BPI ေဆးဝါးစက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲဆိုထားမႈကို တရားလိုဘက္မွ အမႈ႐ုပ္သိမ္းလႊာတင္

BPI ေဆးဝါးစက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲဆိုထားမႈကို တရားလိုဘက္မွ အမႈ႐ုပ္သိမ္းလႊာတင္ခဲ့ေၾကာင္း သိရသည္။အဆိုပါအမႈအား တရားလိုအျဖစ္ ေဆာင္႐ြက္ေနသည့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္မွ ဦးမိုးႏိုင္မွ တရားလိုျပဳလုပ္ တိုင္တန္းခဲ့ျခင္းျဖစ္ၿပီး တရားလိုဘက္မွ ယေန႔ (ေဖေဖာ္ဝါရီ ၁၁ ရက္) ႐ုံးခ်ိန္းတြင္ အမႈ႐ုပ္သိမ္းလြာတင္ခဲ့ေၾကာင္း ေဒါက္တာေအာင္ေဇာ္၏ ေရွ႕ေနျဖစ္သူ ဦးထင္ေဇာ္လတ္က ေျပာၾကားသည္။“တရားလိုျဖစ္တဲ့ အဂတိက ဦးမိုးႏိုင္က ဒီေန႔႐ုံးခ်ိန္းမွာ အမႈကို ပိတ္သိမ္းလိုက္တာပါ။ အမႈတြဲက ေနျပည္ေတာ္ ေရာက္ေနေတာ့ ေဒါက္တာေအာင္ေဇာ္က မလြတ္ေသးပါဘူး။ ေနာက္တစ္ပတ္ ႐ုံးခ်ိန္းေတာ့ လြတ္မယ္”ဟု ေဒါက္တာေအာင္ေဇာ္၏ဘက္မွ လိုက္ပါေဆာင္႐ြက္ေပးေနသည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးထင္ေဇာ္လတ္က ေျပာၾကားသည္။

အင္းစိန္ၿမိဳ႕နယ္ BPI ေဆးဝါးစက္႐ုံမႉးအား အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ-၅၆ ျဖင့္ အင္းစိန္ၿမိဳ႕နယ္ တရား႐ုံးတြင္ စက္တင္ဘာ ၆ ရက္ကတရားစြဲဆိုအေရးယူႏိုင္ေရး ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ေဒါက္တာ ေအာင္ေဇာ္မွာ ေဆးဝါးစက္႐ုံ (အင္းစိန္) BPI ႏွင့္ ေဆးဝါးစက္႐ုံ (အင္ေရာင္း) ေက်ာက္ဆည္တို႔တြင္ ေသြးေၾကာသြင္း ေဆးရည္ဘူးမ်ား ထုတ္လုပ္ရန္အတြက္ ေကာ္ေစ့မ်ားႏွင့္ စက္ပစၥည္းမ်ား ဝယ္ယူရာတြင္ ကုမၸဏီႏွင့္ပူးေပါင္း၍ ႐ိုက္စားခြင္မ်ားဖန္တီးေနသူမ်ားအား အေရးယူေပးရန္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားခဲ့ေၾကာင္း သိရသည္။

တိုင္ၾကားစာအရ ေကာ္မရွင္မွ စစ္ေဆးရာ ေဆးဝါးစက္႐ုံ (အင္းစိန္) စက္႐ုံမႉး ေဒါက္တာ ေအာင္ေဇာ္သည္ ေဆးဝါးထုပ္ပိုးပစၥည္းမ်ား ထုတ္လုပ္ရန္အတြက္ ေကာ္ေစ့ ၂၆ တန္ကို လုပ္ထုံးလုပ္နည္းႏွင့္မညီဘဲဝယ္ယူခဲ့သျဖင့္ႏိုင္ငံေတာ္၏ ေငြေၾကးႏွင့္ပစၥည္းကို ထိခိုက္နစ္နာ ဆုံးရႈံးေစေၾကာင္း စစ္ေဆး ေပၚေပါက္ခဲ့သည္ဟု ေကာ္မရွင္က ထုတ္ျပန္ခ်က္ခဲ့သည္။ျမန္မာေဆးဝါးလုပ္ငန္းမွာ စက္မႈဝန္ႀကီးဌာန လက္ေအာက္တြင္ တည္ရွိၿပီး ယင္းေဆးဝါးလုပ္ငန္းေအာက္တြင္ အင္းစိန္ေဆးဝါးစက္႐ုံႏွင့္ အင္ေရာင္းေဆးဝါးစက္႐ုံ အစရွိသည့္စက္႐ုံမ်ား ရွိသည္။အင္းစိန္ေဆးဝါးစက္႐ုံမွာ အိမ္သုံး အဂၤလိပ္ေဆးဝါးမ်ားကို ထုတ္လုပ္ကာ ျပည္တြင္းတြင္သာမက ျပည္ပႏိုင္ငံမ်ားသို႔လည္း တင္ပို႔ေရာင္းခ်လွ်က္ ရွိသည္။ အင္းစိန္ေဆးဝါးစက္႐ုံ ႏွင့္ အင္ေရာင္းရွိ ေဆးဝါးစက္႐ုံတို႔အနက္ အင္ေရာင္းစက္႐ုံရွိ ေသြးေၾကာသြင္းေဆးရည္ဘူး အေဆာက္အအုံကို ယခုႏွစ္ ဧၿပီလအတြင္းက စတင္ဖြင့္လွစ္ခဲ့ၿပီး ယင္းအေဆာက္အအုံမွ ႏွစ္စဥ္ေသြးေၾကာသြင္း ေဆးရည္ဘူး ၁၀ သန္း အထိ တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း ျမန္မာ့ေဆးဝါးလုပ္ငန္းမွ သိရသည္။

UNICODE

BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှုကို တရားလိုဘက်မှ အမှုရုပ်သိမ်းလွှာတင်ခဲ့ကြောင်း သိရသည်။အဆိုပါအမှုအား တရားလိုအဖြစ် ဆောင်ရွက်နေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဦးမိုးနိုင်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး တရားလိုဘက်မှ ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) ရုံးချိန်းတွင် အမှုရုပ်သိမ်းလွာတင်ခဲ့ကြောင်း ဒေါက်တာအောင်ဇော်၏ ရှေ့နေဖြစ်သူ ဦးထင်ဇော်လတ်က ပြောကြားသည်။“တရားလိုဖြစ်တဲ့ အဂတိက ဦးမိုးနိုင်က ဒီနေ့ရုံးချိန်းမှာ အမှုကို ပိတ်သိမ်းလိုက်တာပါ။ အမှုတွဲက နေပြည်တော် ရောက်နေတော့ ဒေါက်တာအောင်ဇော်က မလွတ်သေးပါဘူး။ နောက်တစ်ပတ် ရုံးချိန်းတော့ လွတ်မယ်”ဟု ဒေါက်တာအောင်ဇော်၏ဘက်မှ လိုက်ပါဆောင် ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးထင်ဇော်လတ်က ပြောကြားသည်။

အင်းစိန်မြို့နယ် BPI ဆေးဝါးစက်ရုံမှူးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၆ ဖြင့် အင်းစိန်မြို့နယ် တရားရုံးတွင် စက်တင်ဘာ ၆ ရက်က တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါက်တာ အောင်ဇော်မှာ ဆေးဝါးစက်ရုံ (အင်းစိန်) BPI နှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) ကျောက်ဆည်တို့တွင် သွေးကြောသွင်း ဆေးရည်ဘူးများ ထုတ်လုပ်ရန်အတွက် ကော်စေ့များနှင့် စက်ပစ္စည်းများ ဝယ်ယူရာတွင် ကုမ္ပဏီနှင့်ပူးပေါင်း၍ ရိုက်စားခွင်များ ဖန်တီးနေသူများအား အရေးယူပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

တိုင်ကြားစာအရ ကော်မရှင်မှ စစ်ဆေးရာ ဆေးဝါးစက်ရုံ (အင်းစိန်) စက်ရုံမှူး ဒေါက်တာ အောင်ဇော်သည် ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သဖြင့် နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံးစေကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က ထုတ်ပြန်ချက်ခဲ့သည်။မြန်မာဆေးဝါးလုပ်ငန်းမှာ စက်မှုဝန်ကြီးဌာန လက်အောက်တွင် တည်ရှိပြီး ယင်းဆေးဝါးလုပ်ငန်းအောက်တွင် အင်းစိန်ဆေးဝါးစက်ရုံနှင့် အင်ရောင်းဆေးဝါးစက်ရုံ အစရှိသည့်စက်ရုံများ ရှိသည်။အင်းစိန်ဆေးဝါးစက်ရုံမှာ အိမ်သုံး အင်္ဂလိပ်ဆေးဝါးများကို ထုတ်လုပ်ကာ ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများသို့လည်းတင်ပို့ရောင်းချလျှက် ရှိသည်။အင်းစိန်ဆေးဝါးစက်ရုံ နှင့်အင်ရောင်းရှိ ဆေးဝါးစက်ရုံတို့အနက် အင်ရောင်းစက်ရုံရှိ သွေးကြောသွင်းဆေးရည်ဘူး အဆောက်အအုံကို ယခုနှစ် ဧပြီလအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းအဆောက်အအုံမှ နှစ်စဉ်သွေးကြောသွင်း ဆေးရည်ဘူး ၁၀ သန်း အထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

Leave a Comment