“အေမရိကန္အစိုးရရဲ႕ အေရးယူ ပိတ္ဆို႔မႈ စာရင္းမွာ 7th Sense နဲ႔ Media 7 တို႔ ပါဝင္”

အေမရိကန္အစိုးရရဲ႕ ပိတ္ဆို႔ အေရးယူတဲ့ စာရင္းထဲမွာ အာဏာ သိမ္း ျမန္မာ့တပ္မေတာ္ စစ္ေခါင္းေဆာင္ရဲ႕ မိသားစုဝင္ေတြရဲ႕ စီးပြားေရး လုပ္ငန္းေတြနဲ႔ စီးပြားေရး တြဲဖက္ လုပ္ကိုင္ေနသူေတြရဲ႕ အမည္စာရင္းေတြကို ထုတ္ျပန္ ေၾကညာထားပါတယ္။အဆိုပါ စာရင္းထဲမွာ 7th Sense ႐ုပ္ရွင္ထုတ္လုပ္ေရးနဲ႔ Stellar Seven ကုမၸဏီ လိမိတက္ အပါအဝင္ ကိုေဝမင္းေမာင္ ဦးစီးတဲ့ Myanmar Media 7 ကုမၸဏီတို႔ ပါဝင္တာ ေတြ႕ရပါတယ္။Myanmar Media 7 ကုမၸဏီဟာ ဆယ္စုႏွစ္ တစုေက်ာ္ၾကာ ရပ္တည္ လုပ္ကိုင္ခဲ့တဲ့ ကုမၸဏီျဖစ္ၿပီး ကိုေဝမင္းေမာင္ႏွင့္ ကိုႏိုင္ၿဖိဳးေက်ာ္တို႔ သူငယ္ခ်င္း ႏွစ္ဦး ဦးစီး လုပ္ကိုင္တယ္လို႔ သိရပါတယ္။ ၎တို႔ ကုမၸဏီအေနနဲ႔ ႏိုင္ငံေရးနဲ႔ ပတ္သက္သည္မ်ားကို မေဖာ္ျပခဲ့ဖူးဘဲ ေဖ်ာ္ေျဖေရး သက္သက္ကိုသာ ႐ိုက္ကူး တင္ဆက္ခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

“က်ေနာ္သည္ အခုခ်ိန္ထိ ဘယ္အလုပ္ပဲလုပ္လုပ္ ဖုံးဖိလုပ္တတ္သူ မဟုတ္ပါ။ ဘယ္သူနဲ႔ ပူးေပါင္းလုပ္တယ္ ဘယ္လိုလုပ္တယ္ကအစ၊ ဘယ္မီဒီယာမွ ေမးေမး အမွန္အတိုင္း ျပည့္ျပည့္စုံစုံ ေျဖၾကားသူဆိုတာ နာမည္ႀကီး မီဒီယာတခုမွာ ေဖာ္ျပခဲ့ဖူးတဲ့ ေဆာင္းပါးမွာ ကိုယ္တိုင္ကိုယ္က် ေျဖၾကားခဲ့တာကို ေတြ႕ရမွာပါ။Myanmar Media 7 ႏွင့္ က်ေနာ္တို႔ ဦးေဆာင္တဲ့ Media လုပ္ငန္းတိုင္း တခါမွ ႏိုင္ငံေရးႏွင့္ပတ္သတ္ၿပီး မေဖာ္ျပဖူးသလို ေဖ်ာ္ေျဖေရးသက္သက္ကိုသာ ႐ိုက္ကူးတင္ဆက္ခဲ့ပါတယ္“အဲဒါေၾကာင့္လည္း ႏိုင္ငံေရးခံယူခ်က္ ျပင္းထန္သည့္ အႏုပညာရွင္ သူငယ္ခ်င္း ေတာ္ေတာ္မ်ားမ်ားႏွင့္လည္း စိတ္ရွင္းရွင္းျဖင့္ အလုပ္လုပ္ႏိုင္၊ အႏုပညာအလုပ္မ်ားစြာ ဖန္တီးႏိုင္ခဲ့တာပါ။

ေကာင္းမြန္တဲ့ မိတ္ေဆြ သူငယ္ခ်င္း ပတ္ဝန္းက်င္ကို တည္ေဆာက္ႏိုင္ခဲ့ပါတယ္” လို႔ ကိုေဝမင္းေမာင္က သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကတဆင့္ ေဖေဖာ္ဝါရီ ၃ ရက္ေန႔က ေျဖရွင္းခဲ့ပါတယ္။ျမန္မာစစ္တပ္ အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ သမီးျဖစ္သူ ခင္သီရိသက္မြန္ ပိုင္ဆိုင္တဲ့ 7th Sense ႐ုပ္ရွင္ထုတ္လုပ္ေရးကေတာ့ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကို ျဖန႔္ခ်ိ ထုတ္လုပ္ခဲ့ၿပီး၊ Stellar Seven ကုမၸဏီကေတာ့ အႏုပညာနဲ႔ ပတ္သက္တဲ့ လုပ္ငန္းမ်ားကို လုပ္ကိုင္တဲ့ ကုမၸဏီ တခုပဲ ျဖစ္ပါတယ္။

UNICODE

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲမှာ အာဏာ သိမ်း မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ စီးပွားရေး တွဲဖက် လုပ်ကိုင်နေသူတွေရဲ့ အမည်စာရင်းတွေကို ထုတ်ပြန် ကြေညာထားပါတယ်။အဆိုပါ စာရင်းထဲမှာ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ Stellar Seven ကုမ္ပဏီ လိမိတက် အပါအဝင် ကိုဝေမင်းမောင် ဦးစီးတဲ့ Myanmar Media 7 ကုမ္ပဏီတို့ ပါဝင်တာ တွေ့ရပါတယ်။Myanmar Media 7 ကုမ္ပဏီဟာ ဆယ်စုနှစ် တစုကျော်ကြာ ရပ်တည် လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ကိုဝေမင်းမောင်နှင့် ကိုနိုင်ဖြိုးကျော်တို့ သူငယ်ချင်း နှစ်ဦး ဦးစီး လုပ်ကိုင်တယ်လို့ သိရပါတယ်။ ၎င်းတို့ ကုမ္ပဏီအနေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်သည်များကို မဖော်ပြခဲ့ဖူးဘဲ ဖျော်ဖြေရေး သက်သက်ကိုသာ ရိုက်ကူး တင်ဆက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်သည် အခုချိန်ထိ ဘယ်အလုပ်ပဲလုပ်လုပ် ဖုံးဖိလုပ်တတ်သူ မဟုတ်ပါ။ ဘယ်သူနဲ့ ပူးပေါင်းလုပ်တယ် ဘယ်လိုလုပ်တယ်ကအစ၊ ဘယ်မီဒီယာမှ မေးမေး အမှန်အတိုင်း ပြည့်ပြည့်စုံစုံ ဖြေကြားသူဆိုတာ နာမည်ကြီး မီဒီယာတခုမှာ ဖော်ပြခဲ့ဖူးတဲ့ ဆောင်းပါးမှာ ကိုယ်တိုင်ကိုယ်ကျ ဖြေကြားခဲ့တာကို တွေ့ရမှာပါ။Myanmar Media 7 နှင့် ကျနော်တို့ ဦးဆောင်တဲ့ Media လုပ်ငန်းတိုင်း တခါမှ နိုင်ငံရေးနှင့်ပတ်သတ်ပြီး မဖော်ပြဖူးသလို ဖျော်ဖြေရေးသက်သက်ကိုသာ ရိုက်ကူးတင်ဆက်ခဲ့ပါတယ်“အဲဒါကြောင့်လည်း နိုင်ငံရေးခံယူချက် ပြင်းထန်သည့် အနုပညာရှင် သူငယ်ချင်း တော်တော်များများနှင့်လည်း စိတ်ရှင်းရှင်းဖြင့် အလုပ်လုပ်နိုင်၊ အနုပညာအလုပ်များစွာ ဖန်တီးနိုင်ခဲ့တာပါ။

ကောင်းမွန်တဲ့ မိတ်ဆွေ သူငယ်ချင်း ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ခဲ့ပါတယ်” လို့ ကိုဝေမင်းမောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ဖေဖော်ဝါရီ ၃ ရက်နေ့က ဖြေရှင်းခဲ့ပါတယ်။မြန်မာစစ်တပ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဖြန့်ချိ ထုတ်လုပ်ခဲ့ပြီး၊ Stellar Seven ကုမ္ပဏီကတော့ အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းများကို လုပ်ကိုင်တဲ့ ကုမ္ပဏီ တခုပဲ ဖြစ်ပါတယ်။

Leave a Comment