ေနျပည္ေတာ္ပစ္ခတ္မႈမွာဦးေခါင္းကိုက်ည္ထိမွန္ခဲ့တဲ့ မျမသြဲ႕သြဲ႕ခိုင္ကြယ္လြန္ျပီဟုဆရာဝန္ေတြ အတည္ျပဳ

ေနျပည္ေတာ္ပစ္ခတ္မႈမွာ ဦးေခါင္းကို က်ည္ထိမွန္ခဲ့တဲ့ မျမသြဲ႕သြဲ႕ခိုင္ဟာ ဒီကေန႔ ေနျပည္ေတာ္ ခုတင္ ၁၀၀၀ ေဆး႐ုံမွာ ေသဆုံးသြားၿပီလို႔ ဆရာဝန္ေတြက အတည္ျပဳေျပာပါတယ္။ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံက အမည္မေဖာ္လိုတဲ့ ဆရာဝန္တဦးက “ဦးေႏွာက္ေသသြားၿပီလို႔ က်ေနာ္တို႔က သတ္မွတ္လိုက္ပါၿပီ။ အသက္႐ူစက္ျဖဳတ္ဖို႔လည္း မိသားစုကို အေၾကာင္းၾကားထားပါၿပီ။ တကယ္ေတာ့ လူနာက ဆုံးေနၿပီ၊ ေဆးပညာအရ ဦးေႏွာက္ေသဆုံးၿပီလို႔ သတ္မွတ္လိုက္တာဟာ ေသဆုံးသြားတာပဲ၊ မိသားစုကေတာ့ ဘယ္အခ်ိန္မွာ အသက္႐ူစက္ျဖဳတ္မယ္ဆိုတာ မေျပာေသးပါဘူး” လို႔ RFA ကို အတည္ျပဳေျပာပါတယ္။

မျမသြဲ႕သြဲ႕ခိုင္ရဲ႕ ဦးေခါင္းထဲမွာ ဝင္ေနတဲ့ က်ည္ဆံစကို ခြဲထုတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဒီကေန႔ မနက္ပိုင္းမွာ ဆရာဝန္ေတြက လက္ေလွ်ာ့လိုက္တာျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က ေနျပည္ေတာ္မွာ ဆႏၵျပရင္း ရဲတပ္ဖြဲ႕ရဲ႕ ၿဖိဳခြင္းမႈေၾကာင့္ အသက္(၁၉) ႏွစ္အ႐ြယ္ မျမသြဲ႕သြဲ႕ခိုင္ရဲ႕ ဦးေခါင္းကို ေသနတ္က်ည္ဆံထိမွန္ခဲ့တာပါ။

က်ည္ဆံထိမွန္ခဲ့တဲ့ မျမသြဲ႕သြဲ႕ခိုင္ရဲ႕ ဦးေခါင္းမွာ စစ္ေဆးေတြ႕ရွိတဲ့ ေဆးမွတ္တမ္းေတြအရ ရဲတပ္ဖြဲ႕ရဲ႕ က်ည္ဆံဟာ အဓိက႐ုဏ္း ႏွိမ္နင္းရာမွာသုံးတဲ့ ေရာ္ဘာက်ည္မဟုတ္ဘဲ သံနဲ႔လုပ္ထားတဲ့ က်ည္ဆံအစစ္ျဖစ္တယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ဆရာဝန္တဦးက ေျပာပါတယ္။အာဏာသိမ္းစစ္အစိုးရဘက္ကေတာ့ အဲဒီေန႔ပစ္ခတ္ၿဖိဳခြင္းမႈမွာ က်ည္ဆန္အစစ္နဲ႔ ပစ္ခဲ့တာ မဟုတ္ေၾကာင္း ျငင္းဆိုထားပါတယ္။မျမသြဲ႕သြဲ႕ခိုင္ဟာ စစ္အာဏာသိမ္းဆႏၵျပတဲ့သူေတြထဲမွာ ပထမဆုံးေသဆုံးသြားသူျဖစ္ပါတယ္။မျမသြဲ႕သြဲ႕ခိုင္ရဲ႕ အသုဘအခမ္းအနားကို ေနျပည္ေတာ္မွာ စည္စည္ကားကား က်င္းပႏိုင္ဖို႔ ျပင္ဆင္ေနၿပီလို႔ NLD အမတ္တဦးက ေျပာပါတယ္။

UNICODE

နေပြည်တော်ပစ်ခတ်မှုမှာ ဦးခေါင်းကို ကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဒီကနေ့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ သေဆုံးသွားပြီလို့ ဆရာဝန်တွေက အတည်ပြုပြောပါတယ်။နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက “ဦးနှောက်သေသွားပြီလို့ ကျနော်တို့က သတ်မှတ်လိုက်ပါပြီ။ အသက်ရူစက်ဖြုတ်ဖို့လည်း မိသားစုကို အကြောင်းကြားထားပါပြီ။ တကယ်တော့ လူနာက ဆုံးနေပြီ၊ဆေးပညာအရ ဦးနှောက်သေဆုံးပြီလို့ သတ်မှတ်လိုက်တာဟာ သေဆုံးသွားတာပဲ၊ မိသားစုကတော့ ဘယ်အချိန်မှာ အသက်ရူစက်ဖြုတ်မယ်ဆိုတာ မပြောသေးပါဘူး” လို့ RFA ကို အတည်ပြုပြောပါတယ်။

မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းထဲမှာ ဝင်နေတဲ့ ကျည်ဆံစကို ခွဲထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်းမှာ ဆရာဝန်တွေက လက်လျှော့လိုက်တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ဆန္ဒပြရင်း ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုကြောင့် အသက်(၁၉) နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို သေနတ်ကျည်ဆံထိမှန်ခဲ့တာပါ။

ကျည်ဆံထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းမှာ စစ်ဆေးတွေ့ရှိတဲ့ ဆေးမှတ်တမ်းတွေအရ ရဲတပ်ဖွဲ့ရဲ့ ကျည်ဆံဟာ အဓိကရုဏ်း နှိမ်နင်းရာမှာသုံးတဲ့ ရော်ဘာကျည်မဟုတ်ဘဲ သံနဲ့လုပ်ထားတဲ့ ကျည်ဆံအစစ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက ပြောပါတယ်။အာဏာသိမ်းစစ်အစိုးရဘက်ကတော့ အဲဒီနေ့ပစ်ခတ်ဖြိုခွင်းမှုမှာ ကျည်ဆန်အစစ်နဲ့ပစ်ခဲ့တာမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။မမြသွဲ့သွဲ့ခိုင်ဟာ စစ်အာဏာ သိမ်းဆန္ဒပြတဲ့သူတွေထဲမှာ ပထမဆုံးသေဆုံးသွားသူဖြစ်ပါတယ်။မမြသွဲ့သွဲ့ခိုင်ရဲ့ အသုဘအခမ်းအနားကို နေပြည်တော်မှာ စည်စည်ကားကား ကျင်းပနိုင်ဖို့ ပြင်ဆင်နေပြီလို့ NLD အမတ်တဦးက ပြောပါတယ်။

Leave a Comment