ယုံၾကည္မႈေတြ နည္းလာလို႔ အေဆာင္လက္ပတ္ ပတ္ထားရျခင္း ေနာက္ကြယ္ ႏွင့္ ေနာက္ဆက္တြဲ

ပရိတ္ႀကိဳးပတ္ရတဲ့အဆင့္ကို ေရာက္ေနၿပီ ဆိုကတည္းက.. Belief System ယုံၾကည္တဲ့သူေတြ အေျပာ.. အေတာ့္ကိုကံမေကာင္းဘူးလို႔ ထင္ေနလို႔ ယုံၾကည္ရာ အေဆာင္တစ္ခုခု ထားရပါတယ္ ဆိုတဲ့ အျဖစ္ျဖစ္လာတယ္။Press Conference မဟုတ္တဲ့ တေနရာမွာ အျခား သတင္းသမားေတြမပါဘဲ သူ႔မိန္႔ခြန္း ေႁခြေနရတယ္ ဆိုကတည္းက သူ႔ Security အတြက္ပါ သူ မလုံေတာ့။ ဆိုၾကပါစို႔ ဂ်ိဳးဘိုင္ဒန္ အိမ္ျဖဴေတာ္မွာ ေျပာေနရင္ ေအာက္မွာ Press ေတြ ရွိပါတယ္။ သူ အိမ္ျဖဴေတာ္က ေျပာေနတယ္လို႔ အတိအလင္း လူတိုင္း သိပါတယ္။ အခု မအလ လႊင့္ခဲ့တဲ့ ၂ ခုဟာ ေနရာတခုတည္း မဟုတ္ပါ။ ဘယ္မွာလည္းလို႔ မေျပာပါ။Bulletproof Vest ဝတ္ၿပီး ဘုန္းႀကီးသြားကပ္တဲ့ ပုံေနာက္ပိုင္း public areas ေတြ မသြားေတာ့တာ သတိထားမိမွာပါ။ သြားလို႔လည္း မရပါ။လူမိုက္ေတြ နယ္က်ဥ္းလာသလို.. ဆြဲထည့္တာမ်ားေလေလ သူ ယုံၾကည္ရတဲ့ သူ႔ capacity ဟာ နည္းေလေလပဲ။ ရွင္းျပမယ္။ အားလုံးဟာလည္း သူ႔ network နဲ႔ သူေနေနၾကတာပါ။ အရင္ Ex-General အသိုင္းအဝိုင္းက တေယာက္ ဖမ္းလိုက္ရင္ အျခားသူေတြလည္း မ်က္ခုံးလႈပ္သလို လက္မခံတဲ့ အျဖစ္ျဖစ္လာမယ္။ သက္ဆိုင္ရာ civilians ေတြမွာလည္း တပ္နဲ႔ ႏြယ္တဲ့သူေတြ ရွိၾကပါတယ္။ ဥပမာ ႏိုင္ငံေရးသမားေပမယ့္ အမ်ိဳးထဲ Connection ေတြထဲ စစ္တပ္ထဲမွာ လက္ရွိ တာဝန္ထမ္းေနတဲ့ အရာရွိ အရာခံ အၾကပ္စစ္သည္ေတြ တပုံႀကီးပါ။ ျမန္မာစကားရွိပါတယ္။ “လက္သည္းဆိတ္ လက္ထိပ္နာ” ဆိုသလို အခုလို လုပ္တာ လက္မခံတဲ့သူေတြ တပုံႀကီး။

အဲဒီေတာ့ ဆြဲထည့္ေလေလ သူယုံၾကည္ရမည့္သူ နည္းေလေလ သူတို႔အခ်င္းခ်င္းအတြက္ပင္လွ်င္ ေဘာင္က်ဥ္းလာေလေလ ျဖစ္လာတာ အားလုံး သိထားသင့္ပါတယ္။ ကမာၻ႔သမိုင္းမွာ ထိုအေၾကာင္းေၾကာင္းေတြရဲ႕ ေနာက္ဆုံးရလာဒ္ဟာ.. အခ်ိန္မေ႐ြး လူယုံကေတာင္ ျပန္ေဆာ္သြားႏိုင္တဲ့ အျဖစ္ျဖစ္လာႏိုင္တယ္။ေမာင္ပိုင္စီး သတင္းဌာနေတြရဲ႕ သတင္းျဖတ္ညႇပ္ကပ္ေတြ၊ အရင္အေဟာင္းေတြ ျပန္လႊင့္တာေတြ၊ သ႑ာန္လုပ္ သ႐ုပ္ေဖာ္ သတင္းေတြကို ဂ်င္းသတင္းေတြမွန္း လူတိုင္းသိပါတယ္။ USDP အားေပးတဲ့ လူေတြေတာင္ ဟားေနၾကတယ္။ ဆိုလိုတာက မီဒီယာတိုက္ပြဲမွာ စစ္အာဏာရွင္ဟာ ျပားျပားဝပ္ ရႈံးၿပီးသားပါ။ ဘယ္လိုမွ အဖတ္ဆယ္လို႔ မရေတာ့ပါ။အခု ညစဥ္ဆြဲၾကတယ္။ သူတို႔ ဘယ္ေလာက္ထိ ဆြဲႏိုင္မွာလဲ။အေပၚကေျပာသလို ဆြဲေလေလ လက္သည္းစိတ္ လက္ထိပ္နာ ငါ့အမ်ိဳး ငါ့မိတ္ေဆြ ငါ့ connection ရဲ႕ ရန္သူ အမုန္းႀကီး မုန္းသူဟာ ငါ့ရန္သူလို႔ ျဖစ္လာတာေတြမ်ားေလေလ စစ္အာဏာရွင္ နိဂုံးခ်ဳပ္ဖို႔ နီးလာေလေလပါပဲ။

ပန္တဂြန္ သြားမယ္ ဆိုတဲ့ မတိုင္ခင္ အိႏၵိယသမၼတ မိုဒီ နဲ႔ အေမရိကန္သမၼတ ဘိုင္ဒန္နဲ႔ ျမန္မာ့အေရး ဖုန္းေျပာျဖစ္တယ္ ဆိုကတည္းက အလကား မဟုတ္ပါ။ အိႏၵိယဟာ တ႐ုတ္နဲ႔ နယ္နမိတ္ ျပႆနာေၾကာင့္ သူ႔အတြက္ ေထာက္ခံမႈ ရေအာင္ ျမန္မာျပည္ကို အန္တီ့လက္ထက္မွာ အမ်ားႀကီး မ်က္နာရေအာင္ လုပ္ခဲ့တယ္။ ကိုယ္က သြားဖားရတာ မဟုတ္ဘူးေနာ္။ သူတို႔ကိုယ္တိုင္က favor လာေပးတာ။ ေရငုပ္သေဘၤာ၊ ကိုဗစ္ေဆး လိုတာေျပာ ဆိုတဲ့ သေဘာနဲ႔။အကုန္ပူဆာ အကုန္ရပါတယ္။ ေအာက္ေၾကးေတြနဲ႔ ေပးတယ္။အခု မအလ လုပ္ရပ္ဟာ အိႏၵိယအတြက္ အႀကီးအက်ယ္ ေဒါသထြက္ေစတယ္။ မိုဒီ နဲ႔ ဘိုင္ဒန္ ဖုန္းေျပာတာ အလကားေျပာတာ မဟုတ္သလို.. ဘိုင္ဒန္က စစ္အာရွင္ကို အာဏာစြန္႔ဖို႔ ေျပာတာ၊ ပန္တဂြန္ သြားမယ္ ဆိုတာေတြဟာ အလကား ေျပာသြားတာ မဟုတ္ဘူး။တခ်ိန္က ပါကစၥတန္ကို မ်က္ႏွာသာေပးလို႔ အိႏၵိယဟာ အေမရိကန္ကို အျမင္ကတ္ေပမယ့္ ေပးတဲ့လက္ ျပန္ကိုက္တဲ့ ပါကစၥတန္ကို အေမရိကန္ေတြ မေက်နပ္လို႔ အေမရိကန္ နဲ႔ ပါကစၥတန္ ဆက္ဆံေရးဟာ ေျပာင္းလဲသြားသလိုတ႐ုတ္နဲ႔ နယ္စပ္နယ္ေျမ ကိစၥေၾကာင့္ အိႏၵိယနဲ႔ အေမရိကန္ ဆက္ဆံေရးဟာ တိုးတက္လာျပန္ပါတယ္။ခင္ဗ်ားအိမ္ေဘးမွာ ပေထြးက အိမ္သူအိမ္သားေတြ အႏိုင္က်င့္ရင္ သက္ဆိုင္ရာ ရဲစခန္းကို ေခၚသလိုေပါ့။ အိႏၵိယက ကမာၻ႔ပုလိပ္ အေမရိကန္ကို လွမ္းေျပာတာ မဆန္းပါ။ လတ္တေလာ တစ္ ဘီလီယံ သိမ္းသြားၿပီ။အာဏာစြန္႔ဖို႔ ရာဇသံဟာ အလကားေပးထားတာ မဟုတ္ပါ။ အေမရိကန္ သမၼတ အသစ္တက္လာတိုင္း သူတို႔ ပါဝါႀကီးေၾကာင္း Exercise လုပ္ျပတတ္ပါတယ္။I am just reporting ပါ။ (Myo Han Htun)

UNICODE

ပရိတ်ကြိုးပတ်ရတဲ့အဆင့်ကို ရောက်နေပြီ ဆိုကတည်းက.. Belief System ယုံကြည်တဲ့သူတွေ အပြော.. အတော့်ကိုကံမကောင်းဘူးလို့ ထင်နေလို့ ယုံကြည်ရာ အဆောင်တစ်ခုခု ထားရပါတယ် ဆိုတဲ့ အဖြစ်ဖြစ်လာတယ်။Press Conference မဟုတ်တဲ့ တနေရာမှာ အခြား သတင်းသမားတွေမပါဘဲ သူ့မိန့်ခွန်း ခြွေနေရတယ် ဆိုကတည်းက သူ့ Security အတွက်ပါ သူ မလုံတော့။ ဆိုကြပါစို့ ဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာ ပြောနေရင် အောက်မှာ Press တွေ ရှိပါတယ်။ သူ အိမ်ဖြူတော်က ပြောနေတယ်လို့ အတိအလင်း လူတိုင်း သိပါတယ်။ အခု မအလ လွှင့်ခဲ့တဲ့ ၂ ခုဟာ နေရာတခုတည်း မဟုတ်ပါ။ ဘယ်မှာလည်းလို့ မပြောပါ။Bulletproof Vest ဝတ်ပြီး ဘုန်းကြီးသွားကပ်တဲ့ ပုံနောက်ပိုင်း public areas တွေ မသွားတော့တာ သတိထားမိမှာပါ။ သွားလို့လည်း မရပါ။လူမိုက်တွေ နယ်ကျဉ်းလာသလို.. ဆွဲထည့်တာများလေလေ သူ ယုံကြည်ရတဲ့ သူ့ capacity ဟာ နည်းလေလေပဲ။ ရှင်းပြမယ်။ အားလုံးဟာလည်း သူ့ network နဲ့ သူနေနေကြတာပါ။ အရင် Ex-General အသိုင်းအဝိုင်းက တယောက် ဖမ်းလိုက်ရင် အခြားသူတွေလည်း မျက်ခုံးလှုပ်သလို လက်မခံတဲ့ အဖြစ်ဖြစ်လာမယ်။ သက်ဆိုင်ရာ civilians တွေမှာလည်း တပ်နဲ့ နွယ်တဲ့သူတွေ ရှိကြပါတယ်။ ဥပမာ နိုင်ငံရေးသမားပေမယ့် အမျိုးထဲ Connection တွေထဲ စစ်တပ်ထဲမှာ လက်ရှိ တာဝန်ထမ်းနေတဲ့ အရာရှိ အရာခံ အကြပ်စစ်သည်တွေ တပုံကြီးပါ။ မြန်မာစကားရှိပါတယ်။ “လက်သည်းဆိတ် လက်ထိပ်နာ” ဆိုသလို အခုလို လုပ်တာ လက်မခံတဲ့သူတွေ တပုံကြီး။

အဲဒီတော့ ဆွဲထည့်လေလေ သူယုံကြည်ရမည့်သူ နည်းလေလေ သူတို့အချင်းချင်းအတွက်ပင်လျှင် ဘောင်ကျဉ်းလာလေလေ ဖြစ်လာတာ အားလုံး သိထားသင့်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ထိုအကြောင်းကြောင်းတွေရဲ့ နောက်ဆုံးရလာဒ်ဟာ.. အချိန်မရွေး လူယုံကတောင် ပြန်ဆော်သွားနိုင်တဲ့ အဖြစ်ဖြစ်လာနိုင်တယ်။မောင်ပိုင်စီး သတင်းဌာနတွေရဲ့ သတင်းဖြတ်ညှပ်ကပ်တွေ၊ အရင်အဟောင်းတွေ ပြန်လွှင့်တာတွေ၊ သဏ္ဍာန်လုပ် သရုပ်ဖော် သတင်းတွေကို ဂျင်းသတင်းတွေမှန်း လူတိုင်းသိပါတယ်။ USDP အားပေးတဲ့ လူတွေတောင် ဟားနေကြတယ်။ ဆိုလိုတာက မီဒီယာတိုက်ပွဲမှာ စစ်အာဏာရှင်ဟာ ပြားပြားဝပ် ရှုံးပြီးသားပါ။ ဘယ်လိုမှ အဖတ်ဆယ်လို့ မရတော့ပါ။အခု ညစဉ်ဆွဲကြတယ်။ သူတို့ ဘယ်လောက်ထိ ဆွဲနိုင်မှာလဲ။အပေါ်ကပြောသလို ဆွဲလေလေ လက်သည်းစိတ် လက်ထိပ်နာ ငါ့အမျိုး ငါ့မိတ်ဆွေ ငါ့ connection ရဲ့ ရန်သူ အမုန်းကြီး မုန်းသူဟာ ငါ့ရန်သူလို့ ဖြစ်လာတာတွေများလေလေ စစ်အာဏာရှင် နိဂုံးချုပ်ဖို့ နီးလာလေလေပါပဲ။

ပန်တဂွန် သွားမယ် ဆိုတဲ့ မတိုင်ခင် အိန္ဒိယသမ္မတ မိုဒီ နဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ မြန်မာ့အရေး ဖုန်းပြောဖြစ်တယ် ဆိုကတည်းက အလကား မဟုတ်ပါ။ အိန္ဒိယဟာ တရုတ်နဲ့ နယ်နမိတ် ပြဿနာကြောင့် သူ့အတွက် ထောက်ခံမှု ရအောင် မြန်မာပြည်ကို အန်တီ့လက်ထက်မှာ အများကြီး မျက်နာရအောင် လုပ်ခဲ့တယ်။ ကိုယ်က သွားဖားရတာ မဟုတ်ဘူးနော်။ သူတို့ကိုယ်တိုင်က favor လာပေးတာ။ ရေငုပ်သင်္ဘော၊ ကိုဗစ်ဆေး လိုတာပြော ဆိုတဲ့ သဘောနဲ့။အကုန်ပူဆာ အကုန်ရပါတယ်။ အောက်ကြေးတွေနဲ့ ပေးတယ်။အခု မအလ လုပ်ရပ်ဟာ အိန္ဒိယအတွက် အကြီးအကျယ် ဒေါသထွက်စေတယ်။ မိုဒီ နဲ့ ဘိုင်ဒန် ဖုန်းပြောတာ အလကားပြောတာ မဟုတ်သလို.. ဘိုင်ဒန်က စစ်အာရှင်ကို အာဏာစွန့်ဖို့ ပြောတာ၊ ပန်တဂွန် သွားမယ် ဆိုတာတွေဟာ အလကား ပြောသွားတာ မဟုတ်ဘူး။တချိန်က ပါကစ္စတန်ကို မျက်နှာသာပေးလို့ အိန္ဒိယဟာ အမေရိကန်ကို အမြင်ကတ်ပေမယ့် ပေးတဲ့လက် ပြန်ကိုက်တဲ့ ပါကစ္စတန်ကို အမေရိကန်တွေ မကျေနပ်လို့ အမေရိကန် နဲ့ ပါကစ္စတန် ဆက်ဆံရေးဟာ ပြောင်းလဲသွားသလိုတရုတ်နဲ့ နယ်စပ်နယ်မြေ ကိစ္စကြောင့် အိန္ဒိယနဲ့ အမေရိကန် ဆက်ဆံရေးဟာ တိုးတက်လာပြန်ပါတယ်။ခင်ဗျားအိမ်ဘေးမှာ ပထွေးက အိမ်သူအိမ်သားတွေ အနိုင်ကျင့်ရင် သက်ဆိုင်ရာ ရဲစခန်းကို ခေါ်သလိုပေါ့။ အိန္ဒိယက ကမ္ဘာ့ပုလိပ် အမေရိကန်ကို လှမ်းပြောတာ မဆန်းပါ။ လတ်တလော တစ် ဘီလီယံ သိမ်းသွားပြီ။အာဏာစွန့်ဖို့ ရာဇသံဟာ အလကားပေးထားတာ မဟုတ်ပါ။ အမေရိကန် သမ္မတ အသစ်တက်လာတိုင်း သူတို့ ပါဝါကြီးကြောင်း Exercise လုပ်ပြတတ်ပါတယ်။I am just reporting ပါ။ (Myo Han Htun)

Leave a Comment