မိန်းမ လျာတစ်ယောက်ရဲ့ သရုပ်ပျက် ဝတ် စားဆင်ယင် မှုတွေကို နားလည် ခွင့်လွှတ်ပြီး သဘောထားကြီး တဲ့ နန္ဒာလှိုင်အကြောင်း ပြောပြလာ တဲ့ ညီညီမောင်(စမ်းချောင်း)
UNICODE 
မင်းသမီးချော နန္ဒာလှိုင်ကတော့ အခုဆိုရင် အိမ်ထောင်ကျပြီး သမီးတွေကို အချိန်ပေးဂရုစိုက်နေရတာမို့ အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါေ ပမယ့် လွန်ခဲ့တဲ့ နှစ်(၂၀)ကျော်မှာတော့ နန္ဒာလှိုင်ဆိုတာ ကောင်းသတင်းတွေနဲ့ ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။
နန္ဒာလှိုင်နဲ့ အခုချိန်ထိ ခင်မင်ရင်းနှီးနေ ဆဲ ဖြစ်တဲ့ မိတ် ကပ်ညီညီမောင် (စမ်းချောင်း) က လွန်လေပြီးတဲ့ နှစ်တွေက မိန်းမလျာတွေကို အဆင့်မခွဲခြားပဲ သဘောထားကြီးတဲ့ နန္ဒာလှိုင်အကြောင်းကို ပြောပြထားပါတယ်။“အကယ်ဒမီမင်းသမီးရဲ့ မိတ်ကပ်ဆရာ ဝတ်စားဆင်ယဉ်မှု ကိုကြည့်ပါ။ ကျမသာ မလတ်နေရာမှာဆို သူ့ကိုအလုပ်ထုပ်လိုက်ပြီ အဲ့ခေတ်အဲ့အခါက အဲ့လိုဝတ်တာ တော်တော်ကိုမထော်မနန်းဖြစ်နေမှာတော့ အမှန်ပါပဲ။ ဒီပုံတွေ ပြန်ကြည့်ရင် မလတ်ကို ကျေးဇူးအများကြီးတင်ပါတယ်။အဝတ်အစား အပြင်အဆင်ထက် မိတ်ကပ်ဆံပင် ပြင်ဆင်ထာ ဦးစားပေးတယ် ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖတ် မိန်းမလျာတွေ အပေါ်နားလည်မှုရှိတယ်။ ကျမတို့ကလည်း စိတ်ချမ်းသာတော့ မင်းသမီးကို အလှဆုံးပြင်ပေးတယ်။”
“ကျမဆို အဝတ်စားတင်မဟုတ်ဘူး လူလဲယောက်ယက်ခတ်ပါတယ်။ မှတ်မှတ်ရရ ရူတင်မှာ လက်ဝတ်လက်စား အစစ်တွေသုံးရတာပါတော့ မလတ်က ဘောက်လေးနဲ့ယူလာပြီး ကိုယ်အပ်ထားပါတယ်။ မလတ်အိမ်လဲရောက်ရော ရတနာဘူး လဲဆိုရော ကျမ လက်ထဲဘာမှ မပါလာပါလေရော။ကိုယ်သူ သူနေရာဆိုဒေါသထွက်လို့ သောင်းကျန်းမှာအသေချာပဲ။ ရူတင် ဆိုတာလူများတယ်မလား ပျောက်ရင်သေပြီ မလျော်နိုင်ဘူးလေ။ မလတ်က အေးဆေးသွားပြန်ရှာဆိုပြီးလွှတ်လိုက်ပါတယ်။ တော်ပါသေးရဲ့။ ဘောက်က ထားထားတဲ့ အတိုင်းလေးရှိနေလိုပေါ့။ကိုယ်သာဆို အလုပ်ထုတ်မိမှာပါ။”
“အဲလို ပေါ့လျော့မှုများ မထော်မနန်းဝတ်မှုများ ကို မိတ်ကပ် ပြင်တာကောင်းရုံနဲ့တော့ မလတ် အနေ နဲ့ ခေါ်ထားတာမဟုတ်ပါဘူး။ ညီမတွေလို ဆုံးမပေးပြီး သံယောဇဉ်ရှိလို့ပါ။ ကိုယ်ထက်မိတ်ကပ်ပညာသာတဲ့ သူတွေလည်းတပုံကြီးပါ။ မိတ်ကပ်ပညာ မတက်လည်းသည်းညည်းခံလိမ်းပေးခဲ့တယ်။လျှပ်စီးလက်ယောက်ယက်ခတ်တာလဲ ခွင့်လွှတ်ပေးတယ်။ သရုပ်ပျက် ဝတ်စားတာကိုလည်းနားလည်ပေးတယ်။ အဲလိုသာ နားလည်မှုမပေးပဲ အလုပ်ထုပ်ခဲ့ရင် မိတ်ကပ် ညီညီမောင် (စမ်းချောင်း)ဆိုဖြစ်လာစရာအကြောင်းမရှိပါဘူး။” ဆိုပြီး ပြောပြလာပါတယ်။ညီညီမောင် (စမ်းချောင်း) ကတော့ အခုဆိုရင် နိုင်ငံကျော် မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်နေပြီဖြစ်ပေမယ့် ကျေးဇူးရှိခဲ့ဖူးတဲ့ ကျေးဇူးရှင်တွေကို မမေ့တတ်သူတစ်ယောက်ပါပဲ။ နန္ဒာလှိုင်ကတော့ နှစ်တွေအတော်ကြာသွားပေမယ့် ညီညီမောင် (စမ်းချောင်း)နဲ့ မိသားစုကို ချစ်ချစ်ခင်ခင် ရှိနေကြဆဲပါပဲ။
Source: Nyi Nyi Maung’s fb
Credit – Cele Co nnections
Leave a Comment