“SKY Castle” ရဲ့ ကြည့်ရှုနှုန်းကို ကျော်ပြီး စံချိန်သစ်တင်သွားတဲ့ The World Of The Married’

JTBC’ ရဲ့ ဒရမ်မာဇာတ်ကား သစ် “The World of the Married” ကတော့ အခုဆိုရင် စံချိန် သစ် တင်လိုက်နိုင်ခဲ့ပါပြီ။ မတ်လ (၂) ရက်နေ့တုန်းက “The World of the Married” ဟာ ကိုရီးယားcable network သမိုင်းတစ်လျောက် ကြည့်ရှုနှုန်း အမြင့်ဆုံး ဇာတ်ကား အဖြစ် စံချိန် သစ်တင်လိုက်နိုင်ခဲ့ပါတယ်။ အရင်စံချိန် တင်ထားတဲ့ “SKY Castle” ကို ကျော်ပြီး စံချိန် သစ် တင်လိုက် နိုင်ခဲ့တာပါ။


Nielsen Korea ရဲ့ ထုတ်ပြန်ချက် အရ ဒရမ်မာကားရဲ့ နောက်ဆုံး အပိုင်း ဟာ ပျှမ်းမျှ ကြည့် ရှုနှုန်း (24.33 )ရာခိုင်နှုန် ရခဲ့ပါတယ်။ Sky Castle က ရထားတဲ့ အရင်စံချိန် ဟောင်း (23.78) ကို ကျော်တက်သွားခဲ့တာပါ။ ဇာတ်ကား နှစ်ကားလုံးရဲ့ ဇာတ်အိမ် တည် ဆောက်မှု က တော့ မတူပါဘူး။ Sky Castle က ပညာရေးနဲ့ ဆိုင်တဲ့ မိသားစု ဒရမ်မာဇာတ်ကားဖြစ်ပြီး “The World of the Married” ကတော့ အိမ် ထောင်ရေး ဇာတ်ကားပါ။

“The World of the Married” ကတော့ TV Chosun ရဲ့ နာမည်ကြီးတဲ့ “Mister Trot,” ကို ပါ ကျော်တက်ခဲ့တာပါ။ အဲ့ဒီ ပရို ဂရမ် ကတော့ မတ်လတုန်းက (၃၅.၇)ရာခိုင်နှုန်း နဲ့ စံ ချိန် သစ်တင်လိုက်နိုင်ခဲ့ပါတယ်။ “The World of the Married” မှာတော့ အပိုင်း (၁၆)ပိုင်း ပါဝင် မှာပါ။ အဲ့ဒီအထဲကမှ (၁၂)ပိုင်းပြပြီးတော့မို့ (၄) ပိုင်းပဲ ကျန် ပါ တော့တယ်။ ကိုယ်တိုင် တင်ထားတဲ့ စံချိန် ကို ကျော်လွန်ပြီး ကျန် (၄)ပိုင်းမှာ နောက်ထပ် စံချိန်သစ် တင်အုံးမလား ဆိုတာကိုတော့ စောင့် ကြည့်ရအုံးမှာပါ။

Source :Soompi

 

Leave a Comment