အာဏာသိမ္းအစိုးရကအတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို အမႈထပ္တိုး တရားစြဲဆို

အာဏာသိမ္းအစိုးရက ပထမဆုံး သတင္းစာရွင္းလင္းပြဲလုပ္တဲ့ ဒီေန႔မွာပဲ ဇဗၺဴသီရိၿမိဳ႕နယ္တရား႐ုံးမွာ သမၼတ ဦးဝင္းျမင့္နဲ႔ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ဗီဒီယိုအြန္လိုင္းစနစ္ video conferencing နဲ႔ ပထမဆုံးအႀကိမ္ ႐ုံးထုတ္စစ္ေဆးခဲ့တယ္လို႔ အမႈကို လိုက္ပါေဆာင္႐ြက္ေပးမယ့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ပို႔ကုန္၊ သြင္းကုန္ ဥပေဒ ပုဒ္မ ၈၊ သဘာဝေဘးအႏၲရာယ္စီမံမႈ ဥပေဒ ပုဒ္မ ၂၅၊ သမၼတ ဦးဝင္းျမင့္ကိုေတာ့ သဘာဝေဘးအႏၲရာယ္ စီမံမႈ ပုဒ္မ ၂၅ တို႔နဲ႔ ဒီေန႔ တရားစြဲတင္ ခဲ့ပါတယ္။မူလက အတိုင္ပင္ခံပုဂၢိဳလ္ကို ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈ နဲ႔သာ တရားစြဲဆိုထားရာကေန သဘာဝ ေဘးအႏၲရာယ္စီမံမႈ ဥပေဒပုဒ္မ ၂၅ ကို ထပ္မံတိုးၿပီး တရားစြဲခဲ့တာပါ။ေဒၚေအာင္ဆန္းစုၾကည္ကို သဘာ၀ေဘးအႏၲရယ္ စီမံမႈ ဥပေဒ ပုဒ္မ ၂၅ နဲ႔ ထပ္တိုးတရားစြဲခဲ့တာဟာ ေ႐ြးေကာက္ပြဲ မတိုင္ခင္ ၂၀၂၀ ျပည့္ႏွစ္

စက္တင္ဘာလ ၁၉ ရက္ေန႔က ေနျပည္ေတာ္က ေနအိမ္ေရွ႕မွာ ကားဆိုင္ကယ္ေတြနဲ႔ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး လွည့္လည္တဲ့သူေတြကို ႏႈတ္ဆက္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ကိုဗစ္စည္းကမ္း ဥပေဒနဲ႔ ၿငိစြန္းလို႔ တရားစြဲဆိုတာျဖစ္ေၾကာင္း ဇမၺဴသီရိၿမိဳ႕နယ္ တရား႐ုံးသတင္း ျပန္ၾကားေရးအရာရွိ တြဲဖက္ၿမိဳ႕နယ္ တရားသူႀကီး ေဒၚနန္းေအးျမသီရိ က ေျပာပါတယ္။ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈ နဲ႔ တရားစြဲဆိုထားတာက ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္ကို ဝင္ေရာက္ရွာေဖြရာမွာ တရားမဝင္ တင္သြင္းအသုံးျပဳတဲ့ စကားေျပာစက္ေတြကို ရွာေဖြေတြ႕ရွိခဲ့လို႔ဆိုၿပီး တရားစြဲခံထားရတာလို႔ ေဒၚနန္းေအးျမသီရိ က ေျပာပါတယ္။ေဒၚေအာင္ဆန္းစုၾကည္အတြက္ NLD ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီက ငွားရမ္းထားတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က လိုက္ပါေဆာင္႐ြက္မွာျဖစ္ေပမယ့္ သမၼတ ဦးဝင္းျမင့္ကေတာ့ သူကိုယ္တိုင္လည္း ဥပေဒသမားေရွ႕ေန တစ္ဦးျဖစ္တဲ့အတြက္ ေရွ႕ေန ငွားရမ္းလိုျခင္း မရွိဘူးလို႔ဒီေန႔ တရား႐ုံ းထုတ္မွာ ေျပာခဲ့ပါတယ္။

သမၼတနဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို တရားစြဲဆိုထားတဲ့ အမႈ သုံးခုမွာ သက္ေသ ၉ ဦးစီ ပါရွိေၾကာင္းနဲ႔ အဲဒီအမႈေတြကို ဥပေဒနဲ႔အညီ လြတ္လြတ္လပ္စြာ တရားစီရင္ေနတယ္လို႔ တြဲဖက္ၿမိဳ႕နယ္ တရားသူႀကီး ေဒၚနန္းေအးျမသီရိက ဆိုပါတယ္။ဒုတိယအႀကိမ္႐ုံးထုတ္ကိုေတာ့ မတ္လ ၁ ရက္ေန႔မွာ ေဆာင္႐ြက္သြားမွာပါ။ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ (၈) ဟာ အမ်ားဆုံး ေထာင္ဒဏ္ သုံးႏွစ္ ဒါမွမဟုတ္ ေငြဒဏ္၊ ဒဏ္ႏွစ္ရပ္လုံး ျဖစ္ေစ ခ်မွတ္ႏိုင္ပါတယ္။သမၼတ ဦးဝင္းျမင့္ကို စြဲထားတဲ့ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ ဟာ အမ်ားဆုံး ေထာင္ဒဏ္ သုံးႏွစ္နဲ႔ ေငြဒဏ္ ခ်မွတ္ႏိုင္တဲ့ ပုဒ္မျဖစ္ပါတယ္။

UNICODE

အာဏာသိမ်းအစိုးရက ပထမဆုံး သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီနေ့မှာပဲ ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဗီဒီယိုအွန်လိုင်းစနစ် video conferencing နဲ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေ ပုဒ်မ ၂၅၊ သမ္မတ ဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံမှု ပုဒ်မ ၂၅ တို့နဲ့ ဒီနေ့ တရားစွဲတင် ခဲ့ပါတယ်။မူလက အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့သာ တရားစွဲဆိုထားရာကနေ သဘာဝ ဘေးအန္တရာယ်စီမံမှု ဥပဒေပုဒ်မ ၂၅ ကို ထပ်မံတိုးပြီး တရားစွဲခဲ့တာပါ။ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရယ် စီမံမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ထပ်တိုးတရားစွဲခဲ့တာဟာ ရွေးကောက်ပွဲ မတိုင်ခင် ၂၀၂၀ ပြည့်နှစ်

စက်တင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်က နေအိမ်ရှေ့မှာ ကားဆိုင်ကယ်တွေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး လှည့်လည်တဲ့သူတွေကို နှုတ်ဆက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ကိုဗစ်စည်းကမ်း ဥပဒေနဲ့ ငြိစွန်းလို့ တရားစွဲဆိုတာဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် တရားရုံးသတင်း ပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်နန်းအေးမြသီရိ က ပြောပါတယ်။ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ တရားစွဲဆိုထားတာက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ တရားမဝင် တင်သွင်းအသုံးပြုတဲ့ စကားပြောစက်တွေကို ရှာဖွေတွေ့ရှိခဲ့လို့ဆိုပြီး တရားစွဲခံထားရတာလို့ ဒေါ်နန်းအေးမြသီရိ က ပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်အတွက် NLD ဗဟိုအလုပ်အမှု ဆောင် ကော်မတီက ငှားရမ်းထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က လိုက်ပါဆောင်ရွက်မှာဖြစ်ပေမယ့် သမ္မတ ဦးဝင်းမြင့်ကတော့ သူကိုယ်တိုင်လည်း ဥပဒေသမားရှေ့နေ တစ်ဦးဖြစ်တဲ့အတွက် ရှေ့နေ ငှားရမ်းလိုခြင်း မရှိဘူးလို့ ဒီနေ့ တရားရုံးထုတ်မှာ ပြောခဲ့ပါတယ်။

သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲဆိုထားတဲ့ အမှု သုံးခုမှာ သက်သေ ၉ ဦးစီ ပါရှိကြောင်းနဲ့ အဲဒီအမှုတွေကို ဥပဒေနဲ့အညီ လွတ်လွတ်လပ်စွာ တရားစီရင်နေတယ်လို့ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်နန်းအေးမြသီရိက ဆိုပါတယ်။ဒုတိယအကြိမ်ရုံးထုတ်ကိုတော့ မတ်လ ၁ ရက်နေ့မှာ ဆောင်ရွက်သွားမှာပါ။ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ပါတယ်။သမ္မတ ဦးဝင်းမြင့်ကို စွဲထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

Leave a Comment