ျမန္မာျပည္သူႏွင့္အတူပါဝင္လာတယ္ဆိုတဲ့ ကမာၻေပၚမွာ လူသိအမ်ားဆုံး Anonymous ဟက္ကာအဖြဲ႕အေၾကာင္း

ကမာၻ႔အႀကီးဆုံး ဟတ္ကာအဖြဲ႕ Anonymous ဟာ ျမန္မာျပည္သူႏွင့္အတူပါဝင္လာတယ္ဆိုတဲ့ သတင္းက လက္ရွိမွာ ျမန္မာျပည္သူျပည္သားမ်ားရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္လာခဲ့ပါတယ္။အေနာ္နီးမတ္စ္ ဘယ္ကစခဲ့သလဲ ေနာင္တစ္ခ်ိန္မွာ လူသိမ်ားလာမယ့္ Hacker အဖြဲ႕ႀကီးတစ္ခုရဲ႕အစကေတာ့ 4Chan (ဖိုးခ်န္) လို႔ ေခၚတဲ့ လူမႈကြန္ရက္အငယ္စားတစ္ခုလိုျဖစ္ေနတဲ့ Website တစ္ခုဆီကပါ။အဲဒီ Websiteမွာ သုံးစြဲသူ လူေပါင္းမ်ားစြာရွိေနၿပီး ကိုယ္ေမးခ်င္တဲ့ ေမးခြန္းေတြကို ေမးထားလို႔ ရသလို – သိသူေတြကလည္း ဝင္ေျဖေပးေလ့ရွိတဲ့ ေနရာပါ။ တစ္ခ်ိန္တစ္ခါကေတာ့ 4Chan ဟာ နာမည္ႀကီး Website တစ္ခုျဖစ္ၿပီး အေနာ္နီးမတ္စ္(Anonymous)အဖြဲ႕ထဲက လူေတာ္ေတာ္မ်ားမ်ားလည္း ထိုWebsite ထဲမွာ ရွိခဲ့ၾကပါတယ္။ 4Chan Websiteကို အသုံးျပဳေနတဲ့ လူေတာ္ေတာ္မ်ားမ်ားက ဟက္ကာေတြျဖစ္ၾကသလို အကုန္လုံးနီးပါးေလာက္ဟာနည္းပညာနဲ႔ အကြၽမ္းဝင္ေနတဲ့သူေတြခ်ည္းပါပဲ။အေနာ္နီးမတ္စ္(Anonymous)ဆိုတဲ့ စကားစုဟာ အဆိုပါ ဝက္ဆိုက္ကေန ရရွိလာတဲ့ နာမည္တစ္ခုပဲျဖစ္ပါတယ္။ အေနာ္နီးမတ္စ္(Anonymous)ရယ္လို႔ ကမာၻက သိလာတဲ့အျဖစ္အပ်က္ကေတာ့ မင္းသားႀကီးတြမ္ခ႐ုစ္ရဲ႕ ဗီဒီယိုဖိုင္တစ္ခုကို ဘာသာေရးအဖြဲ႕အစည္းတစ္ခုက ဆင္ဆာျဖတ္ခ်ိန္မွာပဲျဖစ္ပါတယ္။အဆိုပါ အျဖစ္အပ်က္ဟာ ၂၀၀၈ ခုႏွစ္ ဇန္နဝါရီလ ၁၄ ရက္ေန႔မွာျဖစ္ခဲ့တာျဖစ္ၿပီး အဲဒီေန႔မွာပဲ YouTube ေပၚမွာ Scientology ဘုရားေက်ာင္းနဲ႔ ပတ္သက္တဲ့ တြမ္ခ႐ုစ္နဲ႔ အင္တာဗ်ဳးဗီဒီယိုဖိုင္တစ္ခုကို တင္ရွိထားရာက စၿပီး ဇာတ္လမ္းစခဲ့တာပါ။ အဆိုပါ အင္တာဗ်ဳးဖိုင္ကိစၥဟာ နာမည္ႀကီးလာခဲ့ၿပီး တြမ္ခ႐ုကို ေဆးေကြၽးၿပီး အင္တာဗ်ဴး ေျဖၾကးခိုင္းခဲ့တယ္ဆိုၿပီး ေဝဖန္မႈေတြျမင့္တက္လာခဲ့ပါတယ္။တစ္ဆက္တည္းမွာပဲ ဆိုင္းယန႔္တိုေလာ္ဂ်ီ(Scientology)ဘုရားေက်ာင္းရဲ႕ လုပ္ရပ္ေတြဟာ အင္တာနက္ဆင္ဆာကိစၥေတြနဲ႔ ၿငိစြန္းေနတယ္လို႔ အေနာ္နီးမတ္စ္အဖြဲ႕က သိရွိသြားပါတယ္။ဆိုင္းယန႔္တိုေလာ္ဂ်ီ(Scientology)ဘုရားေက်ာင္းဟာ ဒီကိစၥမတိုင္ခင္ ေရွ႕မွာလည္းအင္တာနက္လုံၿခဳံေရးကိစၥေတြ၊မူပိုင္ခြင့္ကိစၥနဲ႔ပတ္သက္ၿပီး ျပသနာေတြ ျဖစ္ခဲ့ၿပီးပါၿပီ။

သိပ္မၾကာခင္မွာပဲသူတို႔ဟာ ဆိုင္းယန႔္တိုေလာ္ဂ်ီ (Scientology) ဘုရားေက်ာင္းသို႔ သတင္းစကားဆိုတဲ့ ဗီဒီယိုတစ္ခုနဲ႔ အတူ ဆိုင္းယန႔္တိုေလာ္ဂ်ီ(Scientology)ဘုရားေက်ာင္းရဲ႕ အင္တာနက္ ဆင္ဆာဖ်က္ေနတဲ့ ကိစၥရပ္ေတြကို လက္မခံႏိုင္ေၾကာင္း၊ သူတို႔အဖြဲ႕ကလည္း ဆိုင္းယန႔္တိုေလာ္ဂ်ီ(Scientology)အဖြဲ႕ရဲ႕ လူလည္က်တဲ့ မသမာမႈေတြကို ေစာင့္ၾကည့္ေနတာ ၾကာၿပီျဖစ္ေၾကာင္း – အခုေတာ့ ဆိုင္းယန႔္တိုေလာ္ဂ်ီ(Scientology)အဖြဲ႕ကို အင္တာနက္ဆင္ဆာလုပ္မႈေတြေၾကာင့္ သူတို႔အဖြဲ႕က လက္မခံႏိုင္လို႔ သူတို႔အေနနဲ႔ ဆိုက္ဘာစစ္ပြဲတစ္ခုကိုစတင္ေၾကျငာလိုက္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။အေနာနီးမတ္စ္ အဖြဲ႕ရဲ႕ထူးျခားခ်က္မ်ား အေနာ္နီးမတ္စ္(Anonymous)အဖြဲ႕ရဲ႕ ထူးျခားတဲ့ အခ်က္တစ္ခ်က္ကေတာ့ အေနာ္နီးမတ္စ္အဖြဲ႕မွာ ေခါင္းေဆာင္ဆိုတဲ့လူမရွိတာပဲျဖစ္ပါတယ္။ အဖြဲ႕ထဲ ပါဝင္လႈပ္ရွားေနတဲ့ လူတိုင္း-လူတိုင္းဟာ ေခါင္းေဆာင္ျဖစ္ႏိုင္ၿပီး အလုပ္တစ္ခုကို အတူတူ တြဲၿပီး လုပ္ေလ့ရွိတာေၾကာင့္လည္း ေခါင္းေဆာင္မထားထားတာပါ။ သူတို႔အဖြဲ႕ရဲ႕ လိုဂိုမွာလည္း ေခါင္းမပါတဲ့ လူတစ္ေယာက္ပုံျဖစ္ၿပီး အဆိုပါပုံကေတာ့ ေခါင္းေဆာင္ဆိုတဲ့လူမရွိတဲ့ အဖြဲ႕တစ္ဖြဲ႕လို႔ အဓိပၸာယ္ရပါတယ္။အေနာနီးမတ္စ္(Anonymous) အဖြဲ႕ရဲ႕ ေနာက္ထပ္ ထူးျခားခ်က္တစ္ခုကေတာ့ သူတို႔ဟာ ဖြဲ႕စည္းပုံေတြနဲ႔ တည္ေဆာက္ထားတဲ့ အဖြဲ႕အစည္းအႀကီးႀကီးတစ္ခုမဟုတ္ပါဘူး။ လူေတြကေတာ့ အေနာနီးမတ္စ္(Anonymous)အဖြဲ႕ဟာ ရည္႐ြယ္ခ်က္ရွိရွိ တည္ေဆာက္ထားတဲ့အဖြဲ႕တစ္ဖြဲ႕ျဖစ္ၿပီး ကုမၸဏီေတြလို စနစ္တက်တည္ေဆာက္ၿပီး လႈပ္ရွားေနတဲ့အဖြဲ႕လို႔ ထင္ၾကတာပါ။တကယ္-တကယ္မွာေတာ့ အေနာနီးမတ္စ္(Anonymous)အဖြဲ႕ဟာ အခိုင္အမာရွိေနတဲ့ လူ ေလးငါးေယာက္ေလာက္ကလြဲရင္ က်န္တဲ့ လူေတြဟာ ကမာၻအႏွံ႔အျပားက လူေတြျဖစ္ၿပီး အဲဒီလူေတြကလည္း အခ်ိန္နဲ႔ အလိုက္ အေျပာင္းအလဲရွိေနၾကတာပါ။

အေနာ္နီးမတ္စ္(Anonymous)ဟာ ေနာက္ခံအေျခအေနေတြ – ႏိုင္ငံေရးအေတြးအေခၚေတြ – မတူညီတဲ့ႏိုင္ငံေပါင္းစုံက လူေတြအကုန္လုံးဟာ တစ္ေနတည္းမွာ စုဆုံၿပီး အလုပ္လုပ္ေလ့ရွိၾကတာေလ့ရွိတဲ့ တရားမဝင္အဖြဲ႕အစည္းႀကီးတစ္ခုပါ။ လူတစ္ေယာက္ဟာ အဲ့ဒီအဖြဲ႕ဝင္– ဟုတ္တယ္-မဟုတ္ဘူး-လို႔ ေျပာဖို႔ အင္မတန္ခက္ခဲပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ အဖြဲ႕ထဲမွာ နာမည္အတုေတြ – ID အတုေတြနဲ႔ လႈပ္ရွားေနထိုင္တတ္ၾကလို႔ပဲျဖစ္ပါတယ္။ဒါေၾကာင့္ အျပင္ကလူေတြကိုယ္တိုင္ကလည္း သူတို႔ဟာ ဘယ္သူေတြလဲ –ဘယ္လို႐ုပ္အဆင္းရွိတဲ့ လူေတြလဲဆိုတာ မသိသလို အဖြဲ႕ထဲကလူေတြ အခ်င္းခ်င္း ကိုယ္တိုင္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္သူလဲ- ဘယ္ႏိုင္ငံကလဲဆိုတာ မသိၾကပါဘူး။ သူတိုအခ်င္းခ်င္း သိၾကတာကေတာ့ ထူးထူးဆန္းဆန္းေပးထားတဲ့ Hacker နာမည္ေတြပါပဲ။သူတို႔ဟာ လူေတြေရွ႕ကို ထြက္မလာၾကတဲ့လူေတြသာျဖစ္ၿပီး တရားစြဲဆိုခံရခ်ိန္မွာေတာင္မွ သူတို႔ရဲ႕ ေရွ႕ေန႔နဲ႔ စကားေျပာရာမွာ အသံတုေတြ – နာမည္အတုေတြနဲ႔ သာေျပာဆို ဆက္သြယ္ခဲ့ပါတယ္။ အေနာနီးမက္စ္ ရဲ႕ အဓိကလူေတြကို အစိုးရအသီးသီးက ဖမ္းဆီးဖို႔ ႀကိဳးစားခဲ့ေပမယ့္ အခုအခ်ိန္အထိ မေအာင္ျမင္ေသးပါဘူး။

ဒီလိုနာမည္ႀကီး Hacker ေတြရဲ႕ လႈပ္ရွားမႈထဲ ပါဝင္ဖို႔ – အဖြဲ႕ဝင္ျဖစ္ဖို႔ ဆိုတာကလည္း အၿမဲတံခါးဖြင့္ထားပါတယ္။ တကယ္ေတာ့ အေနာ္နီးမတ္စ္(Anonymous)အဖြဲ႕ဟာ ဟက္ကာအဖြဲ႕လို႔ လူသိမ်ားေပမယ့္ တကယ့္အဖြဲ႕ထဲမွာေတာ့ Hacking ပညာကို တတ္ကြၽမ္းတဲ့လူေတြ- တကယ္ အလုပ္လုပ္ေပးေနတဲ့လူေတြဟာ အနည္းအက်ဥ္းသာရွိပါတယ္။ တကယ္ကြၽမ္းက်င္တဲ့လူအနည္းအက်ဥ္းကပဲ ကမာၻ႔ထိပ္တန္းလွ်ိဳ႕ဝွက္ခ်က္ေတြကို ေဖာက္ထြင္းၿပီး ျပည္သူလူထုေတြဆီကို ခ်ျပခဲ့တာပါ။အေနာ္နီးမတ္စ္(Anonymous) အဖြဲ႕ထဲ ဝင္ဖို႔ဆိုတာလည္း လုံးဝကို တံခါးမရွိ- ဓါးမရွိပါ။ လူတိုင္း လူတိုင္းဟာ အဖြဲ႕ဝင္ ျဖစ္ႏိုင္သလို လမ္းေပၚမွာ အဝတ္မကပ္ဘဲ ေလွ်ာက္သြားေနတဲ့ လူတစ္ေယာက္ဟာ အဖြဲ႕ဝင္ျဖစ္ႏိုင္ၿပီး ကိုယ့္ရဲ႕အနီးအနားမွာ ရွိတဲ့ မိဘေတြ- ခ်စ္သူကအစ အေနာနီးမတ္စ္(Anonymous)အဖြဲ႕ဝင္ျဖစ္ေနႏိုင္ပါတယ္။ ဒါေပမယ့္ Hacking လုပ္ဖို႔ တာဝန္ကို ရယူရမယ္ ဆိုရင္ေတာ့ အဖြဲ႕အစည္း အတြက္ ႏွစ္ေပါင္းမ်ားစြာ ယုံၾကည္မႈရရွိဖို႔ အရင္ဆုံး အလုပ္ေတြ လုပ္ေဆာင္ရပါတယ္။ အဖြဲ႕ရဲ႕ ရည္႐ြယ္ခ်က္က တရားမွ်တမႈ – ဆင္ဆာမရွိေသာ အင္တာနက္ဝန္းက်င္နဲ႔–မတရားတဲ့ အရာေတြကို တိုက္ဖ်က္ဖို႔ပဲျဖစ္ပါတယ္။

UNICODE

ကမ္ဘာ့အကြီးဆုံး ဟတ်ကာအဖွဲ့ Anonymous ဟာ မြန်မာပြည်သူနှင့်အတူပါဝင်လာတယ်ဆိုတဲ့ သတင်းက လက်ရှိမှာ မြန်မာပြည်သူပြည်သားများရဲ့ အာရုံကို ဖမ်းစားနိုင်လာခဲ့ပါတယ်။အနော်နီးမတ်စ် ဘယ်ကစခဲ့သလဲ နောင်တစ်ချိန်မှာ လူသိများလာမယ့် Hacker အဖွဲ့ကြီးတစ်ခုရဲ့အစကတော့ 4Chan (ဖိုးချန်) လို့ ခေါ်တဲ့ လူမှုကွန်ရက်အငယ်စားတစ်ခုလိုဖြစ်နေတဲ့ Website တစ်ခုဆီကပါ။အဲဒီ Websiteမှာ သုံးစွဲသူ လူပေါင်းများစွာရှိနေပြီး ကိုယ်မေးချင်တဲ့ မေးခွန်းတွေကို မေးထားလို့ ရသလို – သိသူတွေကလည်း ဝင်ဖြေပေးလေ့ရှိတဲ့ နေရာပါ။ တစ်ချိန်တစ်ခါကတော့ 4Chan ဟာ နာမည်ကြီး Website တစ်ခုဖြစ်ပြီး အနော်နီးမတ်စ်(Anonymous)အဖွဲ့ထဲက လူတော်တော်များများလည်း ထိုWebsite ထဲမှာ ရှိခဲ့ကြပါတယ်။ 4Chan Websiteကို အသုံးပြုနေတဲ့ လူတော်တော်များများက ဟက်ကာတွေဖြစ်ကြသလို အကုန်လုံးနီးပါးလောက်ဟာ နည်းပညာနဲ့ အကျွမ်းဝင်နေတဲ့သူတွေချည်းပါပဲ။အနော်နီးမတ်စ်(Anonymous)ဆိုတဲ့ စကားစုဟာ အဆိုပါ ဝက်ဆိုက်ကနေ ရရှိလာတဲ့ နာမည်တစ်ခုပဲဖြစ်ပါတယ်။ အနော်နီးမတ်စ်(Anonymous)ရယ်လို့ ကမ္ဘာက သိလာတဲ့အဖြစ်အပျက်ကတော့ မင်းသားကြီးတွမ်ခရုစ်ရဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဘာသာရေးအဖွဲ့အစည်းတစ်ခုက ဆင်ဆာဖြတ်ချိန်မှာပဲဖြစ်ပါတယ်။အဆိုပါ အဖြစ်အပျက်ဟာ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာဖြစ်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ YouTube ပေါ်မှာ Scientology ဘုရားကျောင်းနဲ့ ပတ်သက်တဲ့ တွမ်ခရုစ်နဲ့ အင်တာဗျုးဗီဒီယိုဖိုင်တစ်ခုကို တင်ရှိထားရာက စပြီး ဇာတ်လမ်းစခဲ့တာပါ။ အဆိုပါ အင်တာဗျုးဖိုင်ကိစ္စဟာ နာမည်ကြီးလာခဲ့ပြီး တွမ်ခရုကို ဆေးကျွေးပြီး အင်တာဗျူး ဖြေကြးခိုင်းခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲ ဆိုင်းယန့်တိုလော်ဂျီ(Scientology)ဘုရားကျောင်းရဲ့ လုပ်ရပ်တွေဟာ အင်တာနက်ဆင်ဆာကိစ္စတွေနဲ့ ငြိစွန်းနေတယ်လို့ အနော်နီးမတ်စ်အဖွဲ့က သိရှိသွားပါတယ်။

ဆိုင်းယန့်တိုလော်ဂျီ(Scientology)ဘုရားကျောင်းဟာ ဒီကိစ္စမတိုင်ခင် ရှေ့မှာလည်း အင်တာနက်လုံခြုံရေးကိစ္စတွေ၊ မူပိုင်ခွင့်ကိစ္စနဲ့ ပတ်သက်ပြီး ပြသနာတွေ ဖြစ်ခဲ့ပြီးပါပြီ။ သိပ်မကြာခင်မှာပဲ သူတို့ဟာ ဆိုင်းယန့်တိုလော်ဂျီ(Scientology)ဘုရားကျောင်းသို့ သတင်းစကားဆိုတဲ့ ဗီဒီယိုတစ်ခုနဲ့ အတူ ဆိုင်းယန့်တိုလော်ဂျီ(Scientology)ဘုရားကျောင်းရဲ့ အင်တာနက် ဆင်ဆာဖျက်နေတဲ့ ကိစ္စရပ်တွေကို လက်မခံနိုင်ကြောင်း၊ သူတို့အဖွဲ့ကလည်း ဆိုင်းယန့်တိုလော်ဂျီ(Scientology)အဖွဲ့ရဲ့ လူလည်ကျတဲ့ မသမာမှုတွေကို စောင့်ကြည့်နေတာ ကြာပြီဖြစ်ကြောင်း – အခုတော့ ဆိုင်းယန့်တိုလော်ဂျီ(Scientology)အဖွဲ့ကို အင်တာနက်ဆင်ဆာလုပ်မှုတွေကြောင့် သူတို့အဖွဲ့က လက်မခံနိုင်လို့ သူတို့အနေနဲ့ ဆိုက်ဘာစစ်ပွဲတစ်ခုကိုစတင်ကြေငြာလိုက်ကြောင်း ပြောဆိုခဲ့ပါတယ်။အနောနီးမတ်စ် အဖွဲ့ရဲ့ထူးခြားချက်များ အနော်နီးမတ်စ်(Anonymous)အဖွဲ့ရဲ့ ထူးခြားတဲ့ အချက်တစ်ချက်ကတော့ အနော်နီးမတ်စ်အဖွဲ့မှာ ခေါင်းဆောင်ဆိုတဲ့လူမရှိတာပဲဖြစ်ပါတယ်။ အဖွဲ့ထဲ ပါဝင်လှုပ်ရှားနေတဲ့ လူတိုင်း-လူတိုင်းဟာ ခေါင်းဆောင်ဖြစ်နိုင်ပြီး အလုပ်တစ်ခုကို အတူတူ တွဲပြီး လုပ်လေ့ရှိတာကြောင့်လည်း ခေါင်းဆောင်မထားထားတာပါ။ သူတို့အဖွဲ့ရဲ့ လိုဂိုမှာလည်း ခေါင်းမပါတဲ့ လူတစ်ယောက်ပုံဖြစ်ပြီး အဆိုပါပုံကတော့ ခေါင်းဆောင်ဆိုတဲ့လူမရှိတဲ့ အဖွဲ့တစ်ဖွဲ့လို့ အဓိပ္ပာယ်ရပါတယ်။အနောနီးမတ်စ်(Anonymous) အဖွဲ့ရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ သူတို့ဟာ ဖွဲ့စည်းပုံတွေနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းအကြီးကြီးတစ်ခုမဟုတ်ပါဘူး။ လူတွေကတော့ အနောနီးမတ်စ်(Anonymous)အဖွဲ့ဟာ ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ထားတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပြီးကုမ္ပဏီတွေလို စနစ်တကျတည်ဆောက်ပြီး လှုပ်ရှားနေတဲ့အဖွဲ့လို့ ထင်ကြတာပါ။တကယ်-တကယ်မှာတော့ အနောနီးမတ်စ်(Anonymous)အဖွဲ့ဟာ အခိုင်အမာရှိနေတဲ့ လူ လေးငါးယောက်လောက်ကလွဲရင် ကျန်တဲ့ လူတွေဟာ ကမ္ဘာအနှံ့အပြားက လူတွေဖြစ်ပြီး အဲဒီလူတွေကလည်း အချိန်နဲ့ အလိုက် အပြောင်းအလဲရှိနေကြတာပါ။

အနော်နီးမတ်စ်(Anonymous)ဟာ နောက်ခံအခြေအနေတွေ – နိုင်ငံရေးအတွေးအခေါ်တွေ – မတူညီတဲ့နိုင်ငံပေါင်းစုံက လူတွေအကုန်လုံးဟာ တစ်နေတည်းမှာ စုဆုံပြီး အလုပ်လုပ်လေ့ရှိကြတာလေ့ရှိတဲ့ တရားမဝင်အဖွဲ့အစည်းကြီးတစ်ခုပါ။ လူတစ်ယောက်ဟာ အဲ့ဒီအဖွဲ့ဝင်– ဟုတ်တယ်-မဟုတ်ဘူး-လို့ ပြောဖို့ အင်မတန်ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အဖွဲ့ထဲမှာ နာမည်အတုတွေ – ID အတုတွေနဲ့ လှုပ်ရှားနေထိုင်တတ်ကြလို့ပဲဖြစ်ပါတယ်။ဒါကြောင့် အပြင်ကလူတွေကိုယ်တိုင်ကလည်း သူတို့ဟာ ဘယ်သူတွေလဲ –ဘယ်လိုရုပ်အဆင်းရှိတဲ့ လူတွေလဲဆိုတာ မသိသလို အဖွဲ့ထဲကလူတွေ အချင်းချင်း ကိုယ်တိုင်လည်း တစ်ယောက်နဲ့တစ်ယောက် ဘယ်သူလဲ- ဘယ်နိုင်ငံကလဲဆိုတာ မသိကြပါဘူး။ သူတိုအချင်းချင်း သိကြတာကတော့ ထူးထူးဆန်းဆန်းပေးထားတဲ့ Hacker နာမည်တွေပါပဲ။သူတို့ဟာ လူတွေရှေ့ကို ထွက်မလာကြတဲ့လူတွေသာဖြစ်ပြီး တရားစွဲဆိုခံရချိန်မှာတောင်မှ သူတို့ရဲ့ ရှေ့နေ့နဲ့ စကားပြောရာမှာ အသံတုတွေ – နာမည်အတုတွေနဲ့ သာပြောဆို ဆက်သွယ်ခဲ့ပါတယ်။ အနောနီးမက်စ် ရဲ့ အဓိကလူတွေကို အစိုးရအသီးသီးက ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန်အထိ မအောင်မြင်သေးပါဘူး။

ဒီလိုနာမည်ကြီး Hacker တွေရဲ့ လှုပ်ရှားမှုထဲ ပါဝင်ဖို့ – အဖွဲ့ဝင်ဖြစ်ဖို့ ဆိုတာကလည်း အမြဲတံခါးဖွင့်ထားပါတယ်။ တကယ်တော့ အနော်နီးမတ်စ်(Anonymous)အဖွဲ့ဟာ ဟက်ကာအဖွဲ့လို့ လူသိများပေမယ့် တကယ့်အဖွဲ့ထဲမှာတော့ Hacking ပညာကို တတ်ကျွမ်းတဲ့လူတွေ- တကယ် အလုပ်လုပ်ပေးနေတဲ့လူတွေဟာ အနည်းအကျဉ်းသာရှိပါတယ်။ တကယ်ကျွမ်းကျင်တဲ့လူအနည်းအကျဉ်းကပဲ ကမ္ဘာ့ထိပ်တန်းလျှို့ဝှက်ချက်တွေကို ဖောက်ထွင်းပြီး ပြည်သူလူထုတွေဆီကို ချပြခဲ့တာပါ။အနော်နီးမတ်စ်(Anonymous) အဖွဲ့ထဲ ဝင်ဖို့ဆိုတာလည်း လုံးဝကို တံခါးမရှိ- ဓါးမရှိပါ။ လူတိုင်း လူတိုင်းဟာ အဖွဲ့ဝင် ဖြစ်နိုင်သလို လမ်းပေါ်မှာ အဝတ်မကပ်ဘဲ လျှောက်သွားနေတဲ့ လူတစ်ယောက်ဟာ အဖွဲ့ဝင်ဖြစ်နိုင်ပြီး ကိုယ့်ရဲ့အနီးအနားမှာ ရှိတဲ့ မိဘတွေ- ချစ်သူကအစ အနောနီးမတ်စ်(Anonymous)အဖွဲ့ဝင်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် Hacking လုပ်ဖို့ တာဝန်ကို ရယူရမယ် ဆိုရင်တော့ အဖွဲ့အစည်း အတွက် နှစ်ပေါင်းများစွာ ယုံကြည်မှုရရှိဖို့ အရင်ဆုံး အလုပ်တွေ လုပ်ဆောင်ရပါတယ်။ အဖွဲ့ရဲ့ ရည်ရွယ်ချက်က တရားမျှတမှု – ဆင်ဆာမရှိသော အင်တာနက်ဝန်းကျင်နဲ့–မတရားတဲ့ အရာတွေကို တိုက်ဖျက်ဖို့ပဲဖြစ်ပါတယ်။

Leave a Comment