မုသားေတြ အမ်ိဳးမ်ိဳးထဲကမွ “အခမ္းနားဆုံးေသာ မုသားပိုင္ရွင္မ်ား “

သူေဌးအိမ္မွာ အိမ္ေဖာ္လုပ္ေနတဲ့ ေကာင္မေလးကို နယ္ကသူ႔အေမက ဖုန္းဆက္ရင္းေမးတယ္ … သမီးေလးအလုပ္လုပ္ရအဆင္ေျပရဲ့လားး??”ဟုတ္ကဲ့အေမ သမီးအဆင္ေျပပါတယ္ သူေဌးလင္မယားကလဲ သေဘာအရမ္းေကာင္းၾကတယ္”တဲ့သူေဌးကေတာ္ ေခါက္လို႔ဖူးေနတဲ့ ေခါင္းေလးကိုပြတ္ရင္းေျဖတယ္….

“ေမာင္တိုးေရ မင္းအေမဖုန္းဆက္တယ္ လာေျပာလိုပ္ဦး”စားပြဲထိုးေလးေမာင္တိုး ေဆးလက္စပန္းကန္ေတြပစ္ခ်ပီးေျပးသြားတယ္… “သား လူေလး ေနေကာင္းလား အဆင္ေျပလားသားေလး””အင္းးးအေမ ေျပတယ္ စားေသာက္ဆိုင္ဆိုေတာ့ မုန္႔ေတြလဲမ်ားႀကီးစားရတယ္အေမရဲ့”မနက္ကတည္းက ဘာမွမစားရေသးလို႔ တဂြီဂြီျမည္ေနတဲ့ ဗိုက္ကအသံ အေမၾကားသြားမလားလို႔ေတာ့ စိုးရိမ္မိသားး

“ေဟ်ာင့္းးးးဖိုးးေဇာ္ တပ္ရင္းအဝမွာ မင္းအေဖ ဧည့္ေတြ႕လာတယ္ သြားလိုက္ဦးး”ရဲေဘာ္ေလးဖိုးေဇာ္ အိပ္ယာေအာက္ကိုလွန္ သတင္းစာေလးနဲ႔ က်စ္က်စ္ ပါေအာင္ ထုတ္ပီးဖြက္ထားတဲ့ လစာ တစ္သိန္းကိုယူပီး တပ္ရင္းဝက သူ႔အေဖဆီေျပးးတယ္ “သားးဖိုးေဇာ္ အဆင္ေျပရဲ့လားးကြ ဒီမွာ မင္းစားဖို႔မင္း အေမဟင္းဘူးေတြထည့္ေပးလိုက္တယ္”

“ဟာ အေဖကလဲ မလိုပါဖူး အေဖတို႔စားဖို႔ ျပန္ယူသြား သားဒီမွာအဆင္ေျပတယ္ ဒီလလစာက်န္ တစ္သိန္းေတာင္ အေဖတို႔ကိုသားကန္ေတာ့နိုင္မယ္အေဖ့လက္ လစာေလးအပ္ အဲ့နားေျမႀကီးထဲတင္ ဒူးေလးေထာက္ ထိုင္ကန္ေတာ့-“သားးးးမင္းသုံးဖို႔ေရာ ရွိရဲ့လားကြာ ျပန္ယူထားပါလား” “ရပါတယ္ အေဖရာ သားအတြက္က ဘာမွပူစရာမရွိပါဖူး အစစအရာရာအဆင္ေျပပါတယ္” အေဖ့ရဲ့အျပဳံးးေတြေအာက္ ေန႔တိုင္းစားေနရတဲ့ ပဲရည္က်ဲဟင္းနဲ႔ ၾကက္ဥေရလုံျပဳတ္က ပိုပီး အားရွိေစခဲ့တယ္…

လိမ္ညာျခင္းဟာမေကာင္းေၾကာင္း ေလာကနီတိေတြ ကိုသင္ပီးျပန္လာတဲ့ ေက်ာင္းဆရာမေလးးမိုးခ်ဳပ္လို႔ အိမ္နဲ႔ phေျပာတဲ့အခါ… ဗြက္ေတာထဲ လမ္းေလၽွာက္သြားရတဲ့ ဒုကၡေတြ မသိေတာ့ဖူး..အိမ္ပို႔ဖို႔ လစာမက်န္မွာစိုးလို႔ အသီးရြက္ေၾကာ္နဲ႔ ဘဲဥပဲ အျမဲစားေနရတဲ့ ဒုကၡေတြ မရွိေတာ့ဖူးးနယ္ေျမက မၿငိမ္းခ်မ္းလို႔ က်ီးလန္႔စာစားေနေနရတဲ့ ေသာကေတြ ကိုေမ့ပီးအဆင္ေျပပါတယ္ အေမလို႔ ညာမိျပန္တယ္…

ဘဝမွာ လူတကာကို အႀကိမ္ႀကိမ္ ညာဖူး လိမ္ဖူးၾကေပမယ္အေဝးေရာက္သားသမီးေတြရဲ့ ကိုယ့္ရဲ့ လက္တေလာဒုကၡေတြ ေသာကေတြကိုေမ့ပီး မိဘေတြစိတ္ခ်မ္းသာဖို႔အတြက္ “အဆင္ေျပပါတယ္ အေဖ””အဆင္ေျပပါတယ္ အေမ” လို႔ ညာရတဲ့အခ်ိန္ေတြက အခမ္းးနားဆုံးးနဲ႔ ေက်နပ္ရဆုံး အခ်ိန္ေတြပါပဲ…(အေဝးေရာက္ သားသမီးမ်ားသာ နားလည္မည္)

သူဌေးအိမ်မှာ အိမ်ဖော်လုပ်နေတဲ့ ကောင်မလေးကို နယ်ကသူ့အမေက ဖုန်းဆက်ရင်းမေးတယ် … သမီးလေးအလုပ်လုပ်ရအဆင်ပြေရဲ့လားး??”ဟုတ်ကဲ့အမေ သမီးအဆင်ပြေပါတယ် သူဌေးလင်မယားကလဲ သဘောအရမ်းကောင်းကြတယ်”တဲ့သူဌေးကတော် ခေါက်လို့ဖူးနေတဲ့ ခေါင်းလေးကိုပွတ်ရင်းဖြေတယ်….

“မောင်တိုးရေ မင်းအမေဖုန်းဆက်တယ် လာပြောလိုပ်ဦး”စားပွဲထိုးလေးမောင်တိုး ဆေးလက်စပန်းကန်တွေပစ်ချပီးပြေးသွားတယ်… “သား လူလေး နေကောင်းလား အဆင်ပြေလားသားလေး””အင်းးးအမေ ပြေတယ် စားသောက်ဆိုင်ဆိုတော့ မုန့်တွေလဲများကြီးစားရတယ်အမေရဲ့”မနက်ကတည်းက ဘာမှမစားရသေးလို့ တဂွီဂွီမြည်နေတဲ့ ဗိုက်ကအသံ အမေကြားသွားမလားလို့တော့ စိုးရိမ်မိသားး

“ဟျောင့်းးးးဖိုးးဇော် တပ်ရင်းအဝမှာ မင်းအဖေ ဧည့်တွေ့လာတယ် သွားလိုက်ဦးး”ရဲဘော်လေးဖိုးဇော် အိပ်ယာအောက်ကိုလှန် သတင်းစာလေးနဲ့ ကျစ်ကျစ် ပါအောင် ထုတ်ပီးဖွက်ထားတဲ့ လစာ တစ်သိန်းကိုယူပီး တပ်ရင်းဝက သူ့အဖေဆီပြေးးတယ် “သားးဖိုးဇော် အဆင်ပြေရဲ့လားးကွ ဒီမှာ မင်းစားဖို့မင်း အမေဟင်းဘူးတွေထည့်ပေးလိုက်တယ်”

“ဟာ အဖေကလဲ မလိုပါဖူး အဖေတို့စားဖို့ ပြန်ယူသွား သားဒီမှာအဆင်ပြေတယ် ဒီလလစာကျန် တစ်သိန်းတောင် အဖေတို့ကိုသားကန်တော့နိုင်မယ်အဖေ့လက် လစာလေးအပ် အဲ့နားမြေကြီးထဲတင် ဒူးလေးထောက် ထိုင်ကန်တော့-“သားးးးမင်းသုံးဖို့ရော ရှိရဲ့လားကွာ ပြန်ယူထားပါလား” “ရပါတယ် အဖေရာ သားအတွက်က ဘာမှပူစရာမရှိပါဖူး အစစအရာရာအဆင်ပြေပါတယ်” အဖေ့ရဲ့အပြုံးးတွေအောက် နေ့တိုင်းစားနေရတဲ့ ပဲရည်ကျဲဟင်းနဲ့ ကြက်ဥရေလုံပြုတ်က ပိုပီး အားရှိစေခဲ့တယ်…

လိမ်ညာခြင်းဟာမကောင်းကြောင်း လောကနီတိတွေ ကိုသင်ပီးပြန်လာတဲ့ ကျောင်းဆရာမလေးးမိုးချုပ်လို့ အိမ်နဲ့ phပြောတဲ့အခါ… ဗွက်တောထဲ လမ်းလျှောက်သွားရတဲ့ ဒုက္ခတွေ မသိတော့ဖူး..အိမ်ပို့ဖို့ လစာမကျန်မှာစိုးလို့ အသီးရွက်ကြော်နဲ့ ဘဲဥပဲ အမြဲစားနေရတဲ့ ဒုက္ခတွေ မရှိတော့ဖူးးနယ်မြေက မငြိမ်းချမ်းလို့ ကျီးလန့်စာစားနေနေရတဲ့ သောကတွေ ကိုမေ့ပီးအဆင်ပြေပါတယ် အမေလို့ ညာမိပြန်တယ်…

ဘဝမှာ လူတကာကို အကြိမ်ကြိမ် ညာဖူး လိမ်ဖူးကြပေမယ်အဝေးရောက်သားသမီးတွေရဲ့ ကိုယ့်ရဲ့ လက်တလောဒုက္ခတွေ သောကတွေကိုမေ့ပီး မိဘတွေစိတ်ချမ်းသာဖို့အတွက် “အဆင်ပြေပါတယ် အဖေ””အဆင်ပြေပါတယ် အမေ” လို့ ညာရတဲ့အချိန်တွေက အခမ်းးနားဆုံးးနဲ့ ကျေနပ်ရဆုံး အချိန်တွေပါပဲ…(အဝေးရောက် သားသမီးများသာ နားလည်မည်)

Kham War

Leave a Comment