သင့်ရဲ့ တသိန်းတန်တဲ့ အချိန်တွေကို တထောင်တန်အလုပ်မှာ မကုန်ဆုံးမိစေနဲ့

လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ကျွန်တော်က ဖါးကန့်ကျောက်ဝိုင်းမှာ ဝယ်ရောင်းလုပ်နေချိန် မိုးကြီးက ပွဲစားပေါ့ သူက ယူမာအရှေ့ဘက်က ကြံခတ်ရွာမှာနေတယ်

တရက်မှာ ကျွန်တော်ကျောက်တလုံးဝယ်ရတယ် မနက်ပြန်ရောင်းဖို့ ပွဲတိုက်မှာ ဒါကြောင့် မိုးကြီး အိမ်မပြန်ခင်မှာ (တည့်ဖို့လည်းသေချာနေလို့) သူ့ကိုအသေချာမှာလိုက်တယ်

မနက်ပွဲတိုက်စရာရှိတယ် လာဖြစ်အေါင်လာခဲ့လို့

နောက်မနက် သူရောက်မလာဘူး။ဒါနဲ့ ရှိတဲ့ပွဲစားလေးတွေ ပေးတိုက်လိုက်တယ် မကြာခင်လေးဘဲ သိန်းတရာနဲ့ ပွဲတဲ့သွားတယ် ပွဲစားကလေးတွေ ပွဲခ ဆယ်သိန်းလေါက်ရသွားတယ် (အဲဒီခေတ်က နှစ်ဖက်ပွဲရတာ)တဖက် ငါးသိန်းလေနောက်နှစ်ရက်နေမှ ကိုယ်တော်ချော ရောက်လာတယ် တနေ့က ဘာလို့မလါလဲဆိုတေါ့ အိမ်ကို ခြံစည်းရိုးပြင်ခတ်နေလို့တဲ့လေ

ကျွန်တော်က ပြောတယ် မင့်အိမ်ဘေးက ဝါးခုတ်ခြံစည်းရိုခတ်ကျွမ်းကျင်တဲ့ ကချင်အဖိုးကြီးရှိပါတယ် သူ့မခိုင်းဘူးလါးဆိုတေါ့ ??? ဟင့်အင်း တဲ့

အေး သူ့ခိုင်းရင် သူလည်းအလုပ်ရမယ် မင်းလုပ်တာထက် ပိုပြီးသပ်ရပ်မယ် သူ့ကိုပေးရလှ နှစ်ရက်စာ သုံးလေးထောင်ပေါ့ အခုမင်း ပိုက်ဆံဆယ်သိန်းလောက်လွတ်သွားပြီဆိုတော့

ပြီးတော့မင်းက ကျောက်ပွဲစား ဝါးခုတ်တဲ့သူမဟုတ်ဘူး ကိုယ့်အလုပ် ကိုယ်ကျွမ်းကျင်ရာ မလုပ်ဘူးလို့ပြောတော့

အေးကွာတဲ့ ခေါင်းကငိုက်စိုက်နဲ့ဘာမှပြန်မပြောတော့

အဲဒီနေ့က နံရံမှာ စာတကြောင်းကောက်ရေးမိတယ် “သင့်ရဲ့ တသိန်းတန်တဲ့ အချိန်တွေကို တထောင်တန်အလုပ်မှာ မကုန်ဆုံးမိစေနဲ့” လို့

ကျွန်တော်သိတဲ့လူတချို့ကလည်း အဲလို တချို့က သူတို့ရဲ့ ဒီနေ့တန်ဖိုးအမှန် ဘယ်လောက်ရှိနေပီလဲဆိုတာ မသိကြဘူး

တချို့က မိမိကိုယ်ကို တန်ဖိုးမရှိသလောက်လျှော့ချထားကြပီး တန်ဖို့မဲ့အလုပ်တွေမှာ အချိန်ကုန်နေချင်ကြတယ် ။သူများက ဘယ်လောက်တန်းတင်ထားပေးပေး မိမိကိုယ်ကို မိမိသာတန်ဖိုးဖြတ်တယ်ဆိုတာ အဲဒါမျိုးလား ???

ကျော်သူရ(မြန်မာသူရ)

Leave a Comment