မမျှော်လင့်ပဲ ရုတ်တရက် ကွယ်လွန်သွားရှာတဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးရဲ့ မိခင်
UNICODE
UNICODE
မျက်လုံးကျဉ်းကျဉ်းလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေး ဆုမြတ်နိုးဦးဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးက သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေအပြင် ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့အတူတူ သူငယ်ချင်းသုံးယောက် အတူတူ ရိုက်ကူးတဲ့ ဟာသဗီဒီယိုတွေကြောင့်လည်း လူသိများ ကျော်ကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒီကနေ့ မေလ (၃) ရက်နေ့မှာတော့ သရုပ်ဆောင် ဆုမြတ်နိုးဦးရဲ့ မိခင်ဟာ ရုတ်တရက်ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ အနုပညာအသိုင်းအဝိုင်းက လူတွေကလည်း ဆုမြတ်နိုးဦးအတွက် စိတ်မကောင်းဖြစ်နေသလို သရုပ်ဆောင် ချောရတနာကလည်း “ညီမလေး ဆုမြတ်နိုးဦးရေ.. ညီမလေး နဲ့ ထပ်တူပါပဲ။ အန်တီကောင်းရာမွန်ရာရောက်ပါစေ။ အန်တီရယ် မေကြီးတုန်းကသမီးတို့ကို အန်တီလာအားပေးခဲ့တာလေ။” ဆိုပြီး ဝမ်းနည်းစကားဆိုထားတာကို တွေ့ရပါတယ်။
သရုပ်ဆောင် ဆုမြတ်နိုးဦးကတော့ သူမရဲ့ မိခင်ကွယ်လွန်သွားတာနဲ့ ပက်သတ်ပြီး ဘာမှ ထုတ်ပြောခြင်းမရှိသေးပါဘူး။ ဆုမြတ်နိုးဦးရဲ့ မိခင်ကြီးလည်း ကောင်းရာမွန်ရာ ဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Chaw Yadanar’s fb
Credit– Cele Connections
Leave a Comment