ရခိုင္ျပည္နယ္ကေန ေလေျကာင္းလိုင္းနဲ႕တျခားတိုင္းနဲ႔ျပည္ကိုသြားခဲ့သူ ၆ ေထာင္နီးပါးရွိ

ရခိုင္ျပည္နယ္ကေန ေလေျကာင္းလိုင္းနဲ႕တျခားတိုင္းနဲ႔ျပည္ကိုသြားခဲ့သူ ၆ ေထာင္နီးပါးရွိ

ရခိုင္ျပည္နယ္ကေန တျခားတိုင္းနဲ႔ျပည္နယ္ေတြကို ေလေၾကာင္းခရီးစဥ္နဲ႔သြားေရာက္သူအေရအတြက္ဟာ ဩဂုတ္လ(၁ဝ)ရက္ကေန(၂၇)ရက္အတြင္း အေယာက္(၅၇၀၀)ေက်ာ္ရွိတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးေဒါက္တာျမင့္ေထြးက ေျပာလိုက္ပါတယ္။

မေန႔က ဩဂုတ္လ(၂၈)ရက္ေန႔မွာျပဳလုပ္ခဲ့တဲ့ ရခိုင္ျပည္နယ္ထဲက ကိုဗစ္ထိန္းခ်ဳပ္ေရးကိစၥေတြနဲ႔ပတ္သက္ၿပီးတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးခ်ိန္ဝန္ႀကီးက ေျပာခဲ့တာပါ။ ဒါေၾကာင့္ ရခိုင္ျပည္နယ္ကို ဩဂုတ္လ(၁၀) ရက္ေန႔ေနာက္ပိုင္း ခရီးသြားရာဇဝင္ရွိခဲ့သူေတြအားလုံး နီးစပ္ရာက်န္းမာေရးဌာနကို

ခ်က္ခ်င္းအေၾကာင္းၾကားရမယ္လို႔လည္း ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။ ဒီေန႔မနက္အထိေတာ့ ရခိုင္ျပည္နယ္မွာ ကိုဗစ္လူနာ (၂၀၀)ေက်ာ္ရွိေနၿပီးစစ္ေတြၿမိဳ႕ကို ခရီးသြားရာဇဝင္ရွိခဲ့ဖူးတဲ့သူေတြမွာလည္း ကိုဗစ္ကူးစက္မႈျဖစ္ေပၚ ေနပါတယ္။ ဒီေန႔ဩဂုတ္လ (၂၉)ရက္ေန႔မနက္ပိုင္းအထိေတာ့

ျမန္မာႏိုင္ငံမွာ ကိုဗစ္လူနာ(၆၅၆)ေယာက္ရွိေနၿပီး အဲဒီထဲမွာျပန္ေကာင္းမြန္သူ(၃၄၉)ေယာက္နဲ႔ ေသဆုံးသူ(၆)ေယာက္ရွိေနပါတယ္။ Credit : Omedia

unicode

ရခိုင်ပြည်နယ်ကနေ လေကြောင်းလိုင်းနဲ့တခြားတိုင်းနဲ့ပြည်ကိုသွားခဲ့သူ ၆ ထောင်နီးပါးရှိ

ရခိုင်ပြည်နယ်ကနေ တခြားတိုင်းနဲ့ပြည်နယ်တွေကို လေကြောင်းခရီးစဉ်နဲ့သွားရောက်သူအရေအတွက်ဟာ ဩဂုတ်လ(၁ဝ)ရက်ကနေ(၂၇)ရက်အတွင်း အယောက်(၅၇၀၀)ကျော်ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောလိုက်ပါတယ်။

မနေ့က ဩဂုတ်လ(၂၈)ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက ကိုဗစ်ထိန်းချုပ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေနဲ့ ဆွေးနွေးချိန်ဝန်ကြီးက ပြောခဲ့တာပါ။ ဒါကြောင့် ရခိုင်ပြည်နယ်ကို ဩဂုတ်လ(၁၀) ရက်နေ့နောက်ပိုင်း ခရီးသွားရာဇဝင်ရှိခဲ့သူတွေအားလုံး နီးစပ်ရာကျန်းမာရေးဌာနကို

ချက်ချင်းအကြောင်းကြားရမယ်လို့လည်း ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ ဒီနေ့မနက်အထိတော့ ရခိုင်ပြည်နယ်မှာ ကိုဗစ်လူနာ (၂၀၀)ကျော်ရှိနေပြီးစစ်တွေမြို့ကို ခရီးသွားရာဇဝင်ရှိခဲ့ဖူးတဲ့သူတွေမှာလည်း ကိုဗစ်ကူးစက်မှုဖြစ်ပေါ် နေပါတယ်။ ဒီနေ့ဩဂုတ်လ (၂၉)ရက်နေ့မနက်ပိုင်းအထိတော့

မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၆၅၆)ယောက်ရှိနေပြီး အဲဒီထဲမှာပြန်ကောင်းမွန်သူ(၃၄၉)ယောက်နဲ့ သေဆုံးသူ(၆)ယောက်ရှိနေပါတယ်။ Credit : Omedia

Leave a Comment