ေနျပည္ေတာ္မွာ မျမသြဲ႕သြဲ႕ခိုင္ ပစ္ခတ္ခံရမႈအေပၚ အမျဖစ္သူႏွင့္ ေတြ႕ ဆုံေမးျမန္းခ်က္

ေနျပည္ေတာ္မွာ မျမသြဲ႕သြဲ႕ခိုင္ ပစ္ခတ္ခံရမႈအေပၚ အမျဖစ္သူႏွင့္ ေတြ႕ ဆုံေမးျမန္းခ်က္ မီဒီယာ ။ ။ မေန႔က ျဖစ္စဥ္ အေျခအေနကို ရွင္းျပေပးပါဦး။ေဒၚျမသတိုးႏြယ္ ။ ။ ရဲေတြ ေရွ႕တိုးလာတယ္။ မီးသတ္ကားေတြလည္း ေရွ႕တိုးလာတယ္။ ျပည္သူလူထုေတြ အကုန္ေနာက္ဆုတ္၊ ေနာက္ဆုတ္နဲ႔ က်မတို႔က လမ္းေဘးမွာ ကပ္ၿပီးေတာ့ ၾကည့္ေနတာေပါ့။ရဲေတြက သူတို႔စည္းထဲကို ျပန္ဆုတ္လာတဲ့အခ်ိန္ ျပည္သူေတြက ခဲေတြနဲ႔ ေရသန႔္ဗူးေတြနဲ႔ ဝိုင္းေပါက္လို႔ က်မတို႔က မွန္မွာဆိုးလို႔ လိုင္းေပၚမွာ ေတြ႕တဲ့အတိုင္းပဲ အဲဒီေနာက္ေလးမွာ ကြယ္ၿပီး ဝင္ေနတာပါ။ေနေနၿပီးေတာ့ ကိုယ့္ဟာကို အပစ္အခတ္သံေတြၾကားေတာ့ မိုးေပၚေထာင္ပစ္ေနတယ္လို႔ပဲ ထင္တာ။ၾကားရတဲ့အခ်ိန္မွာ သြားရေအာင္ ဆိုၿပီး ျပန္လွည့္တဲ့ အလွည့္မွာ အပစ္ခံလိုက္ရတာပါ။ ကိုယ့္ကိုလည္း ပစ္တာလို႔ မထင္ ပါဘူး။ ညမေလး ေဒါသထြက္လို႔ လဲသြားတယ္လို႔ပဲ ထင္တာပါ။လူေတြဆြဲကူ၊ ဆြဲေခၚဆိုေတာ့မွ ဆိုင္ကယ္ဦးထုတ္ကို ခြၽတ္ခြၽတ္ မူးေနတယ္ဆိုၿပီးေတာ့မွ ဆိုင္ကယ္ဦးထုတ္ ခြၽတ္လိုက္ေတာ့မွ ေခါင္းမွ ေသြးေတြ ပန္းလာေတာ့မွ မွန္မွန္း သိတာပါ။အဲက်ေတာ့မွ လူေတြက အကုန္စုၿပီး ကေလးကို ေခၚသြားေတာ့မွ ဘယ္ကေန ဘယ္လိုလုပ္ ဒီေရာက္လာမွန္းေတာင္ မသိေတာ့ပါဘူး။မီဒီယာ ။ ။ လက္ရွိ လူနာရဲ႕ အေျခအေနေလး ေျပာျပပါဦး။ေဒၚျမသတိုးႏြယ္ ။ ။ က်မ ညမေလး အေျခအေနက ၁၀၀ မွာ ျပန္ေကာင္းဖို႔က ၅ ရာခိုင္ႏႈန္းပဲ ရွိပါတယ္ရွင္။ အခုထိ ဘာမွကို မျဖစ္ေသးပါဘူး။

မီဒီယာ ။ ။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အမတို႔ မိသားစုအေနနဲ႔ ဘယ္လို ခံစားရပါသလဲ။ေဒၚျမသတိုးႏြယ္ ။ ။ ေၾကကြဲရတာေပါ့ရွင္။ က်မတို႔မွာ အေမတေယာက္ပဲ ရွိေတာ့တာပါ။ အေမကလည္း ဆုံးသြားပါၿပီ။ ေမာင္ႏွမ ၄ ေယာက္မွ က်မက အႀကီးဆုံးပါရွင္။ ညမေလးက အငယ္ဆုံးပါအငယ္ဆုံး ညမေလးက ဒီလို ျဖစ္သြားတာဆိုေတာ့ မေအ တေယာက္ အေနနဲ႔လည္း မခံစားႏိုင္ဘူးေပါ့။ က်မတို႔မွာ ဒီညမေလး တေယာက္တည္း ရွိတာဆိုေတာ့ မခံစားႏိုင္ဘူးေပါ့။ ေျပာလို႔ မတတ္ႏိုင္ေအာင္ပါဘဲ(ငိုလ်က္)။မီဒီယာ ။ ။ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး လမ္းေပၚထြက္ၿပီး ဆႏၵျပေနတဲ့ အျခားျပည္သူေတြလည္း ရွိေတာ့ ဘာေျပာခ်င္ လဲ။ေဒၚျမသတိုးႏြယ္ ။ ။ ျပည္သူလူထုကို ေျပာခ်င္တာကေတာ့ ဒီစစ္အာဏာရွင္စနစ္ကို ေတာ္လွန္တယ္ဆိုတာ တဦး ေကာင္း၊ တေယာက္ေကာင္း အတြက္လည္း မဟုတ္ပါဘူး။ တပါတီေခါင္းေဆာင္တခု အတြက္လည္း မဟုတ္ပါဘူး။ဒီစစ္ အာဏာရွင္စနစ္က အမ်ိဳးသားအားလုံးနဲ႔ သက္ဆိုင္တဲ့ ျပည္သူလူထု အားလုံးနဲ႔ သက္ဆိုင္တယ္ဆိုတာကိုလည္း သိေစ ခ်င္ပါတယ္။ ဒါကို ကမာၻက သိေအာင္လည္း ဝိုင္းဝန္းၿပီးေတာ့ ကူညီေစခ်င္ပါတယ္ရွင္။အကုန္လုံး ကူညီေပးၾကပါလို႔။ အားလုံးဟာ တဦးေကာင္း၊ တေယာက္ေကာင္း အတြက္ မဟုတ္ပါဘူး။ က်မတို႔ ေကာင္းဖို႔ အတြက္လည္း မဟုတ္ပါဘူး။ က်မတို႔ သားစဥ္ေျမးဆက္ အဆက္ဆက္ ေကာင္းဖို႔ ဒီဟာခ်ည္းကို အျမစ္ျပတ္ ေတာ္လွန္ႏိုင္မွသာလွ်င္ ေကာင္းက်ိဳးေတြ ျဖစ္လာမွာပါလို႔။မီဒီယာ ။ ။ အမအေနနဲ႔ ဘာဆက္လုပ္ဖို႔ စဥ္းစားထားပါသလဲ။

ေဒၚျမသတိုးႏြယ္ ။ ။ ဘာဆက္လုပ္ဖို႔ စဥ္းစားထားလဲဆိုေတာ့ က်မကေတာ့ ဆက္ၿပီးေတာ့ ေတာ္လွန္သြားမွာပါ။ က်မ ညမေလး ဒီလိုျဖစ္ရက်ိဳးနပ္ေအာင္ စစ္အာဏာရွင္ စနစ္ကို အျမစ္ျပတ္ျဖစ္သြားေအာင္ တိုင္းသူျပည္သူေတြေရာ ျပည္ သူလူထုအားလုံး ဝိုင္းဝန္းၿပီး ကာကြယ္ေပးၾကပါလို႔။ ဒီဟာႀကီးကို ဆက္ၿပီးေတာ့ ေတာ္လွန္ေပးၾကပါ။ အျပစ္ျပတ္သြား ေအာင္ လုပ္ေပးပါလို႔ ေျပာခ်င္ပါတယ္။ ကမာၻက သိေအာင္လည္း ေၾကညာေပးၾကပါ။ ကမာၻကလည္း ကူညီေပးၾကပါလို႔ ေတာင္းဆိုခ်င္ပါတယ္။မီဒီယာ ။ ။ အမတခုပါပဲ။ ဟိုဟာေလ။ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့အေပၚမွာ ဒီလို ပစ္ခတ္တဲ့အေပၚမွာ ဘယ္လို သေဘာထား ေပးခ်င္ပါသလဲ။ ျပည္သူေတြက ၿငိမ္းခ်မ္းစြာ ဆႏၵျပတဲ့အေပၚမွာ။ေဒၚျမသတိုးႏြယ္ ။ ။ ဒါကေတာ့ အသိသာႀကီးပါ။ လိုင္းေပၚမွာ တက္ေနတဲ့အတိုင္း က်မတို႔ ညီအမ ႏွစ္ေယာက္က ဒီလမ္းလယ္ေခါင္ႀကီးမွာလည္း မဟုတ္ပါဘူး။ သူတို႔တားထားတဲ့ စည္းကိုလည္း မေက်ာ္ပါဘူး။က်မတို႔ ျပန္လွည့္မယ့္ အလွည့္ သူတို႔ကို ဘာမွလည္း မလုပ္ရပါဘူး။ပစ္ခတ္ေနလို႔ ကိုယ့္ကို မွန္မွာဆိုးလို႔ ျပန္လွည့္တဲ့ အလွည့္မွာအားလုံး သိၿပီးသားပဲ ျဖစ္မွာပါ။ က်မ ညမ ေခါက္ကနဲ လဲသြားတာပဲ။မီဒီယာ ။ ။ ကေလးမေလးကို ဘာဆက္လုပ္မွာလဲ။ေဒၚျမသတိုးႏြယ္ ။ ။ သူက ခြဲစိတ္လို႔ရတဲ့ အေျခအေနလည္း မဟုတ္ေတာ့ပါဘူးေနာ္။ အဲဒါပါပဲ။

Source The Irrawaddy-Burmese Edition

UNICODE

နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုအပေါ် အမဖြစ်သူနှင့် တွေ့ ဆုံမေးမြန်းချက် မီဒီယာ ။ ။ မနေ့က ဖြစ်စဉ် အခြေအနေကို ရှင်းပြပေးပါဦး။ဒေါ်မြသတိုးနွယ် ။ ။ ရဲတွေ ရှေ့တိုးလာတယ်။ မီးသတ်ကားတွေလည်း ရှေ့တိုးလာတယ်။ ပြည်သူလူထုတွေ အကုန်နောက်ဆုတ်၊ နောက်ဆုတ်နဲ့ ကျမတို့က လမ်းဘေးမှာ ကပ်ပြီးတော့ ကြည့်နေတာပေါ့။ရဲတွေက သူတို့စည်းထဲကို ပြန်ဆုတ်လာတဲ့အချိန် ပြည်သူတွေက ခဲတွေနဲ့ ရေသန့်ဗူးတွေနဲ့ ဝိုင်းပေါက်လို့ ကျမတို့က မှန်မှာဆိုးလို့ လိုင်းပေါ်မှာ တွေ့တဲ့အတိုင်းပဲ အဲဒီနောက်လေးမှာ ကွယ်ပြီး ဝင်နေတာပါ။နေနေပြီးတော့ ကိုယ့်ဟာကို အပစ်အခတ်သံတွေကြားတော့ မိုးပေါ်ထောင်ပစ်နေတယ်လို့ပဲ ထင်တာ။ကြားရတဲ့အချိန်မှာ သွားရအောင် ဆိုပြီး ပြန်လှည့်တဲ့ အလှည့်မှာ အပစ်ခံလိုက်ရတာပါ။ ကိုယ့်ကိုလည်း ပစ်တာလို့ မထင် ပါဘူး။ ညမလေး ဒေါသထွက်လို့ လဲသွားတယ်လို့ပဲ ထင်တာပါ။လူတွေဆွဲကူ၊ ဆွဲခေါ်ဆိုတော့မှ ဆိုင်ကယ်ဦးထုတ်ကို ချွတ်ချွတ် မူးနေတယ်ဆိုပြီးတော့မှ ဆိုင်ကယ်ဦးထုတ် ချွတ်လိုက်တော့မှ ခေါင်းမှ သွေးတွေ ပန်းလာတော့မှ မှန်မှန်း သိတာပါ။အဲကျတော့မှ လူတွေက အကုန်စုပြီး ကလေးကို ခေါ်သွားတော့မှ ဘယ်ကနေ ဘယ်လိုလုပ် ဒီရောက်လာမှန်းတောင် မသိတော့ပါဘူး။မီဒီယာ ။ ။ လက်ရှိ လူနာရဲ့ အခြေအနေလေး ပြောပြပါဦး။ဒေါ်မြသတိုးနွယ် ။ ။ ကျမ ညမလေး အခြေအနေက ၁၀၀ မှာ ပြန်ကောင်းဖို့က ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်ရှင်။ အခုထိ ဘာမှကို မဖြစ်သေးပါဘူး။

မီဒီယာ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမတို့ မိသားစုအနေနဲ့ ဘယ်လို ခံစားရပါသလဲ။ဒေါ်မြသတိုးနွယ် ။ ။ ကြေကွဲရတာပေါ့ရှင်။ ကျမတို့မှာ အမေတယောက်ပဲ ရှိတော့တာပါ။ အမေကလည်း ဆုံးသွားပါပြီ။ မောင်နှမ ၄ ယောက်မှ ကျမက အကြီးဆုံးပါရှင်။ ညမလေးက အငယ်ဆုံးပါအငယ်ဆုံး ညမလေးက ဒီလို ဖြစ်သွားတာဆိုတော့ မအေ တယောက် အနေနဲ့လည်း မခံစားနိုင်ဘူးပေါ့။ ကျမတို့မှာ ဒီညမလေး တယောက်တည်း ရှိတာဆိုတော့ မခံစားနိုင်ဘူးပေါ့။ ပြောလို့ မတတ်နိုင်အောင်ပါဘဲ(ငိုလျက်)။မီဒီယာ။။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေတဲ့ အခြားပြည်သူတွေလည်း ရှိတော့ ဘာပြောချင် လဲ။ဒေါ်မြသတိုးနွယ် ။ ။ ပြည်သူလူထုကို ပြောချင်တာကတော့ ဒီစစ်အာဏာရှင်စနစ်ကို တော်လှန်တယ်ဆိုတာ တဦး ကောင်း၊တယောက်ကောင်း အတွက်လည်း မဟုတ်ပါဘူး။ တပါတီခေါင်းဆောင်တခု အတွက်လည်း မဟုတ်ပါဘူး။ဒီစစ် အာဏာရှင်စနစ်က အမျိုးသားအားလုံးနဲ့ သက်ဆိုင်တဲ့ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကိုလည်း သိစေ ချင်ပါတယ်။ ဒါကို ကမ္ဘာက သိအောင်လည်း ဝိုင်းဝန်းပြီးတော့ ကူညီစေချင်ပါတယ်ရှင်။အကုန်လုံး ကူညီပေးကြပါလို့။ အားလုံးဟာ တဦးကောင်း၊ တယောက်ကောင်း အတွက် မဟုတ်ပါဘူး။ ကျမတို့ ကောင်းဖို့ အတွက်လည်း မဟုတ်ပါဘူး။ ကျမတို့ သားစဉ်မြေးဆက် အဆက်ဆက် ကောင်းဖို့ ဒီဟာချည်းကို အမြစ်ပြတ် တော်လှန်နိုင်မှသာလျှင် ကောင်းကျိုးတွေ ဖြစ်လာမှာပါလို့။မီဒီယာ ။ ။ အမအနေနဲ့ ဘာဆက်လုပ်ဖို့ စဉ်းစားထားပါသလဲ။

ဒေါ်မြသတိုးနွယ် ။ ။ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲဆိုတော့ ကျမကတော့ ဆက်ပြီးတော့ တော်လှန်သွားမှာပါ။ ကျမ ညမလေး ဒီလိုဖြစ်ရကျိုးနပ်အောင် စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်ဖြစ်သွားအောင် တိုင်းသူပြည်သူတွေရော ပြည်သူလူထုအားလုံး ဝိုင်းဝန်းပြီး ကာကွယ်ပေးကြပါလို့။ ဒီဟာကြီးကို ဆက်ပြီးတော့ တော်လှန်ပေးကြပါ။ အပြစ်ပြတ်သွား အောင် လုပ်ပေးပါလို့ ပြောချင်ပါတယ်။ ကမ္ဘာက သိအောင်လည်း ကြေညာပေးကြပါ။ ကမ္ဘာကလည်း ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်။မီဒီယာ။။ အမတခုပါပဲ။ ဟိုဟာလေ။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့အပေါ်မှာ ဒီလို ပစ်ခတ်တဲ့အပေါ်မှာ ဘယ်လို သဘောထား ပေးချင်ပါသလဲ။ ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အပေါ်မှာ။ဒေါ်မြသတိုးနွယ် ။ ။ဒါကတော့ အသိသာကြီးပါ။ လိုင်းပေါ်မှာ တက်နေတဲ့အတိုင်း ကျမတို့ ညီအမ နှစ်ယောက်က ဒီလမ်းလယ်ခေါင်ကြီးမှာလည်း မဟုတ်ပါဘူး။ သူတို့တားထားတဲ့ စည်းကိုလည်း မကျော်ပါဘူး။ ကျမတို့ ပြန်လှည့်မယ့် အလှည့် သူတို့ကို ဘာမှလည်း မလုပ်ရပါဘူး။ပစ်ခတ်နေလို့ ကိုယ့်ကို မှန်မှာဆိုးလို့ပြန်လှည့်တဲ့ အလှည့်မှာ အားလုံး သိပြီးသားပဲ ဖြစ်မှာပါ။ ကျမ ညမ ခေါက်ကနဲ လဲသွားတာပဲ။မီဒီယာ ။ ။ ကလေးမလေးကို ဘာဆက်လုပ်မှာလဲ။ဒေါ်မြသတိုးနွယ် ။ ။ သူက ခွဲစိတ်လို့ရတဲ့ အခြေအနေလည်း မဟုတ်တော့ပါဘူးနော်။ အဲဒါပါပဲ။

Source The Irrawaddy-Burmese Edition

Leave a Comment