



နတ်သား(ပုံ-ကိုအောင်သိုက်ဆီကကူးယူဖော်ပြသည်)

ထူးထူးခြားခြား ပေါ်ပေါက်လာတဲ့ ရှေးဟောင်းကျောက်ပန်းချီကားနဲ့ စေတီဘုရား….ထူးထူးခြားခြား ပေါ်ပေါက်လာတဲ့ ကျောက်ပန်းချီကားနဲ့ စေတီဘုရား မွန်ပြည်နယ် ပေါင်မြို့ကဒါရပ်ကွက် ကမ္ဘာအေးဘုရားလမ်းကနေ တောင်တန်းကို လှမ်းမျှော်ကြည့်လိုက်ရင် ရွှေရောင်တဝင်းဝင်းနဲ့ စေတီလေးဖူးတွေ့ရမှာပါ။

ထိုစေတီလေးရဲ့ထူးခြားမှုကတော့ နဂါးမယ်တော်ပုံပဲ ဖြစ်ပါတယ်။ ဆေးရေးပန်းချီဖြစ်ပြီး အမြင့်ကတော့၃၈ တောင်ခန့်ရှိတယ်။ ပေါင်မြို့နယ်ရဲ့အကြီးဆုံးပန်းချီကား ဖြစ်ပါတယ်။ကျောက်တောင်နံရံပေါ်မှာ ရေးဆွဲထားတဲ့ပုံလေးပါ။ ပေါင်မြို့ကနေ လှမ်းကြည့်ပါက စေတီသာ မြင်ရမှာပါ။အခုတော့ ထိုဆေးရေးပန်းချီကို ကုသိုလ်ဖြစ် စေတနာရှင်လူတစ်စုက ရှေးမူမပျက်ပြန်လည်ပြီး ဆေးတင်ခြင်းပြုလုပ်မှာ ဖြစ်ပါတယ်။

ပေါင်မြို့ရဲ့ရှေးဟောင်းလက်ရာဆိုလည်း မမွားပါဘူး။သွားချင်တယ်ဆိုရင်တော့ ဆုတောင်းပြည့်ဘုရား တက်တဲ့လမ်းက တက်လို့ရသလို နန်းတော်ကုန်းသွားတဲ့လမ်းကလည်း တက်လို့ရတယ်လို့ မိတ်ဆွေ တစ်ဦးကပြောပြပါတယ်။

Leave a Comment