ေငြေၾကးေဖာင္းပြမႈႏွင့္ လာမည့္ႏွစ္မ်ား၏ စီးပြားေရး အေျခအေန

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မနက္အေစာပိုင္းမွာ တပ္မေတာ္ကေန အာဏာထိန္းျခင္း ဟု ေခါင္းစဥ္ျဖင့္ နိုင္ငံေတာ္အာဏာကို တစ္ႏွစ္ၾကာ ရယူၿပီး ေရြးေကာက္ပြဲ ျပန္လည္ ျပဳလုပ္မယ္လို႔ ေၾကျငာခဲ့ပါတယ္။မည္သို႔ပဲ ေခါင္းစဥ္တပ္ေပမယ့္ ဒါဟာ အာဏာသိမ္းျခင္းသာ ျဖစ္တယ္လို႔ ျမန္မာျပည္သူအမ်ားနဲ႔ နိုင္ငံတကာ ကပါ သတ္မွတ္ ယူဆ သိျမင္ၾကတဲ့အတြက္ နိုင္ငံႀကီးမ်ားဟာ ျမန္မာနိုင္ငံအေပၚ အေရးယူပိတ္ဆို႔မႈေတြ စတင္ဖို႔ လုပ္ေဆာင္လာၾကပါတယ္။ျပည္တြင္းမွာ လာေရာက္ လုပ္ကိုင္ေနတဲ့ နိုင္ငံျခား စီးပြားေရးလုပ္ငန္းမ်ားထဲက အခ်ိဳ႕ဟာလည္း ျပန္လည္ထြက္ခြာဖို႔ ေၾကျငာခ်က္ေတြ ထုတ္လာခဲ့ပါတယ္။ဥပမာ ဂ်ပန္ ကီရင္ ဘီယာလုပ္ငန္း၊ ပူးမား စက္သုံးဆီလုပ္ငန္း စသျဖင့္ ျဖစ္ၿပီး ေနာက္ထပ္လုပ္ငန္း အမ်ားအျပားကလဲ ထပ္မံထြက္ခြာဖို႔ ရွိနိုင္ပါေသးတယ္။ေနာက္တစ္ခ်က္အေနနဲ႔ကေတာ့ အေမရိကန္ နိုင္ငံအေနနဲ႔ ပိတ္ဆို႔မႈ႔ ျပင္းထန္ခဲ့ရင္ သူ႔နိုင္ငံ စီးပြားေရး လုပ္ငန္းမ်ားကို ျပန္လည္ထြက္ခြာေစတာမ်ိဳးလဲ ရွိလာနိုင္ပါတယ္။ဒါဆိုရင္ေတာ့ အေမရိကန္ လုပ္ငန္းေတြ ဥပမာ KFC လိုမ်ိဳးလဲ ျပန္လည္ ထြက္ခြာနိုင္ပါတယ္။ ျပည္တြင္းစီးပြားေရး အေနနဲ႔လည္း ကိုဗစ္ အေျခအေနေၾကာင့္ လုပ္ငန္းေတြ တုံ႔ဆိုင္းရာကေန ယခု နိုင္ငံေရး အေျခအေနေၾကာင့္ အေတာ္မ်ားမ်ားဟာ ရပ္ဆိုင္းသြားတဲ့အတြက္ စီးပြားေရးက်ဆင္းမႈ႔က လဲ အမွန္တကယ္ ကို ထပ္မံတိုးလာနိုင္ပါေသးတယ္။ျမန္မာျပည္အေနနဲ႔ ကုန္ထုတ္လုပ္ငန္းေတြ အားနည္းၿပီး ျပည္ပကသာ သြင္းကုန္ အဓိက အားျပဳရတာ အရင္ကထဲက ျဖစ္တဲ့အျပင္ အထက္ကလို လုပ္ငန္းႀကီးေတြ ျပန္ထြက္ကာ နိုင္ငံေရး အေျခအေနေၾကာင့္ ရွိထားတဲ့ ျပည္တြင္းကုန္ထုတ္လုပ္ငန္းေလးေတြပါ ရပ္သြားမယ္ ဆိုရင္ သြင္းကုန္ ကို ပိုအားျပဳရမွာျဖစ္ပါတယ္။

အက်ိဳးဆက္အေနနဲ႔ကေတာ့ ပို႔ကုန္ သြင္းကုန္ ကြာဟခ်က္ကေန ေဒၚလာေငြတန္ဖိုး ပိုၿပီး မာလာၿပီး သြင္းကုန္ေတြ ေစ်းႏႈန္း တက္လာ နိုင္ပါတယ္။လုပ္ငန္းေတြ ထြက္ခြာတာ၊ စီးပြားေရး က်ဆင္းတာ၊ ေဒၚလာတန္ဖိုးမာလာတာ ၊ စတဲ့ အခ်က္ေတြေၾကာင့္ ၾကဳံလာနိုင္တာကေတာ့ ေငြေၾကးေဖာင္းပြမႈႏႈန္း Inflation ျမင့္မားလာမွာ ျဖစ္ပါတယ္။ေငြေၾကးေဖာင္းပြမႈ႔ေနာက္ဆက္တြဲ ကေတာ့ ကုန္ေစ်းႏႈန္းမ်ား ႀကီးျမင့္လာျခင္း ကို ၾကဳံရမွာ ျဖစ္ပါတယ္။နိုင္ငံေတာ္စီမံမႈေကာင္စီက ဘာေတြလုပ္နိုင္မလဲ???လက္ရွိ စစ္တပ္ က တင္ေျမာက္ထားတဲ့ နိုင္ငံေတာ္စီမံမႈေကာင္စီ အေနနဲ႔ လက္ရွိ အေျခအေနမ်ား ကို တည္ၿငိမ္သြားေအာင္ နည္းမ်ိဳးစုံနဲ႔လုပ္ေဆာင္မယ္ဆိုတာ ယုံမွားဖြယ္မရွိပါဘူး။အဲဒီ နည္းလမ္းေတြထဲမွာမွ အလုပ္မတက္တဲ့ CDM ဝန္ထမ္းမ်ားကို ဆြဲေဆာင္နိုင္ဖို႔ ဝန္ထမ္း လစာ တိုးေပးျခင္း ကိုလဲ လုပ္လာနိုင္ပါတယ္။ ေနာက္မျဖစ္မေန လုပ္ရမယ့္ တစ္ခ်က္ကေတာ့ စီးပြားေရး ျပန္လည္ လည္ပတ္ေအာင္ လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ဒီလို လုပ္ေဆာင္ရာမွာလည္း ျပည္တြင္းစီးပြားေရး တိုးတက္ေစတာ၊ နိုင္ငံျခား ရင္းႏွီးျမဳပ္ႏွံမႈ႔ ဖိတ္ေခၚတာ ဆိုတဲ့ ႏွစ္ခုကို အဓိက ေဆာင္ရြက္ရပါလိမ့္မယ္။ဒါေတြ ေဆာင္ရြက္ဖို႔ ေငြေၾကး လိုအပ္တဲ့အျပင္ လက္ရွိ ျပည္သူအမ်ားရဲ့မေက်နပ္မႈမ်ားေၾကာင့္ အခြန္ေငြ ရရွိမႈ႔မွာလည္း အားနည္းလာနိုင္တာေၾကာင့္ ေငြ လိုအပ္မႈ႔က ပိုၿပီး မ်ားလာမွာ ျဖစ္ပါတယ္။

ျဖစ္နိုင္ေခ်က..ျပည္တြင္းစီးပြားေရးကို တိုးတက္ေစတာျဖစ္ျဖစ္ နိုင္ငံျခားရင္းႏွီးမႈ႔ ေခၚယူတာျဖစ္ျဖစ္ အခ်ိန္ ႏွစ္နဲ႔ခ်ီယူရေလ့ရွိတဲ့အတြက္ လတ္တေလာလိုေငြကို ျပည့္ဖို႔က အေတာ္ေလးေဝးနိုင္ပါတယ္။ဒီအတြက္ ျဖစ္နိုင္ေျခေတြ ကေတာ့ နိုင္ငံတကာ ေခ်းေငြရယူတာ၊ အစိုးရ ေငြတိုက္စာခ်ဳပ္ေတြ ထုတ္ေရာင္းတာ၊ ဘဏ္တိုး ႏႈန္းျမႇင့္ေပးၿပီး ေငြေတြအပ္ေစတာ၊ ဗဟိုဘဏ္ကေန ေငြေခ်းယူတာ၊ သယံဇာတ ေရာင္းစားတာ၊ လိုေငြကို ရိုက္ထုတ္တာ စတဲ့နည္းေတြ သုံးလို႔ရပါတယ္။ဒီနည္းေတြထဲကမွ ပိတ္ဆို႔မႈမရွိပဲ အလြယ္ကူဆုံးကေတာ့ ေငြရိုက္ထုတ္တာပဲျဖစ္ပါတယ္။သမိုင္းစဥ္ကို ျပန္ၾကည့္ရင္လည္း ေအာက္ပါပုံထဲအတိုင္း ၁၉၈၈ ကေန ၁၉၈၉ တစ္ႏွစ္ အတြင္းမွာတင္ Inflation ေငြေၾကးေဖာင္းပြမႈ႔ဟာ ၅% ေလာက္ကေန ၄၅% ေလာက္ကို ခုန္ တက္သြားတာေတြ႕ရပါလိမ့္မယ္။၁၀ ဆေလာက္ ခုန္တက္သြားတာပါပဲ။ေအာက္ကပုံမွာပဲဆက္ၿပီး ေလ့လာၾကည့္မယ္ဆိုရင္ Money Supply ျပဳလုပ္မႈ ဟာ ဆယ္စုႏွစ္ေတြထဲမွာ အျမင့္ဆုံးအေနနဲ႔ ေထာင္ တက္ေနတာကိုလဲ ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီအတြက္ ေငြရိုက္ထုတ္ အသုံးျပဳမႈ႔ဟာ ျဖစ္နိုင္ေခ်မ်ားပါတယ္။တကယ္တမ္းေတာ့ နိုင္ငံတိုင္းဟာ ေငြေၾကးကို အလြယ္တကူ ရိုက္ထုတ္ေလ့မရွိပဲ လည္ပတ္ေနတဲ့ ေငြပမာဏကို မွန္းဆၿပီးေတာ့သာ ႏွစ္စဥ္ ကန႔္သတ္ပမာဏ တစ္ခုကို တြက္ခ်က္ရိုက္ထုတ္ေလ့ရွိပါတယ္။လက္ရွိမွာေတာ့ ျမန္မာနိုင္ငံ ေငြေၾကးေဖာင္းပြမႈဟာ ၁၀%ရွိ ေနၿပီး တကယ္လို႔ အတိတ္ကလို ၁၀ ဆသာ ခုန္တက္မယ္ဆိုရင္ ၁၀၀ တန္ ပစၥည္းတစ္ခုဟာ ေနာက္ႏွစ္မွာ ၂၀၀ က်ပ္ က်သင့္မွာျဖစ္ပါတယ္။ဒါေပမယ့္ ဒါဟာ အဆိုးဆုံးဆိုတဲ့ အေျခအေနကို သုံးသပ္တာ ျဖစ္ပါတယ္။ နိုင္ငံအေျခအေန တည္ၿငိမ္သြားရင္ေတာ့ ဒီလို ထိုးတက္ေနတဲ့ ေငြေၾကးေဖာင္းပြမႈဟာ ျပန္လည္ က်ဆင္း တတ္ပါတယ္။တကယ္လို႔ စစ္တပ္အေနနဲ႔ နိုင္ငံေတာ္အာဏာကို ခ်က္ခ်င္း ျပန္လည္လႊဲ ေပးရင္ေတာင္ အေျခအေနေတြကိုျပန္လည္ကုစားတည္ေထာင္ဖို႔လိုအပ္ဦးမွာ ျဖစ္လို႔ အထက္ကေလာက္ မဆိုးေစကာမူ inflationကို ၾကဳံရနိုင္ပါတယ္

ဘာလုပ္ၾကမလဲ???…ေငြေၾကးေဖာင္းပြမႈေၾကာင့္ ကုန္ပစၥည္းေတြ ေစ်းတက္ တာက အျမင္သာဆုံး ျဖစ္ၿပီး ေနာက္ဆက္တြဲကေတာ့ ပိုင္ဆိုင္မႈတန္ဖိုးေတြပါ ေစ်းလိုက္တက္ တတ္ပါတယ္။ဥပမာ အိမ္ ၿခံေၿမ တိုက္ခန္း စတာေတြရဲ့ေစ်းေတြ ၊ ေရႊ ေစ်းႏႈန္း ေဒၚလာေစ်းႏႈန္းေတြတို႔ ျဖစ္ပါတယ္။ ေငြေၾကးေဖာင္းပြမႈ႔ကို ေတာင့္ခံနိုင္ဖို႔အတြက္ကေတ့ာ ေငြေၾကးေဖာင္းပြတဲ့ ႏႈန္းအတိုင္း ေစ်းလိုက္တက္ေနမယ့္ ပိုင္ဆိုင္မႈေတြကို ဝယ္ယူထားျခင္းပဲျဖစ္ပါတယ္။ပထမ အခ်က္ကေတာ့ ျပန္ေရာင္းရလဲလြယ္ ေစ်းလဲမာတဲ့ ေရႊ နဲ႔ေဒၚလာ ဟာ လူႀကိဳက္မ်ားလာပါတယ္။ ဒါေပမယ့္ ေဒၚလာ က နိုင္ငံျခားေငြ ျဖစ္ၿပီး ယခင္ကလဲ နိုင္ငံျခားေငြလက္ဝယ္ထားရွိမႈ႔ ဆိုၿပီး ပုဒ္မတပ္တာမ်ိဳးလဲ ရွိခဲ့ဖူးပါေသးတယ္။အခ်ဳပ္ကေတာ့ ပိုင္ဆိုင္မႈ႔ေတြကို ေျပာင္းလဲဝယ္ယူထားတာ ပိုေကာင္းမယ္လို႔ သုံးသပ္ပါတယ္။ ဒါေပမယ့္ ဒါဟာ ကၽြန္ေတာ္တစ္ေယာက္ ထဲအျမင္ပါပဲ။တစ္ခု ရွိတာကေတာ့ စီးပြားေရး အေနနဲ႔လဲ နိုင္ငံေတာ္စီမံ ေကာင္စီက ျပည္သူေတြေပ်ာ္ရႊင္ဖို႔ စိတ္အေျပာင္းအလဲျဖစ္ဖို႔ တစ္ခုခုကို ဖန္တီးေပးနိုင္တာမ်ိဳးလဲ ျဖစ္နိုင္ပါတယ္။ဥပမာ ေမာ္ေတာ္ကား တင္သြင္းခြင့္ေတြေပးတာ ၊ ပါမစ္ေတြ ခ်ေပးတာ၊ တန္ဖိုးနည္းအိမ္ယာေတြ ေဆာက္ လုပ္ေပးတာ စတာေတြ ျဖစ္နိုင္ပါေသးတယ္။အခ်ဳပ္ေျပာရရင္ေတာ့ လာမယ့္ ႏွစ္ေတြမွာ ေငြေၾကးေဖာင္းပြမႈ ဒဏ္ကို ယခင္ထက္ ပိုၿပီးခံရမွာ ကေတာ့ အေသအခ်ာျဖစ္တဲ့အတြက္ မိမိ တို႔ပိုင္ဆိုင္မႈ႔ေတြကို မေလ်ာ့ပါးေစေအာင္ နည္းလမ္းေတြ စဥ္းစားၿပီး ေဆာင္ရြက္ဖို႔ လိုအပ္ပါေၾကာင္းကို အသိေပးမၽွေဝလိုတာပါပဲခင္ဗ်ား။ေရးသားသူ ေကာင္းဟိန္းစိုး

UNICODE

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ တပ်မတော်ကနေ အာဏာထိန်းခြင်း ဟု ခေါင်းစဉ်ဖြင့် နိုင်ငံတော်အာဏာကို တစ်နှစ်ကြာ ရယူပြီး ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်မယ်လို့ ကြေငြာခဲ့ပါတယ်။မည်သို့ပဲ ခေါင်းစဉ်တပ်ပေမယ့် ဒါဟာ အာဏာသိမ်းခြင်းသာ ဖြစ်တယ်လို့ မြန်မာပြည်သူအများနဲ့ နိုင်ငံတကာ ကပါ သတ်မှတ် ယူဆ သိမြင်ကြတဲ့အတွက် နိုင်ငံကြီးများဟာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ စတင်ဖို့ လုပ်ဆောင်လာကြပါတယ်။ပြည်တွင်းမှာ လာရောက် လုပ်ကိုင်နေတဲ့ နိုင်ငံခြား စီးပွားရေးလုပ်ငန်းများထဲက အချို့ဟာလည်း ပြန်လည်ထွက်ခွာဖို့ ကြေငြာချက်တွေ ထုတ်လာခဲ့ပါတယ်။ဥပမာ ဂျပန် ကီရင် ဘီယာလုပ်ငန်း၊ ပူးမား စက်သုံးဆီလုပ်ငန်း စသဖြင့် ဖြစ်ပြီး နောက်ထပ်လုပ်ငန်း အများအပြားကလဲ ထပ်မံထွက်ခွာဖို့ ရှိနိုင်ပါသေးတယ်။နောက်တစ်ချက်အနေနဲ့ကတော့ အမေရိကန် နိုင်ငံအနေနဲ့ ပိတ်ဆို့မှု့ ပြင်းထန်ခဲ့ရင် သူ့နိုင်ငံ စီးပွားရေး လုပ်ငန်းများကို ပြန်လည်ထွက်ခွာစေတာမျိုးလဲ ရှိလာနိုင်ပါတယ်။ဒါဆိုရင်တော့ အမေရိကန် လုပ်ငန်းတွေ ဥပမာ KFC လိုမျိုးလဲ ပြန်လည် ထွက်ခွာနိုင်ပါတယ်။ ပြည်တွင်းစီးပွားရေး အနေနဲ့လည်း ကိုဗစ် အခြေအနေကြောင့် လုပ်ငန်းတွေ တုံ့ဆိုင်းရာကနေ ယခု နိုင်ငံရေး အခြေအနေကြောင့် အတော်များများဟာ ရပ်ဆိုင်းသွားတဲ့အတွက် စီးပွားရေးကျဆင်းမှု့က လဲ အမှန်တကယ် ကို ထပ်မံတိုးလာနိုင်ပါသေးတယ်။မြန်မာပြည်အနေနဲ့ ကုန်ထုတ်လုပ်ငန်းတွေ အားနည်းပြီး ပြည်ပကသာ သွင်းကုန် အဓိက အားပြုရတာ အရင်ကထဲက ဖြစ်တဲ့အပြင် အထက်ကလို လုပ်ငန်းကြီးတွေ ပြန်ထွက်ကာ နိုင်ငံရေး အခြေအနေကြောင့် ရှိထားတဲ့ ပြည်တွင်းကုန်ထုတ်လုပ်ငန်းလေးတွေပါ ရပ်သွားမယ် ဆိုရင် သွင်းကုန် ကို ပိုအားပြုရမှာဖြစ်ပါတယ်။

အကျိုးဆက်အနေနဲ့ကတော့ ပို့ကုန် သွင်းကုန် ကွာဟချက်ကနေ ဒေါ်လာငွေတန်ဖိုး ပိုပြီး မာလာပြီး သွင်းကုန်တွေ ဈေးနှုန်း တက်လာ နိုင်ပါတယ်။လုပ်ငန်းတွေ ထွက်ခွာတာ၊ စီးပွားရေး ကျဆင်းတာ၊ ဒေါ်လာတန်ဖိုးမာလာတာ ၊ စတဲ့ အချက်တွေကြောင့် ကြုံလာနိုင်တာကတော့ ငွေကြေးဖောင်းပွမှုနှုန်း Inflation မြင့်မားလာမှာ ဖြစ်ပါတယ်။ငွေကြေးဖောင်းပွမှု့နောက်ဆက်တွဲ ကတော့ ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်း ကို ကြုံရမှာ ဖြစ်ပါတယ်။နိုင်ငံတော်စီမံမှုကောင်စီက ဘာတွေလုပ်နိုင်မလဲ???လက်ရှိ စစ်တပ် က တင်မြောက်ထားတဲ့ နိုင်ငံတော်စီမံမှုကောင်စီ အနေနဲ့ လက်ရှိ အခြေအနေများ ကို တည်ငြိမ်သွားအောင် နည်းမျိုးစုံနဲ့လုပ်ဆောင်မယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။အဲဒီ နည်းလမ်းတွေထဲမှာမှ အလုပ်မတက်တဲ့ CDM ဝန်ထမ်းများကို ဆွဲဆောင်နိုင်ဖို့ ဝန်ထမ်း လစာ တိုးပေးခြင်း ကိုလဲ လုပ်လာနိုင်ပါတယ်။ နောက်မဖြစ်မနေ လုပ်ရမယ့် တစ်ချက်ကတော့ စီးပွားရေး ပြန်လည် လည်ပတ်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒီလို လုပ်ဆောင်ရာမှာလည်း ပြည်တွင်းစီးပွားရေး တိုးတက်စေတာ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု့ ဖိတ်ခေါ်တာ ဆိုတဲ့ နှစ်ခုကို အဓိက ဆောင်ရွက်ရပါလိမ့်မယ်။ဒါတွေ ဆောင်ရွက်ဖို့ ငွေကြေး လိုအပ်တဲ့အပြင် လက်ရှိ ပြည်သူအများရဲ့မကျေနပ်မှုများကြောင့် အခွန်ငွေ ရရှိမှု့မှာလည်း အားနည်းလာနိုင်တာကြောင့် ငွေ လိုအပ်မှု့က ပိုပြီး များလာမှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ချေက..ပြည်တွင်းစီးပွားရေးကို တိုးတက်စေတာဖြစ်ဖြစ် နိုင်ငံခြားရင်းနှီးမှု့ ခေါ်ယူတာဖြစ်ဖြစ် အချိန် နှစ်နဲ့ချီယူရလေ့ရှိတဲ့အတွက် လတ်တလောလိုငွေကို ပြည့်ဖို့က အတော်လေးဝေးနိုင်ပါတယ်။ဒီအတွက် ဖြစ်နိုင်ခြေတွေ ကတော့ နိုင်ငံတကာ ချေးငွေရယူတာ၊ အစိုးရ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းတာ၊ ဘဏ်တိုး နှုန်းမြှင့်ပေးပြီး ငွေတွေအပ်စေတာ၊ ဗဟိုဘဏ်ကနေ ငွေချေးယူတာ၊ သယံဇာတ ရောင်းစားတာ၊ လိုငွေကို ရိုက်ထုတ်တာ စတဲ့နည်းတွေ သုံးလို့ရပါတယ်။ဒီနည်းတွေထဲကမှ ပိတ်ဆို့မှုမရှိပဲ အလွယ်ကူဆုံးကတော့ ငွေရိုက်ထုတ်တာပဲဖြစ်ပါတယ်။သမိုင်းစဉ်ကို ပြန်ကြည့်ရင်လည်း အောက်ပါပုံထဲအတိုင်း ၁၉၈၈ ကနေ ၁၉၈၉ တစ်နှစ် အတွင်းမှာတင် Inflation ငွေကြေးဖောင်းပွမှု့ဟာ ၅% လောက်ကနေ ၄၅% လောက်ကို ခုန် တက်သွားတာတွေ့ရပါလိမ့်မယ်။၁၀ ဆလောက် ခုန်တက်သွားတာပါပဲ။အောက်ကပုံမှာပဲဆက်ပြီး လေ့လာကြည့်မယ်ဆိုရင် Money Supply ပြုလုပ်မှု ဟာ ဆယ်စုနှစ်တွေထဲမှာ အမြင့်ဆုံးအနေနဲ့ ထောင် တက်နေတာကိုလဲ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအတွက် ငွေရိုက်ထုတ် အသုံးပြုမှု့ဟာ ဖြစ်နိုင်ချေများပါတယ်။တကယ်တမ်းတော့ နိုင်ငံတိုင်းဟာ ငွေကြေးကို အလွယ်တကူ ရိုက်ထုတ်လေ့မရှိပဲ လည်ပတ်နေတဲ့ ငွေပမာဏကို မှန်းဆပြီးတော့သာ နှစ်စဉ် ကန့်သတ်ပမာဏ တစ်ခုကို တွက်ချက်ရိုက်ထုတ်လေ့ရှိပါတယ်။လက်ရှိမှာတော့ မြန်မာနိုင်ငံ ငွေကြေးဖောင်းပွမှုဟာ ၁၀%ရှိ နေပြီး တကယ်လို့ အတိတ်ကလို ၁၀ ဆသာ ခုန်တက်မယ်ဆိုရင် ၁၀၀ တန် ပစ္စည်းတစ်ခုဟာ နောက်နှစ်မှာ ၂၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ဒါပေမယ့် ဒါဟာ အဆိုးဆုံးဆိုတဲ့ အခြေအနေကို သုံးသပ်တာ ဖြစ်ပါတယ်။ နိုင်ငံအခြေအနေ တည်ငြိမ်သွားရင်တော့ ဒီလို ထိုးတက်နေတဲ့ ငွေကြေးဖောင်းပွမှုဟာ ပြန်လည် ကျဆင်း တတ်ပါတယ်။တကယ်လို့ စစ်တပ်အနေနဲ့ နိုင်ငံတော်အာဏာကို ချက်ချင်း ပြန်လည်လွှဲ ပေးရင်တောင် အခြေအနေတွေကိုပြန်လည်ကုစားတည်ထောင်ဖို့လိုအပ်ဦးမှာ ဖြစ်လို့ အထက်ကလောက် မဆိုးစေကာမူ inflationကို ကြုံရနိုင်ပါတယ်

ဘာလုပ်ကြမလဲ???…ငွေကြေးဖောင်းပွမှုကြောင့် ကုန်ပစ္စည်းတွေ ဈေးတက် တာက အမြင်သာဆုံး ဖြစ်ပြီး နောက်ဆက်တွဲကတော့ ပိုင်ဆိုင်မှုတန်ဖိုးတွေပါ ဈေးလိုက်တက် တတ်ပါတယ်။ဥပမာ အိမ် ခြံမြေ တိုက်ခန်း စတာတွေရဲ့ဈေးတွေ ၊ ရွှေ ဈေးနှုန်း ဒေါ်လာဈေးနှုန်းတွေတို့ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှု့ကို တောင့်ခံနိုင်ဖို့အတွက်ကတေ့ာ ငွေကြေးဖောင်းပွတဲ့ နှုန်းအတိုင်း ဈေးလိုက်တက်နေမယ့် ပိုင်ဆိုင်မှုတွေကို ဝယ်ယူထားခြင်းပဲဖြစ်ပါတယ်။ပထမ အချက်ကတော့ ပြန်ရောင်းရလဲလွယ် ဈေးလဲမာတဲ့ ရွှေ နဲ့ဒေါ်လာ ဟာ လူကြိုက်များလာပါတယ်။ ဒါပေမယ့် ဒေါ်လာ က နိုင်ငံခြားငွေ ဖြစ်ပြီး ယခင်ကလဲ နိုင်ငံခြားငွေလက်ဝယ်ထားရှိမှု့ ဆိုပြီး ပုဒ်မတပ်တာမျိုးလဲ ရှိခဲ့ဖူးပါသေးတယ်။အချုပ်ကတော့ ပိုင်ဆိုင်မှု့တွေကို ပြောင်းလဲဝယ်ယူထားတာ ပိုကောင်းမယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တစ်ယောက် ထဲအမြင်ပါပဲ။တစ်ခု ရှိတာကတော့ စီးပွားရေး အနေနဲ့လဲ နိုင်ငံတော်စီမံ ကောင်စီက ပြည်သူတွေပျော်ရွှင်ဖို့ စိတ်အပြောင်းအလဲဖြစ်ဖို့ တစ်ခုခုကို ဖန်တီးပေးနိုင်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ဥပမာ မော်တော်ကား တင်သွင်းခွင့်တွေပေးတာ ၊ ပါမစ်တွေ ချပေးတာ၊ တန်ဖိုးနည်းအိမ်ယာတွေ ဆောက် လုပ်ပေးတာ စတာတွေ ဖြစ်နိုင်ပါသေးတယ်။အချုပ်ပြောရရင်တော့ လာမယ့် နှစ်တွေမှာ ငွေကြေးဖောင်းပွမှု ဒဏ်ကို ယခင်ထက် ပိုပြီးခံရမှာ ကတော့ အသေအချာဖြစ်တဲ့အတွက် မိမိ တို့ပိုင်ဆိုင်မှု့တွေကို မလျော့ပါးစေအောင် နည်းလမ်းတွေ စဉ်းစားပြီး ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်းကို အသိပေးမျှဝေလိုတာပါပဲခင်ဗျား။ရေးသားသူ ကောင်းဟိန်းစိုး

Leave a Comment