသည္ကို သေဘာေပါက္ၾကရမည္ ျဖစ္သည္။ၾကဳံလည္း ၾကဳံခဲ့ၾကရၿပီး ၿပီ ျဖစ္သည္။ ထိုသို႔ေသာ အျဖစ္မ်ားကို ခြင့္ျပဳေပးေနေသာ စနစ္ႀကီးသည္ မွားယြင္းေန၍သာ ျဖစ္မည္။ ထို႔အတြက္ ေျပာင္းလဲသင့္သည္ဟု မယူဆသင့္ေပဘူးေလာ။ကၽြန္ေတာ္တို႔ အားလုံး သိထားသင့္သည္မွာ အာဏာသိမ္း အဖြဲ႕သည္ ေသြးပ်က္ေနေသာ အေျခအေနတြင္ပင္ ၎တို႔မွ တိုင္းျပည္ကို နိုင္နင္းစြာ အုပ္ခ်ဳပ္ နိုင္ၿပီဟု လူထုအား ထင္ေယာင္ထင္မွား ျဖစ္ေစရန္ လူသားမ်က္ႏွာဖုံး စြပ္ကာ လွည့္ဖ်ားေနဆဲ ျဖစ္သျဖင့္ ၎တို႔ ေအာင္ျမင္သြားသည္ ဆိုလၽွင္ ပင္ တိုင္းျပည္သည္ ဖုတ္လွိုက္ ဖုတ္လွိုက္ ဘဝႏွင့္ စခန္းသြားၾကရေပေတာ့မည္။

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အစိုးရ ငါးႏွစ္တာ ႀကိဳးပမ္းခဲ့ေသာ တည္ေဆာက္ ျပဳျပင္ခဲ့မႈမ်ား ေရစုံေမ်ာေပေတာ့မည္၊ မင္းဘ႑ာ ကိုယ့္ဟာမွတ္ကာ ခိုးဆိုး လုယက္ အက်င့္ ပ်က္မႈမ်ားလည္း တစခန္း ထလာေပဦးမည္။ဤသည္တို႔ကို ၎တို႔မ်ား နိုင္သြားလၽွင္ ဆိုလၽွင္ ေၾကာင့္က် ေနသူမ်ား သေဘာေပါက္ရန္လိုသည္။လက္ရွိ အေနအထားတြင္ ဗိုလ္ခ်ဳပ္မႉးႀကီ မင္းေအာင္လွိုင္ႏွင့္ အဖြဲ႕သည္ တိုင္းျပည္ကို တိုးတက္ေအာင္ လုပ္နိုင္စြမ္း ရွိသူမ်ား ဟုတ္မဟုတ္ အရင္ ေမးခြန္းထုတ္သင့္သည္။မဟုတ္ဟု ယူဆပါလၽွက္ ၎တို႔အား တနည္းမဟုတ္ တနည္း ေထာက္ခံေနမည္ဆိုလၽွင္ တိုင္းျပည္အေပၚ ကိုယ္က်ိဳးအတြက္ သစၥာေဖါက္သူမ်ား အျဖစ္ စာရင္းဝင္ၾကေပေတာ့မည္။၎တို႔ အဖို႔က စစ္သားမ်ားကို လစာေပးနိုင္ရန္ လုံးပမ္းေနရၿပီ ျဖစ္သည္။ ယခုအခါ ဂ်င္းသတင္းမ်ား ပလူပ်ံေနၿပီ ျဖစ္သည္။သို႔ေသာ္ ဂ်င္းသတင္းမ်ား ဆိုရာတြင္လည္း ျပည္သူမ်ား စိတ္အားတက္ေစမည္ထက္ အထိတ္တလန႔္ ျဖစ္ေစမည့္၊ ဆႏၵျပရာတြင္ မပါဝင္ရဲေအာင္ ျဖစ္ေစမည့္၊ ဖမ္းမယ္ ဆီးမယ္ သတ္မယ္ ျဖတ္မယ္ ဟူေသာ ဂ်င္းသတင္းမ်ားက ပို၍ ပင္ မ်ားျပားေနသည္။ထိုသတင္းမ်ားကို မျဖန႔္ျဖဴးၾကပါရန္ အေလးအနက္ တိုက္တြန္းလိုသည္၊ လိုအပ္လၽွင္ ေခါင္းေဆာင္မ်ားက သတိေပးပါလိမ့္မည္၊ မိမိတို႔ မစဥ္းစား မဆင္ျခင္ဘဲ ျပဳမူေနမႈမ်ားသည္ ဆႏၵျပသူမ်ား၏ စိတ္ဓါတ္ေရးရာကို လြန္စြာ ထိခိုက္ေအာင္ ျဖစ္ေစသည္ကို သတိမူၾကပါ။ျပည္သူမ်ားက လူသား မ်က္ႏွာဖုံးစြပ္ မ်ား၏ ေကာက္က်စ္မႈ လွည့္ျဖားမႈမ်ား၊ ဆိုက္ဝါးမ်ား အႏၲရာယ္ကို ရင္ဆိုင္ေနရၿပီျဖစ္သည္။(၂) လက္ရွိတြင္ ျမန္မာ စစ္အာဏာသိမ္း ေခါင္းေဆာင္မ်ားက သမၼတ ဘိုင္ဒင္ကို သူအာဏာရယူၿပီး ဆယ္ရက္ အတြင္း ပထမဆုံး အႀကိမ္ နားရြက္ တံေတြး ဆြတ္လိုက္ျခင္း ျဖစ္ေသာ္လည္း ျမန္မာ အေရး ႏွင့္ ပတ္သက္၍ စီးပြားေရး ျပန္လည္ ဒဏ္ခတ္ ပိတ္ဆို႔ထားသည္ကလြဲ၍ ထူးထူးျခားျခား လႈပ္ရွားမႈ မေတြ႕ရေသးေပ။ဘိုင္ဒင္သည္ ယခု အခ်ိန္အထိ အေရွ႕အာရွ ႏွင့္ ပစိဖိတ္ေရးရာ လက္ေထာက္ နိုင္ငံျခားေရး ဝန္ႀကီး မခန႔္အပ္ ရေသးသည့္အျပင္ ျမန္မာျပည္ရွိ အေမရိကန္ သံအမတ္သည္လည္း ထရန႔္ လက္ထက္ က ခန႔္အပ္ခံခဲ့ရသူ ျဖစ္ၿပီး တာဝန္ယူထားသည္မွာ ႏွစ္လ သက္တမ္းသာ ရွိေနေပေသးသည္။

လက္ရွိတြင္ အေမရိကန္၏ USAID မွလည္း ၎တို႔ ေပးရန္ရွိေသာ ေဒၚလာ သန္း (၄၀) ကို အဖြဲ႕အစည္းတခုခုက အခိုင္အမာ တာဝန္ယူၿပီး CDM ကို ကူညီရန္ လႊဲေျပာင္းေပးနိုင္ဖို႔ ေစာင့္ဆိုင္းေနသည္ဟု သတင္းမ်ား ရရွိေနသည္။ထိုကိစၥအတြက္ CRPH မွ အေမရိကန္ ႏွင့္ တရားဝင္ ေဆြးေႏြးဖို႔ ျပင္ဆင္ေနသည္ဟု ယူဆရသည္။အေမရိကန္ ႏွင့္ ၿဗိတိန္ တို႔မွ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားခ်က္မ်ားကို ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္မ်ား ထုတ္ျပန္ခဲ့ၾကသည္။အေမရိကန္ ရွိ ပါတီႀကီး ႏွစ္ရပ္မွ အာဏာသိမ္း အဖြဲ႕ကို ဘက္ေပါင္းစုံမွ ဖိအား အမ်ိဳးမ်ိဳး ေပးသြားမည္ဟု ေျပာဆိုေနၾကၿပီး အေမရိကန္ နိုင္ငံေရး အသိုက္အဝန္း မွ ျမန္မာစစ္တပ္၏ အႀကိမ္ႀကိမ္ က်ဴးလြန္ေနေသာ လုပ္ရပ္မ်ား အတြက္ စိတ္ကုန္လာၾကၿပီး ေျမာက္ကိုရီယား ပုံစံ ဆက္ဆံသြား ရမည္ဟု ေျပာဆိုလာေနၾကသည္။တ႐ုတ္ ၿပီးလၽွင္ အာဏာသိမ္း အဖြဲ႕ကို ေငြေရးေၾကးေရး အရ အသက္ဆက္ နိုင္ေအာင္ ကူညီေနသည့္ စကၤာပူ ႏွင့္ ဂ်ပန္ အားလည္း သတိေပးလိုက္သည္။စကၤာပူ ႏွင့္ ဂ်ပန္သည္ ယခုအခါ သာမန္ ျပည္သူမ်ားကို ထိခိုက္လာမည္၊ ဒက္ဒီၾကမ္းလၽွင္ မာမီေခ်ာ့မည္ ဟူေသာ ေဆာင္ပုဒ္ေအာက္တြင္ ပုန္းကြယ္ေနၾကဆဲ ျဖစ္သည္။အင္ဒိုနီရွား နိုင္ငံျခားေရး ဝန္ႀကီး မွ ျမန္မာတို႔၏ အေရး အေပၚ ျမဳံစိစိ လုပ္ေနေသာ အာဆီယံကို တက္ႂကြစြာ ပါဝင္လာေရး လႈံ႔ေဆာ္နိုင္ရန္ ဥကၠဌ အျဖစ္ တာဝန္ယူထားသည့္ ဘ႐ူးနိုင္း သို႔ ထြက္ခြာသြားၿပီ ျဖစ္သည္။ထို႔အျပင္ အေမရိကန္၊ တ႐ုတ္၊ အိႏၵိယ၊ ဂ်ပန္၊ ဩစေတးသ်၊ ႏွင့္ ကုလအတြင္းေရးမႉးခ်ဳပ္ အထူး သံတမန္မ်ား ႏွင့္ ဆက္သြယ္ေျပာဆိုေနသည္ဟု သိရသည္။အင္ဒိုနီရွားသည္ လက္ရွိ အာဆီယံ နိုင္ငံမ်ားထဲတြင္ စစ္အာဏာ သိမ္းမႈကို ျပင္းျပင္းထန္ထန္ တုန႔္ျပန္ေျပာဆိုခဲ့ေသာ တခုတည္းေသာ နိုင္ငံ အျဖစ္ ဆက္လက္ ရပ္တည္ေနဆဲ ျဖစ္သည္။အာဆီယံ နိုင္ငံမ်ားသည္ ျမန္မာျပည္တြင္ ႀကီးထြားလာေနေသာ ၿမိဳ႕ျပလူ႔အဖြဲ႕အစည္းမ်ား ၏ လႈပ္ရွားမႈႀကီးသည္ ၎တို႔ထံ ကူးစက္မလာေစရန္ စိုးရိမ္ေၾကာင့္ၾက ျဖစ္လၽွက္ရွိၿပီး ထိုအထဲတြင္ စကၤာပူက ထိပ္ဆုံးမွ ပါဝင္ေနသည္။စကၤာပူနိုင္ငံအတြင္း ျမန္မာ ျပည္သူမ်ား လုံးဝဆႏၵမျပနိုင္ရန္ နိုင္ငံတြင္းမွ ႏွင္ထုတ္မည္ အစရွိသည့္ အမ်ိဳးမ်ိဳး ၿခိမ္းေျခာက္သည့္ ေၾကညာခ်က္မ်ား ထုတ္ျပန္ေနသည္။၎တို႔ စိုးရိမ္မည္ ဆိုလည္း စိုးရိမ္စရာပင္၊ ယခုပင္ ျမန္မာျပည္၏ လူထုလႈပ္ရွားမႈႀကီးကို “အေရွ႕ေတာင္ အာရွ ေႏြဦး ေတာ္လွန္ေရး ႀကီး” ၏ အစဟု ကင္ပြန္းတပ္ ေရးသားလာၾကၿပီ ျဖစ္သည္။အေရးေတာ္ ပုံေအာင္ရမည္!!!CRD_Sir Hla Soe Wai

UNICODE

တရုတ် သံအမတ်ကြီး က တရုတ် အစိုးရအနေဖြင့် မြန်မာပြည်၏ စစ်အာဏာသိမ်းမှုကို ကြိုတင် သိရှိထားခြင်း မရှိကြောင်း၊ ယခုလို ဖြစ်လာနေသည်ကို မိမိတို့ မြင်တွေ့လိုခြင်းမရှိကြောင်းနှင့်စစ်ခေါင်းဆောင်များကို အကူအညီပေးနေသည်မှာ မဟုတ်ကြောင်း၊ “ရယ်စရာ ကောင်း” သည့် စွပ်စွဲမှု များသာ ဖြစ်ကြောင်း၊ နိုင်ငံရေး ပါတီများ၊ ရဲ နှင့် စစ်တပ်များဖက်က လည်း အကြမ်းမဖက်ကြရန် အစရှိသဖြင့် မနေ့က ပြုလုပ်သောသတင်းစာ ရှင်းလင် းပွဲတွင် ရှည်လျားစွာ ငြင်းဆိုသွားပြီး သက်ဆိုင်သည့် အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးကြရန် တိုက်တွန်းနေသော်လည်း ထိုနေ့မှာပင် နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့ကိုလျို့ဝှက်စွာ တရားစီရင်မှုမှာ စတင်ခဲ့လေပြီ ဖြစ်သည်။အစအဆုံး အချိန်တနာရီမျှပင် မကြာလိုက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် တမှုတိုးလာခဲ့သည်။ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်အတွင်း လူထု နှင့် ထိတွေ့ခဲ့သည် ဆိုသောစွပ်စွဲချက်ပင် ဖြစ်သည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကိုယ်တိုင် သီတဂူနှင့် ပေါင်းကာ ကျောက်တုံးကြီးများစွာကို၊ အခမ်းအနားနှင့် အကြိမ်ကြိမ် သယ်ယူနေကြသည်ကို၊ မေ့လျော့သွားကြပြီ ဖြစ်သည်။ထိုသို့ ၎င်းတို့ စွပ်စွဲသည့် အမှုများမှာ ရယ်ဖွယ်ရာသာ ဖြစ်သော်လည်း ထိုသို့သော အမှု ဖြင့် တတိုင်းပြည်လုံးကို ထောင်ထဲ ထည့်လို့ ရသည်ဟူသောစစ်အာဏာရှင်တို့၏ ခြိမ်းခြောက်လိုက်မှုလည်း ဖြစ်သည်။ထိုသို့ မတရားမှုများ အနိုင်ကျင့်မှု များကြောင့် ၎င်းတို့ ရည်ရွယ်သလို ဖြစ်မလာပဲ ဆန့်ကျင့် မှုများသာ အားကောင်းသည်ထက် အားကောင်းလာနေရသည်။၎င်းတို့မှ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးကို လူထု အာရုံမစိုက်စေရန် ထိုသို့ ခိုးကြောင်ခိုးဝှက် ပြုလုပ်လာကြသော်လည်း သတင်းရသည့် လူထုကြီးကား ဆူးလေဘုရားအနီးတွင် သိန်းချီပြီး စုရုံး ရောက်ရှိလာနေပြီ ဖြစ်သည်။သတိထားရမည့် အချက်မှာ မိမိတို့ လုပ်မည့်အရေးကို စောစီးစွာ သတင်း မထုတ်ပြန်မိစေရန်ပင် ဖြစ်သည်။ဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင်သည် ယခုအခါ War of Attrition ဆိုကာ လူထုအနေနှင့်သူ့အလိုလို အားပျော့သွားစေရန် လူသားမျက်နှာဖုံး စွပ်ကာ စောင့်ကြည့်နေချိန် ဖြစ်သည်။

ထို့အတွက် သူထင်သလို ဖြစ်မလာ ဆိုသည်ကို သူနှင့် သူ့အား စောင့်ကြည့်နေသူများ သိအောင် ပြသရမည် ဖြစ်သည်။ နေပြည်တော်တွင်လည်း ပြန်ကြားရေး ဒုဝန်ကြီး ဆိုသူ ဇော်မင်းထွန်းသည် လူသားမျက်နှာ ကမ်းပိန်း တစိတ်တပိုင်း အဖြစ် အရပ်ဝတ် နှင့် ထွက်ပေါ်လာပြီး၎င်းတို့၏ ထုံးစံအတိုင်း “သူခိုးက လူပြန်ဟစ်သည့် ဇာတ်မျိုး” ခင်းကျင်း လာခဲ့သည်။ ယခုအခါ တနိုင်ငံလုံး အနှံ အင်အား ၇၅၀,၀၀၀ ခန့် ရှိ ဆရာဝန်များ၊ ဆရာဆရာမများ၊ ရုံးဝန်ထမ်းများ၊ မီးရထား လုပ်သားများ၊ ဓါတ်အားပေး စက်ရုံ ဝန်ထမ်းများ၊ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ အစရှိသည့် ဝန်ထမ်းပေါင်းစုံနှင့် အနုပညာရှင်တို့၏ အထွေထွေ သပိတ်တိုက်ပွဲကြီးကို “မျိုးချစ်စိတ် ကင်းမဲ့သည့် လုပ်ရပ်” ဟု ပြောဆိုလာခဲ့သည်။ဖေ့စ်ဘုတ်ကို တားမြစ်ထားမှုကို သတင်းမှားများ ဖြန့်ချီရာ ဖြစ်၍ ဟု ဆိုသည်။တကယ်တမ်း တွင် သတင်းမှားများ ဖြန့်ချီနေသူများသည် ၎င်းတို့သာ ဖြစ်သည်ကို ကာကယံရှင် ဖေ့စ်ဘုတ်က သိရှိပြီး ပိတ်ပင်လာသည်ကိုပင် ကိုယ့်သိက္ခာ ကိုယ်မရှက် ပြောဆိုလာပြန်သည်။ပြည်သူများကလည်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲ live လွှင့်လာသည်ကို ရယ်စရာ အဖြစ် ဟဟ များ ပေးကာ တုန့်ပြန်ခဲ့ကြသည့်အပြင် သတင်းမှားများ ဖြန့်ချီ နေသည်ဆိုကာ ရီပို့များ ဝိုင်းထုခဲ့ကြသည်ဟု နယူးယောက်တိုင်းမ် သတင်းစာကြီးတွင် ဖေါ်ပြခဲ့ကြသည်။လောလောဆယ်တွင် ၎င်းတို့ လုပ်ငန်းများ လုံးဝရပ်တန့်သွားအောင် ကန့်ကွက် ဆန္ဒပြနေသည့် ပြည်သူများက အန္တရာယ်ကို အရေးမထား နိုင်ပဲ ဗဟိုဘဏ် ရှေ့တွင် ရုံးမတက်အောင် ပိတ်ဆို့ခြင်း၊ ရထားလမ်းများ ကို ပိတ်ဆို့ပြစ်ခြင်း များ အထိ လုပ်လာရပြီ ဖြစ်သည်။ထိုသို့သော လုပ်ရပ်များကြောင့် သွေးစွန်းသွားမည်ဆိုလျှင် ထမင်းဘူးလေးကိုင်ကာ ရုံးလာတက်နေသူများ၊ အလုပ်ပြန်တက်ရန် ဆော်ဩသူများ၏ တာဝန်သာ ဖြစ်ပေလိမ့်မည်။

ယခုအခါ ဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင်နှင့် ၎င်း၏ အလိုတော်ရိများက ရွေးကောက်ပွဲတွင် မရှုမလှ ရှုံးနိမ့်သွားရသည်ကို ရှက်ရမ်းရမ်းကာ တိုင်းပြည်အား ချောက်ထဲသို့ တွန်းချလာနေသည့် တမျိုးသားလုံး ရင်ဆိုင်နေကြရသော အန္တရာယ်ကြီးကို တံမျက်စီးလှဲသူကအစ ဝန်ထမ်းအားလုံး CDM လှုပ်ရှားမှုကြီးတွင်သာ ပါဝင်လာမည်ဆိုလျှင် လုံးဝကျော်လွှားနိုင်မည် ဖြစ်သည်။နိုင်ငံရေးကို တလုံးတပါဒမျှ စိတ်ဝင်စားခြင်း မရှိခဲ့သည့် လူငယ်လူရွယ်လေးများပင် မတရားမှုကို ရွံရှာ မုန်းတီးစိတ်၊ မိမိတို့ အနာဂတ် အရေး ကို စိုးရိမ်ပူပင်လာသော စိတ်များဖြင့် မိမိတို့ ပုခုံးပေါ် ကျရောက်လာ နေသည့် သမိုင်းပေးတာဝန်ကြီးအား ထမ်းဆောင်နေကြပြီ ဖြစ်သည် သတိမူမိရန်လိုသည်။မိဘများက မိမိတို့ တခဏတာ ကောင်းစားရေး သာ ကြည့်ပြီး သားသမီးများအား နင်တို့ လူကြီးဖြစ်လာလျှင် လည်း ကြည့်ကျက် ရုန်းကန်ကြပေတော့ ဆိုကာ မျက်နှာလွှဲ ခဲပစ် မထားသင့်၊ ရေသာမခိုသင့်ပေ။စစ်အာဏာရှင်များ ရှင်သန်နေသရွေ့ မိမိတို့ သားသမီးများသည် ပုခွက်တွင်း မှ သင်္ချိုင်းရောက်သည်အထိမငတ်ရုံတမည် မဝရေစာဖြင့် အသက်ရှင်သန် နေထိုင်ကြရတော့မည် ဆိုသည်ကို သဘောပေါက်ကြရမည် ဖြစ်သည်။ကြုံလည်း ကြုံခဲ့ကြရပြီး ပြီ ဖြစ်သည်။ ထိုသို့သော အဖြစ်များကို ခွင့်ပြုပေးနေသော စနစ်ကြီးသည် မှားယွင်းနေ၍သာ ဖြစ်မည်။ ထို့အတွက် ပြောင်းလဲသင့်သည်ဟု မယူဆသင့်ပေဘူးလော။ကျွန်တော်တို့ အားလုံး သိထားသင့်သည်မှာ အာဏာသိမ်း အဖွဲ့သည် သွေးပျက်နေသော အခြေအနေတွင်ပင် ၎င်းတို့မှ တိုင်းပြည်ကို နိုင်နင်းစွာ အုပ်ချုပ် နိုင်ပြီဟု လူထုအား ထင်ယောင်ထင်မှား ဖြစ်စေရန် လူသားမျက်နှာဖုံး စွပ်ကာ လှည့်ဖျားနေဆဲ ဖြစ်သဖြင့် ၎င်းတို့ အောင်မြင်သွားသည် ဆိုလျှင် ပင် တိုင်းပြည်သည် ဖုတ်လှိုက် ဖုတ်လှိုက် ဘဝနှင့် စခန်းသွားကြရပေတော့မည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ငါးနှစ်တာ ကြိုးပမ်းခဲ့သော တည်ဆောက် ပြုပြင်ခဲ့မှုများ ရေစုံမျောပေတော့မည်၊ မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်ကာ ခိုးဆိုး လုယက် အကျင့် ပျက်မှုများလည်း တစခန်း ထလာပေဦးမည်။ဤသည်တို့ကို ၎င်းတို့များ နိုင်သွားလျှင် ဆိုလျှင် ကြောင့်ကျ နေသူများ သဘောပေါက်ရန်လိုသည်။လက်ရှိ အနေအထားတွင် ဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင်နှင့် အဖွဲ့သည် တိုင်းပြည်ကို တိုးတက်အောင် လုပ်နိုင်စွမ်း ရှိသူများ ဟုတ်မဟုတ် အရင် မေးခွန်းထုတ်သင့်သည်။မဟုတ်ဟု ယူဆပါလျှက် ၎င်းတို့အား တနည်းမဟုတ် တနည်း ထောက်ခံနေမည်ဆိုလျှင် တိုင်းပြည်အပေါ် ကိုယ်ကျိုးအတွက် သစ္စာဖေါက်သူများ အဖြစ် စာရင်းဝင်ကြပေတော့မည်။၎င်းတို့ အဖို့က စစ်သားများကို လစာပေးနိုင်ရန် လုံးပမ်းနေရပြီ ဖြစ်သည်။ ယခုအခါ ဂျင်းသတင်းများ ပလူပျံနေပြီ ဖြစ်သည်။သို့သော် ဂျင်းသတင်းများ ဆိုရာတွင်လည်း ပြည်သူများ စိတ်အားတက်စေမည်ထက် အထိတ်တလန့် ဖြစ်စေမည့်၊ ဆန္ဒပြရာတွင် မပါဝင်ရဲအောင် ဖြစ်စေမည့်၊ ဖမ်းမယ် ဆီးမယ် သတ်မယ် ဖြတ်မယ် ဟူသော ဂျင်းသတင်းများက ပို၍ ပင် များပြားနေသည်။ထိုသတင်းများကို မဖြန့်ဖြူးကြပါရန် အလေးအနက် တိုက်တွန်းလိုသည်၊ လိုအပ်လျှင် ခေါင်းဆောင်များက သတိပေးပါလိမ့်မည်၊ မိမိတို့ မစဉ်းစား မဆင်ခြင်ဘဲ ပြုမူနေမှုများသည် ဆန္ဒပြသူများ၏ စိတ်ဓါတ်ရေးရာကို လွန်စွာ ထိခိုက်အောင် ဖြစ်စေသည်ကို သတိမူကြပါ။ပြည်သူများက လူသား မျက်နှာဖုံးစွပ် များ၏ ကောက်ကျစ်မှု လှည့်ဖြားမှုများ၊ ဆိုက်ဝါးများ အန္တရာယ်ကို ရင်ဆိုင်နေရပြီဖြစ်သည်။(၂) လက်ရှိတွင် မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင်များက သမ္မတ ဘိုင်ဒင်ကို သူအာဏာရယူပြီး ဆယ်ရက် အတွင်း ပထမဆုံး အကြိမ် နားရွက် တံတွေး ဆွတ်လိုက်ခြင်း ဖြစ်သော်လည်း မြန်မာ အရေး နှင့် ပတ်သက်၍ စီးပွားရေး ပြန်လည် ဒဏ်ခတ် ပိတ်ဆို့ထားသည်ကလွဲ၍ ထူးထူးခြားခြား လှုပ်ရှားမှု မတွေ့ရသေးပေ။ဘိုင်ဒင်သည် ယခု အချိန်အထိ အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မခန့်အပ် ရသေးသည့်အပြင် မြန်မာပြည်ရှိ အမေရိကန် သံအမတ်သည်လည်း ထရန့် လက်ထက် က ခန့်အပ်ခံခဲ့ရသူ ဖြစ်ပြီး တာဝန်ယူထားသည်မှာ နှစ်လ သက်တမ်းသာ ရှိနေပေသေးသည်။

လက်ရှိတွင် အမေရိကန်၏ USAID မှလည်း ၎င်းတို့ ပေးရန်ရှိသော ဒေါ်လာ သန်း (၄၀) ကို အဖွဲ့အစည်းတခုခုက အခိုင်အမာ တာဝန်ယူပြီး CDM ကို ကူညီရန် လွှဲပြောင်းပေးနိုင်ဖို့ စောင့်ဆိုင်းနေသည်ဟု သတင်းများ ရရှိနေသည်။ထိုကိစ္စအတွက် CRPH မှ အမေရိကန် နှင့် တရားဝင် ဆွေးနွေးဖို့ ပြင်ဆင်နေသည်ဟု ယူဆရသည်။အမေရိကန် နှင့် ဗြိတိန် တို့မှ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားချက်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။အမေရိကန် ရှိ ပါတီကြီး နှစ်ရပ်မှ အာဏာသိမ်း အဖွဲ့ကို ဘက်ပေါင်းစုံမှ ဖိအား အမျိုးမျိုး ပေးသွားမည်ဟု ပြောဆိုနေကြပြီး အမေရိကန် နိုင်ငံရေး အသိုက်အဝန်း မှ မြန်မာစစ်တပ်၏ အကြိမ်ကြိမ် ကျူးလွန်နေသော လုပ်ရပ်များ အတွက် စိတ်ကုန်လာကြပြီး မြောက်ကိုရီယား ပုံစံ ဆက်ဆံသွား ရမည်ဟု ပြောဆိုလာနေကြသည်။တရုတ် ပြီးလျှင် အာဏာသိမ်း အဖွဲ့ကို ငွေရေးကြေးရေးအရ အသက်ဆက် နိုင်အောင် ကူညီနေသည့် စင်္ကာပူ နှင့် ဂျပန် အားလည်း သတိပေးလိုက်သည်။စင်္ကာပူ နှင့် ဂျပန်သည် ယခုအခါ သာမန် ပြည်သူများကို ထိခိုက်လာမည်၊ ဒက်ဒီကြမ်းလျှင် မာမီချော့မည် ဟူသော ဆောင်ပုဒ်အောက်တွင် ပုန်းကွယ်နေကြဆဲ ဖြစ်သည်။အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး မှ မြန်မာတို့၏ အရေး အပေါ် မြုံစိစိ လုပ်နေသော အာဆီယံကို တက်ကြွစွာ ပါဝင်လာရေး လှုံ့ဆော်နိုင်ရန် ဥက္ကဌ အဖြစ် တာဝန်ယူထားသည့် ဘရူးနိုင်း သို့ ထွက်ခွာသွားပြီ ဖြစ်သည်။ထို့အပြင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဩစတေးသျ၊ နှင့် ကုလအတွင်းရေးမှူးချုပ် အထူး သံတမန်များ နှင့် ဆက်သွယ်ပြောဆိုနေသည်ဟု သိရသည်။အင်ဒိုနီရှားသည် လက်ရှိ အာဆီယံ နိုင်ငံများထဲတွင် စစ်အာဏာ သိမ်းမှုကို ပြင်းပြင်းထန်ထန် တုန့်ပြန်ပြောဆိုခဲ့သော တခုတည်းသော နိုင်ငံ အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်သည်။အာဆီယံ နိုင်ငံများသည် မြန်မာပြည်တွင် ကြီးထွားလာနေသော မြို့ပြလူ့အဖွဲ့အစည်းများ ၏ လှုပ်ရှားမှုကြီးသည် ၎င်းတို့ထံ ကူးစက်မလာစေရန် စိုးရိမ်ကြောင့်ကြ ဖြစ်လျှက်ရှိပြီး ထိုအထဲတွင် စင်္ကာပူက ထိပ်ဆုံးမှ ပါဝင်နေသည်။စင်္ကာပူနိုင်ငံအတွင်း မြန်မာ ပြည်သူများ လုံးဝဆန္ဒမပြနိုင်ရန် နိုင်ငံတွင်းမှ နှင်ထုတ်မည် အစရှိသည့် အမျိုးမျိုး ခြိမ်းခြောက်သည့် ကြေညာချက်များ ထုတ်ပြန်နေသည်။၎င်းတို့ စိုးရိမ်မည် ဆိုလည်း စိုးရိမ်စရာပင်၊ ယခုပင် မြန်မာပြည်၏ လူထုလှုပ်ရှားမှုကြီးကို “အရှေ့တောင် အာရှ နွေဦး တော်လှန်ရေး ကြီး” ၏ အစဟု ကင်ပွန်းတပ် ရေးသားလာကြပြီ ဖြစ်သည်။အရေးတော် ပုံအောင်ရမည်!!!CRD_Sir Hla Soe Wai

Leave a Comment