ဆယ္တန္းအမွတ္စာရင္း ထုတ္ေပးမည့္ ရက္ကို ႀကိဳတင္ေၾကညာေပးမည္(ျပန္လည္မွ်ေဝေပးၾကဦးေနာ္)

ဆယ္တန္းအမွတ္စာရင္း ထုတ္ေပးမည့္ အစီအစဥ္ကို ႀကိဳတင္ေၾကညာမည္ လိုင္ပၚက လူလိမ္မ်ားကို မယုံပါႏွင့္

ယခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲ အမွတ္စာရင္း ထုတ္ေပးမည့္အစီ အစဥ္ကို ႀကိဳတင္ အသိ ေပးမည္ဟု ပညာေရးဝန္ႀကီးဌာန က ေၾကညာထားၿပီး လတ္တ ေလာတြင္ အမွတ္ စာရင္းထုတ္ ေပးျခင္းမရွိေသးေၾကာင္း ျမန္မာ ႏိုင္ငံစာစစ္ဦးစီးဌာန ၫႊန္ၾကား ေရးမႉး ဦးမိုးျမင့္ေက်ာ္ကေျပာ သည္ယခငစ္မ်ားက တကၠသိုလ္ဝင္ စာေမးပြဲအမွတ္ စာရင္းကို ေအာင္ စာရင္းထြက္ၿပီး တစ္ပတ္ အတြင္း ရန္ကုန္ႏွင့္ ေနျပည္ေတာ္ ရွိ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာန႐ုံး မ်ားတြင္ ထုတ္ေပးေလ့ရွိသည္။

ယခုႏွစ္တြင္ ကိုဗစ္ေၾကာင့္ အမွတ္ စာရင္းထုတ္ ေပးျခင္းကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ကိုဗစ္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလမ္းၫႊန္ခ်က္မ်ားႏွင့္ အညီ ေဆာင္႐ြက္ႏိုင္ရန္ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးအ မ်ိဳးသားအဆင့္ ဗဟိုေကာ္မတီထံ တင္ျပမည္ျဖစ္ၿပီး ထိုေကာ္မတီက ခြင့္ျပဳမွသာ အမွတ္စာရင္း ထုတ္ ေပးျခင္း ကို ေဆာင္႐ြက္မည္ျဖစ္ ေၾကာင္း ဦးမိုးျမင့္ေက်ာ္က ေျပာ သည္။“အမွတ္စာရင္းက မေပး ေသးဘူး။ ကိုဗစ္ ကာကြယ္ ထိန္းခ်ဳပ္ကုသ ေရးအမ်ိဳးသားအ ဆင့္ဗဟိုေကာ္မတီကို တင္ဦး မယ္။

ေလာေလာဆယ္ ကေတာ့ မထုတ္ေပးေသးဘူး။ဘယ္လို ထုတ္ေပးမလဲဆိုတာ ျပည္သူေတြ သိေအာင္ ႀကိဳၿပီးေၾကညာေပးပါ လိမ့္မယ္”ဟု ၎က ေျပာသည္။ဝန္ႀကီးဌာနက အမွတ္စာ ရင္းထုတ္မေပးေသးေသာ္လည္း အမွတ္စာရင္းၾကည့္ေပးမည္ျဖစ္ ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေၾကာ္ျငာကာ ေငြေၾကး ေတာင္းခံမႈမ်ား ရွိေနသည္။မႏၲေလးတိုင္းေဒသႀကီးမွ ေက်ာင္းသား မိဘ ေဒၚေကခိုင္က “အမွတ္စာရင္းၾကည့္ေပး မယ္ဆို တာ ေဖ့စ္ဘြတ္ခ္မွာေတြ႕လို႔ ေမး ၾကည့္တာ။

ေဝ့မန္းနီးက တစ္ဆင့္ ေငြတစ္ေသာင္းလႊဲေပးရ မယ္ေျပာလို႔။ ကိုယ္လည္း မိတ္ ေဆြေတြေမးၾကည့္ ေတာ့မွ လိမ္ ေတာင္းတာ မွန္းသိတာ” ဟု ဆိုသည္။ကိုဗစ္ကူးစက္ႏိုင္မႈ အႏၲရာယ္ေၾကာင့္ တကၠသိုလ္ဝင္ စာေမးပြဲေအာင္စာရင္းကို ၾသ ဂုတ္ ၉ ရက္က ပညာေရးဝန္ႀကီးဌာန ဝက္ဘ္ဆိုက္မ်ားတြင္ ေၾက ညာခဲ့ၿပီးေအာင္စာရင္းေၾကညာ ၿပီးေနာက္တစ္ရက္တြင္မွေက်ာင္း အလိုက္ ေအာင္စာရင္းကို အေျခ ခံပညာ အထက္တန္းေက်ာင္း မ်ား၌ ကပ္ထားေပးခဲ့သည္။၂၀၂၀ ျပည့္ႏွစ္တကၠသိုလ္ ဝင္စာေမးပြဲ ကို ေက်ာင္းသား၊ ေက်ာင္းသူ ကိုးသိန္းတစ္ေသာင္း ေက်ာ္ေျဖဆိုခဲ့ရာ ႏွစ္သိန္းကိုး ေသာင္းေက်ာ္ ေအာင္ျမင္ခဲ့ၿပီး ေအာင္ခ်က္ရာခိုင္ႏႈန္း ၃၂ ဒသမ ၀၆ ရာခိုင္ႏႈန္းရွိခဲ့သည္။Credit

Unicode

ဆယ်တန်းအမှတ်စာရင်း ထုတ်ပေးမည့် အစီအစဉ်ကို ကြိုတင်ကြေညာမည် လိုင်ပေါ်က လူလိမ်များကို မယုံပါနှင့်

ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင်း ထုတ်ပေးမည့်အစီ အစဉ်ကို ကြိုတင် အသိ ပေးမည်ဟု ပညာရေးဝန်ကြီးဌာန က ကြေညာထားပြီး လတ်တ လောတွင် အမှတ် စာရင်းထုတ် ပေးခြင်းမရှိသေးကြောင်း မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမိုးမြင့်ကျော်ကပြော သည်ယခငစ်များက တက္ကသိုလ်ဝင် စာမေးပွဲအမှတ် စာရင်းကို အောင် စာရင်းထွက်ပြီး တစ်ပတ် အတွင်း ရန်ကုန်နှင့် နေပြည်တော် ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရုံး များတွင် ထုတ်ပေးလေ့ရှိသည်။

ယခုနှစ်တွင် ကိုဗစ်ကြောင့် အမှတ် စာရင်းထုတ် ပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ် ရောဂါကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်နိုင်ရန် ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရေးအ မျိုးသားအဆင့် ဗဟိုကော်မတီထံ တင်ပြမည်ဖြစ်ပြီး ထိုကော်မတီက ခွင့်ပြုမှသာ အမှတ်စာရင်း ထုတ် ပေးခြင်း ကို ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးမိုးမြင့်ကျော်က ပြော သည်။“အမှတ်စာရင်းက မပေး သေးဘူး။ ကိုဗစ် ကာကွယ် ထိန်းချုပ်ကုသ ရေးအမျိုးသားအ ဆင့်ဗဟိုကော်မတီကို တင်ဦး မယ်။

လောလောဆယ် ကတော့ မထုတ်ပေးသေးဘူး။ဘယ်လို ထုတ်ပေးမလဲဆိုတာ ပြည်သူတွေ သိအောင် ကြိုပြီးကြေညာပေးပါ လိမ့်မယ်”ဟု ၎င်းက ပြောသည်။ဝန်ကြီးဌာနက အမှတ်စာ ရင်းထုတ်မပေးသေးသော်လည်း အမှတ်စာရင်းကြည့်ပေးမည်ဖြစ် ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ကြော်ငြာကာ ငွေကြေး တောင်းခံမှုများ ရှိနေသည်။မန္တလေးတိုင်းဒေသကြီးမှ ကျောင်းသား မိဘ ဒေါ်ကေခိုင်က “အမှတ်စာရင်းကြည့်ပေး မယ်ဆို တာ ဖေ့စ်ဘွတ်ခ်မှာတွေ့လို့ မေး ကြည့်တာ။

ဝေ့မန်းနီးက တစ်ဆင့် ငွေတစ်သောင်းလွှဲပေးရ မယ်ပြောလို့။ ကိုယ်လည်း မိတ် ဆွေတွေမေးကြည့် တော့မှ လိမ် တောင်းတာ မှန်းသိတာ” ဟု ဆိုသည်။ကိုဗစ်ကူးစက်နိုင်မှု အန္တရာယ်ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို သြ ဂုတ် ၉ ရက်က ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်များတွင် ကြေ ညာခဲ့ပြီးအောင်စာရင်းကြေညာ ပြီးနောက်တစ်ရက်တွင်မှကျောင်း အလိုက် အောင်စာရင်းကို အခြေ ခံပညာ အထက်တန်းကျောင်း များ၌ ကပ်ထားပေးခဲ့သည်။၂၀၂၀ ပြည့်နှစ်တက္ကသိုလ် ဝင်စာမေးပွဲ ကို ကျောင်းသား၊ ကျောင်းသူ ကိုးသိန်းတစ်သောင်း ကျော်ဖြေဆိုခဲ့ရာ နှစ်သိန်းကိုး သောင်းကျော် အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိခဲ့သည်။Credit

Leave a Comment