အက်ဥ္းေထာင္ အသီးသီးတြင္ ျပစ္ဒဏ္က်ခံေနရသူ ၂၃၃၁၄ ဦးအား ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပး

အက်ဥ္းေထာင္ အသီးသီးတြင္ ျပစ္ဒဏ္က်ခံေနရသူ ၂၃၃၁၄ ဦးအား ရာဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၄၀၁(၁)အရ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ ေပးလိုက္ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီက ယေန႔ (ေဖေဖာ္ဝါရီ ၁၂ ရက္)တြင္ အမိန႔္အမွတ္(၅၉/၂၀၂၁)ကိုထုတ္ျပန္သည္။ထို႔အတူ အက်ဥ္းေထာင္ အသီးသီးတြင္ အက်ဥ္းက်ခံေနရသည့္ ႏိုင္ငံျခားသား အက်ဥ္းသား/အက်ဥ္းသူ ၅၅ ဦးကိုလည္း ရာဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၄၀၁(၁)အရ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးလိုက္ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီက အမိန႔္အမွတ္ ၆၀/၂၀၂၁ ကို ထုတ္ျပန္သည္။

အလားတူ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၃၁ ရက္ မတိုင္မီ က်ဴးလြန္ခဲ့ေသာ ျပစ္မႈတစ္ခုခုႏွင့္စပ္လ်ဥ္း၍ ျပစ္ဒဏ္ခ်မွတ္ျခင္း ခံရၿပီးပါက ၎တို႔က်ခံေနရေသာ ျပစ္ဒဏ္မ်ားျဖစ္သည့္ ေသဒဏ္ျပစ္ဒဏ္ က်ခံေနရသူမ်ားကို ေထာင္ဒဏ္တစ္သက္ (လြတ္ရက္မရွိ) သို႔ လည္းေကာင္း၊ ေထာင္ဒဏ္တစ္သက္ႏွင့္ ႏွစ္အကန႔္အသတ္မရွိ ျပစ္ဒဏ္က်ခံေနရသူမ်ားကို ေထာင္ဒဏ္ႏွစ္ ၄၀ (ယခင္ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ အမိန႔္မ်ားအရ ေထာင္ဒဏ္မွ ေထာင္တစ္သက္ျပစ္ဒဏ္သို႔ ေျပာင္းလဲထားသူမ်ား အပါ) သို႔လည္းေကာင္း ေလွ်ာ့ေပါ့က်ခံေစရန္ လြတ္ၿငိမ္းခ်မ္းသာခြင့္အမိန႔္ကို ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီက အမိန႔္အမွတ္ ၅၈/၂၀၂၁ ျဖင့္ထုတ္ျပန္သည္။

ထို႔အျပင္ ယခင္ျပစ္ဒဏ္ လြတ္ၿငိမ္းခြင့္ အမိန႔္မ်ားအရ ေသဒဏ္မွ ေထာင္တစ္သက္ျပစ္ဒဏ္သို႔ ေျပာင္းလဲထားသူမ်ားအား ေထာင္ဒဏ္ ႏွစ္ ၅၀ သို႔လည္းေကာင္း၊ ေထာင္ဒဏ္ႏွစ္ ၄၀ အထက္ က်ခံေနရသူမ်ားကို ေထာင္ဒဏ္ ႏွစ္ ၄၀ သို႔လည္းေကာင္း၊ ေထာင္ဒဏ္ႏွစ္ ၄၀ ႏွင့္ေအာက္ က်ခံေနရသူမ်ားကို ယင္းတို႔က်ခံေနရေသာ ေထာင္ဒဏ္၏ ေလးပုံတစ္ပုံသို႔လည္းေကာင္း ေလွ်ာ့ေပါ့က်ခံေစရန္ လြတ္ၿငိမ္းခ်မ္းသာခြင့္ အမိန႔္တြင္ ပါရွိသည္။

UNICODE

အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ ၂၃၃၁၄ ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် အမိန့်အမှတ်(၅၉/၂၀၂၁)ကိုထုတ်ပြန်သည်။ထို့အတူ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၅၅ ဦးကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက အမိန့်အမှတ် ၆၀/၂၀၂၁ ကို ထုတ်ပြန်သည်။

အလားတူ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက် မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ၎င်းတို့ကျခံနေရသော ပြစ်ဒဏ်များဖြစ်သည့် သေဒဏ်ပြစ်ဒဏ် ကျခံနေရသူများကို ထောင်ဒဏ်တစ်သက် (လွတ်ရက်မရှိ) သို့ လည်းကောင်း၊ ထောင်ဒဏ်တစ်သက်နှင့် နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ (ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်များအရ ထောင်ဒဏ်မှ ထောင်တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲထားသူများ အပါ) သို့လည်းကောင်း လျှော့ပေါ့ကျခံစေရန် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက အမိန့်အမှတ် ၅၈/၂၀၂၁ ဖြင့်ထုတ်ပြန်သည်။

ထို့အပြင် ယခင်ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့်များအရ သေဒဏ်မှ ထောင်တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲထားသူများအား ထောင်ဒဏ် နှစ် ၅၀ သို့လည်းကောင်း၊ ထောင်ဒဏ်နှစ် ၄၀ အထက် ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့လည်းကောင်း၊ ထောင်ဒဏ်နှစ် ၄၀ နှင့်အောက် ကျခံနေရသူများကို ယင်းတို့ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတစ်ပုံသို့လည်းကောင်း လျှော့ပေါ့ကျခံစေရန် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် ပါရှိသည်။

Leave a Comment