ဆႏၵ ျပတဲ့ေနရာမွာ ျဖိုခြင္းဖို့အသံုးျပုတဲ့ မ်က္ရည္ယို ဗံုးဒဏ္ကေန ဒီလိုကာကြယ္ျကရေအာင္

မီးခိုးေငြ႕ေတြ၊ မီးေသြးေမႊးလို႔ မီးခိုးရင္ေတာင္ မ်က္ရည္က အလိုလို က်လာတယ္။ ဒီ မီးခိုးေတြကလည္း အဆုတ္ အပါအဝင္ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို မ်ားစြာ ထိခိုက္ေစႏိုင္ပါတယ္။ ဒါဆို ႏိုင္ငံတကာ သတင္းေတြထဲမွာ ေတြ႕ေနရတဲ့ ဆႏၵျပတဲ့အခါ လူစုခြဲဖို႔ သုံးေလ့ရွိတဲ့ အရာေတြထဲက တစ္ခုျဖစ္တဲ့ မ်က္ရည္ယိုဗုံး က ထိမိခဲ့ရင္ အျမန္ဆုံး ဘယ္လို သက္သာေအာင္ လုပ္ရမလဲဆိုတာကို ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္လိုက္ေနာ္။မ်က္ရည္ယိုဓာတ္ေငြ႕ဆိုတာ ဘာလဲ။မ်က္ရည္ယိုဓာတ္ေငြ႕ဆိုတာ အေငြ႕လို႔သာ ဆိုေပမယ့္ အေငြ႕မဟုတ္တဲ့ aerosolized အစိုင္အခဲ (သို႔မဟုတ္) အရည္ အမ်ိဳးအစား ပါ။ နာက်င္တဲ့ ခံစားမႈကို ခံစားရေစႏိုင္တဲ့ ဓာတုေဗဒပစၥည္းေတြ ပါဝင္ေနပါတယ္။ ဒီဓာတုပစၥည္းေတြက လုပ္ေဆာင္မႈေတြကို ေကာင္းေကာင္း မလုပ္ေဆာင္ေစဖို႔ အဟန႔္အတား ျဖစ္ေစႏိုင္ပါတယ္။မ်က္ရည္ယိုဗုံးေတြကို chloroacetophenone (CN) နဲ႔chlorobenzylidene malononitrile (CS) တို႔ အပါအဝင္ အမ်ိဳးမ်ိဳးေသာ ျဒပ္ေပါင္းေတြနဲ႔ ျပဳလုပ္ထားတာပါ။

ဒီဓာတ္ေငြ႕ေတြက အသက္ေသေစဖို႔ ထုတ္ထားတာမဟုတ္ေပမယ့္ အျပင္းအထန္ နာက်င္ေစတာနဲ႔ ထိခိုက္နာက်င္ေစတာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။ အလုံပိတ္ေနရာေတြမွာဆိုရင္ ထိခိုက္ႏိုင္ေျခက ပိုမ်ားပါတယ္။ အဆိုးဆုံးအေနနဲ႔ မ်က္စိကြယ္တာ၊ ေရတိမ္လိုမ်ိဳး က်န္းမာေရး ျပႆနာေတြကို ခံစားရေစႏိုင္ပါတယ္။ ဓာတုပစၥည္းေတြကို အလြန္အကြၽံ ထိေတြ႕ ရႉရႈိုက္မိမယ္ဆိုရင္ လည္ေခ်ာင္း၊ အဆုတ္နဲ႔ အသက္ရႉလမ္းေၾကာင္း ထိခိုက္ပ်က္စီးတာမ်ိဳး ခံစားရႏိုင္ပါတယ္။မ်က္ရည္ယိုဗုံး ထိခဲ့ရင္ ဘာေတြခံစားရႏိုင္လဲ။မ်က္ရည္ယိုဗုံး ထိခဲ့ရင္မ်က္လုံး – မ်က္ရည္က်မယ္။ ပူစပ္ပူေလာင္ ျဖစ္မယ္။ နီျမန္းမယ္။ အျမင္အာ႐ုံ ေဝဝါးမယ္။ႏွာေခါင္း – ႏွာရည္က်မယ္။ ပူစပ္ပူေလာင္ျဖစ္မယ္။ ေရာင္ရမ္းမယ္။ပါးစပ္ – ပူစပ္ပူေလာင္ျဖစ္မယ္။ မအီမသာျဖစ္မယ္။ မ်ိဳခ်ရခက္မယ္။ သြားရည္ေတြက်မယ္။အဆုတ္ – ရင္ဘတ္ထဲက တင္းက်ပ္လာမယ္။ ေခ်ာင္းဆိုးမယ္။ မြန္းမယ္။ အသက္ရႉရင္ အသံက်ယ္လာမယ္။ အသက္ရႉတာ ျပတေတင္းျပတ္ေတာင္းျဖစ္လာမယ္။အေရျပား – ေလာင္မယ္။ အဖုအပိမ့္ထမယ္။အျခား ျပႆနာေတြ – ေအာ့အန္မယ္။ မအီမသာျဖစ္မယ္။မ်က္ရည္ယိုဗုံး ထိခဲ့ရင္ အျမန္သက္သာေစမယ့္ နည္းလမ္းမ်ားမ်က္ရည္ယိုဓာတ္ေငြ႕ ထိေတြ႕ခဲ့ရင္ အျမန္ဆုံး သက္သာေစဖို႔ ဒီနည္းလမ္းေလးေတြကို လုပ္ေဆာင္ၾကည့္ပါ။

ဓာတ္ေငြ႕ရွိတဲ့ ေနရာကေန အျမန္ဆုံး ထြက္ခြာပါ။မ်က္ရည္ယိုဓာတ္ေငြ႕ေၾကာင့္ ထိခိုက္မႈ မျဖစ္ေစဖို႔ဆိုရင္ ဓာတ္ေငြ႕ေတြ ရွိတဲ့ေနရကေန ျမန္ႏိုင္သမွ် ျမန္ျမန္ ထြက္ခြာပါ။ ဒီဓာတ္ေငြ႕ေတြကို ၾကာၾကာရွည္ရွည္ ထိေတြ႕တာက မ်က္ရည္၊ သလိပ္ေတြကို ထြက္ေစၿပီး အသက္ရႉ ၾကပ္တာ၊ လႈပ္ရွားဖို႔ ခက္ခဲတာေတြ ျဖစ္လာေစနိင္ပါတယ္။ဒါေၾကာင့္ မ်က္ရည္ယို ဓာတ္ေငြ႕ရွိတဲ့ေနရာကေန ခပ္ျမင့္ျမင့္ကို တက္ပါ၊ လို႔ CDCက အႀကံျပဳထားပါတယ္။ ေလတင္အရပ္မွာ ေနလို႔လည္း ရပါတယ္။မ်က္လုံး နဲ႔ မ်က္ႏွာကို ေရနဲ႔ ေသခ်ာ ေဆးခ်ပါ။ေလဝဝရႉလို႔ရမယ့္ ေနရာကို ေရာက္ၿပီဆိုတာနဲ႔ မ်က္လုံး နဲ႔ မ်က္ႏွာကို ေရသန႔္သန႔္နဲ႔ ေဆးခ်ပါ။ နဖူးကေန ေအာက္ဘက္ကို သစ္ခ်ပစ္ပါ။ မ်က္ႏွာကိုေရမသုတ္ပါနဲ႔။ တတ္ႏိုင္သမွ် ေရမ်ားမ်ားနဲ႔ ဆက္တိုက္ေဆးခ်ပါ။မ်က္ႏွာကို ေလတိုက္ခံလို႔လည္း ရပါတယ္။ ဒါကလည္း သက္သာေစမယ့္ နည္းလမ္းေတြထဲက တစ္ခုပါ။

အဝတ္အစားေတြကို ခ်က္ခ်င္း လဲပါ။ဓာတ္ေငြ႕ေတြက အဝတ္အစားေတြမွာ ကပ္ေနၿပီး ထိခိုက္ေစႏိုင္တာေၾကာင့္ အျပင္ကေန ထပ္ဝတ္ထားတဲ့ အဝတ္အစားေတြကို အျမန္ဆုံး ဖယ္ရွားပစ္ပါ။ ဒီဓာတ္ေငြ႕ေတြက အေရျပားကို ေလာင္ကြၽမ္းတာမ်ိဳး ျဖစ္ေစႏိုင္တာေၾကာင့္ အေရျပးကို သန႔္စင္ေအာင္ထားပါ။ ဓာတ္ေငြ႕ထိထားတဲ့ အဝတ္အစားေတြကို အျမန္ဆုံး ခြၽတ္ပစ္ပါ။ခြၽတ္လိုက္တဲ့ အဝတ္မစားေတြကို ပလပ္စတစ္အိတ္ တစ္ခုထဲထည့္ၿပီး လုံေနေအာင္ပိတ္ထားပါ။ အခ်ိန္အေတာ္ၾကာ ထားၿပီးမွ ေလွ်ာ္ဖြတ္တာမ်ိဳး လုပ္ပါ။ မ်က္မွန္တပ္တတ္သူျဖစ္မယ္ဆိုရင္ ဓာတ္ေငြ႕ထိၿပီးတဲ့အခါ မ်က္မွန္ကို ခ်က္ခ်င္းေဆးေၾကာသန႔္စင္ပါ။ေရခ်ိဳးခ်ပါ။ေရခ်ိဳးဖို႔က အေရးအႀကီးဆုံး အဆင့္တစ္ရပ္ပါ။ မ်က္ရည္ယိုဓာတ္ေငြ႕ ထိထားၿပီဆိုရင္ ေရနဲ႔ ဆပ္ျပာ ခပ္မ်ားမ်ား သုံးၿပီး ေရခ်ိဳးခ်လိုက္ပါ။ ဒါမွ မ်က္ရည္ယို ဓာတ္ေငြ႕ေၾကာင့္ ထိခိုက္မႈ နည္းသြားမွာပါ။ေခါင္းေလွ်ာ္ခ်ဖို႔ မေမ့ပါနဲ႔။ ေခါင္းေလွ်ာ္တဲ့အခါ ေခါင္းကို အေရွ႕ဘက္ကို ကိုင္းၿပီး ေလွ်ာ္ခ်ေပးပါ။ဒီနည္းလမ္းေတြက မ်က္ရည္ယိုဓာတ္ေငြ႕ထိမိတဲ့အခါ အျမန္ဆုံး သက္သာေစမွာပါ။

Credit hellosayarwon

UNICODE

မီးခိုးငွေ့တွေ၊ မီးသွေးမွှေးလို့ မီးခိုးရင်တောင် မျက်ရည်က အလိုလို ကျလာတယ်။ ဒီ မီးခိုးတွေကလည်း အဆုတ် အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို များစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါဆို နိုင်ငံတကာ သတင်းတွေထဲမှာ တွေ့နေရတဲ့ ဆန္ဒပြတဲ့အခါ လူစုခွဲဖို့ သုံးလေ့ရှိတဲ့ အရာတွေထဲက တစ်ခုဖြစ်တဲ့ မျက်ရည်ယိုဗုံး က ထိမိခဲ့ရင် အမြန်ဆုံး ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။မျက်ရည်ယိုဓာတ်ငွေ့ဆိုတာ ဘာလဲ။မျက်ရည်ယိုဓာတ်ငွေ့ဆိုတာ အငွေ့လို့သာ ဆိုပေမယ့် အငွေ့မဟုတ်တဲ့ aerosolized အစိုင်အခဲ (သို့မဟုတ်) အရည် အမျိုးအစား ပါ။ နာကျင်တဲ့ ခံစားမှုကို ခံစားရစေနိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒီဓာတုပစ္စည်းတွေက လုပ်ဆောင်မှုတွေကို ကောင်းကောင်း မလုပ်ဆောင်စေဖို့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။မျက်ရည်ယိုဗုံးတွေကို chloroacetophenone (CN) နဲ့chlorobenzylidene malononitrile (CS) တို့ အပါအဝင် အမျိုးမျိုးသော ဒြပ်ပေါင်းတွေနဲ့ ပြုလုပ်ထားတာပါ။

ဒီဓာတ်ငွေ့တွေက အသက်သေစေဖို့ ထုတ်ထားတာမဟုတ်ပေမယ့် အပြင်းအထန် နာကျင်စေတာနဲ့ ထိခိုက်နာကျင်စေတာမျိုး ဖြစ်စေနိုင်ပါတယ်။ အလုံပိတ်နေရာတွေမှာဆိုရင် ထိခိုက်နိုင်ခြေက ပိုများပါတယ်။ အဆိုးဆုံးအနေနဲ့ မျက်စိကွယ်တာ၊ ရေတိမ်လိုမျိုး ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဓာတုပစ္စည်းတွေကို အလွန်အကျွံ ထိတွေ့ ရှူရှိုက်မိမယ်ဆိုရင် လည်ချောင်း၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ထိခိုက်ပျက်စီးတာမျိုး ခံစားရနိုင်ပါတယ်။မျက်ရည်ယိုဗုံး ထိခဲ့ရင် ဘာတွေခံစားရနိုင်လဲ။မျက်ရည်ယိုဗုံး ထိခဲ့ရင်မျက်လုံး – မျက်ရည်ကျမယ်။ ပူစပ်ပူလောင် ဖြစ်မယ်။ နီမြန်းမယ်။ အမြင်အာရုံ ဝေဝါးမယ်။နှာခေါင်း – နှာရည်ကျမယ်။ ပူစပ်ပူလောင်ဖြစ်မယ်။ ရောင်ရမ်းမယ်။ပါးစပ် – ပူစပ်ပူလောင်ဖြစ်မယ်။ မအီမသာဖြစ်မယ်။ မျိုချရခက်မယ်။ သွားရည်တွေကျမယ်။အဆုတ် – ရင်ဘတ်ထဲက တင်းကျပ်လာမယ်။ ချောင်းဆိုးမယ်။ မွန်းမယ်။ အသက်ရှူရင် အသံကျယ်လာမယ်။ အသက်ရှူတာ ပြတတေင်းပြတ်တောင်းဖြစ်လာမယ်။အရေပြား – လောင်မယ်။ အဖုအပိမ့်ထမယ်။အခြား ပြဿနာတွေ – အော့အန်မယ်။ မအီမသာဖြစ်မယ်။မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများမျက်ရည်ယိုဓာတ်ငွေ့ ထိတွေ့ခဲ့ရင် အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ပါ။

ဓာတ်ငွေ့ရှိတဲ့ နေရာကနေ အမြန်ဆုံး ထွက်ခွာပါ။မျက်ရည်ယိုဓာတ်ငွေ့ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် ဓာတ်ငွေ့တွေ ရှိတဲ့နေရကနေ မြန်နိုင်သမျှ မြန်မြန် ထွက်ခွာပါ။ ဒီဓာတ်ငွေ့တွေကို ကြာကြာရှည်ရှည် ထိတွေ့တာက မျက်ရည်၊ သလိပ်တွေကို ထွက်စေပြီး အသက်ရှူ ကြပ်တာ၊ လှုပ်ရှားဖို့ ခက်ခဲတာတွေ ဖြစ်လာစေနိင်ပါတယ်။ဒါကြောင့် မျက်ရည်ယို ဓာတ်ငွေ့ရှိတဲ့နေရာကနေ ခပ်မြင့်မြင့်ကို တက်ပါ၊ လို့ CDCက အကြံပြုထားပါတယ်။ လေတင်အရပ်မှာ နေလို့လည်း ရပါတယ်။မျက်လုံး နဲ့ မျက်နှာကို ရေနဲ့ သေချာ ဆေးချပါ။လေဝဝရှူလို့ရမယ့် နေရာကို ရောက်ပြီဆိုတာနဲ့ မျက်လုံး နဲ့ မျက်နှာကို ရေသန့်သန့်နဲ့ ဆေးချပါ။ နဖူးကနေ အောက်ဘက်ကို သစ်ချပစ်ပါ။ မျက်နှာကိုရေမသုတ်ပါနဲ့။ တတ်နိုင်သမျှ ရေများများနဲ့ ဆက်တိုက်ဆေးချပါ။မျက်နှာကို လေတိုက်ခံလို့လည်း ရပါတယ်။ ဒါကလည်း သက်သာစေမယ့် နည်းလမ်းတွေထဲက တစ်ခုပါ။

အဝတ်အစားတွေကို ချက်ချင်း လဲပါ။ဓာတ်ငွေ့တွေက အဝတ်အစားတွေမှာ ကပ်နေပြီး ထိခိုက်စေနိုင်တာကြောင့် အပြင်ကနေ ထပ်ဝတ်ထားတဲ့ အဝတ်အစားတွေကို အမြန်ဆုံး ဖယ်ရှားပစ်ပါ။ ဒီဓာတ်ငွေ့တွေက အရေပြားကို လောင်ကျွမ်းတာမျိုး ဖြစ်စေနိုင်တာကြောင့် အရေပြးကို သန့်စင်အောင်ထားပါ။ ဓာတ်ငွေ့ထိထားတဲ့ အဝတ်အစားတွေကို အမြန်ဆုံး ချွတ်ပစ်ပါ။ချွတ်လိုက်တဲ့ အဝတ်မစားတွေကို ပလပ်စတစ်အိတ် တစ်ခုထဲထည့်ပြီး လုံနေအောင်ပိတ်ထားပါ။ အချိန်အတော်ကြာ ထားပြီးမှ လျှော်ဖွတ်တာမျိုး လုပ်ပါ။ မျက်မှန်တပ်တတ်သူဖြစ်မယ်ဆိုရင် ဓာတ်ငွေ့ထိပြီးတဲ့အခါ မျက်မှန်ကို ချက်ချင်းဆေးကြောသန့်စင်ပါ။ရေချိုးချပါ။ရေချိုးဖို့က အရေးအကြီးဆုံး အဆင့်တစ်ရပ်ပါ။ မျက်ရည်ယိုဓာတ်ငွေ့ ထိထားပြီဆိုရင် ရေနဲ့ ဆပ်ပြာ ခပ်များများ သုံးပြီး ရေချိုးချလိုက်ပါ။ ဒါမှ မျက်ရည်ယို ဓာတ်ငွေ့ကြောင့် ထိခိုက်မှု နည်းသွားမှာပါ။ခေါင်းလျှော်ချဖို့ မမေ့ပါနဲ့။ ခေါင်းလျှော်တဲ့အခါ ခေါင်းကို အရှေ့ဘက်ကို ကိုင်းပြီး လျှော်ချပေးပါ။ဒီနည်းလမ်းတွေက မျက်ရည်ယိုဓာတ်ငွေ့ထိမိတဲ့အခါ အမြန်ဆုံး သက်သာစေမှာပါ။

Credit hellosayarwon

Leave a Comment