သတိထားဗိုလ်ချုပ်တွေရေ၊ လုပ်သမျှတွေ အတွက် အကုန်ပြန်တာဝန်ယူရမယ် လို့ သတိပေးလိုက်တဲ့ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်တွမ်အင်ဒရူးစ်




unicode

“သတိထားဗိုလ်ချုပ်တွေရေ၊ လုပ်သမျှတွေ အတွက် အကုန်ပြန်တာဝန်ယူရမယ် တွမ်အင်ဒရူးစ်၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အင်တာနက်တွေကို အခုလို ထပ်ပြီး ပိတ်ပစ်နေတာ၊ လူတွေ နေထိုင်ရာ အရပ်တွေမှာ စစ်ယာဉ်တန်းတွေ ဝင်ရောက်နေတာတွေဟာ စစ်ဗိုလ်ချုပ်တွေ ဘယ်လောက် အသည်းအသန်ဖြစ် ဗျာများနေရသလဲ ဆိုတာ ပြနေတာပဲလို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ သံချပ်ကာကားတွေ အပါအဝင် စစ်အင်အား နေရာချတာတွေ၊ လှည့်လည်တာတွေ ရန်ကုန်နဲ့ မြို့ကြီးတချို့မှာ လုပ်လာခဲ့တဲ့ အပေါ် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူး ကိုယ်စားလှ ယ် တွမ်အင်ဒရူးစ်က ဝေဖေန်တာ ဖြစ်ပါတယ်။“စစ်ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူတွေကို စစ်ကြေညာလိုက်သလိုပဲ” ဆိုပြီး မစ္စတာအင်ဒရူးစ်က တွစ်တာပေါ် ရေးပါတယ်။

သန်းခေါင်းယံ စီးနင်းမှုတွေ၊ လူဖမ်းပွဲတွေ အပြင် လူတွေရဲ့ အခွင့်အရေးတွေကို ပိုပိုပြီး ဖယ်ရှားပစ်နေတယ်လို့ သူက ဆိုပါတယ်။“သတိထားဗိုလ်ချုပ်တွေရေ၊ လုပ်သမျှတွေ အတွက် အကုန်ပြန်တာဝန်ယူရမယ်” လို့လည်း ကုလအထူးကိုယ်စားလှယ်က မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်တွေကို သတိပေးပါတယ်။

Leave a Comment