ကိုယ်ပိုင်ဝင်ငွေနဲ့ ကားဝယ်နိုင်ရမယ်ဆိုတဲ့ အိပ်မက်လေးဟာ သူ့အသက် (၁၈) နှစ်ပြည့်တဲ့အချိန်မှာဝယ်နိုင်ခဲ့ပြီဆိုတဲ့ အုပ်စိုးခန့်

ချစ်စရာသီချင်းကောင်းလေးတွေကို ဖန်တီးခဲ့တဲ့ တေးရေး၊တေးဆို အုပ်စိုးခန့်ဟာ အသက်ငယ်ပေမယ့် အရည်အချင်းရှိသူတစ်ယောက်ပါ။ အသက် (၁၈) နှစ် မပြည့်ခင် ကတည်းက သီချင်းတွေရေးပြီး သီဆိုနေပြီဖြစ်ပြီး အားပေးသူပရိသတ်တွေလည်း ပိုင်ဆိုင်နေခဲ့ပါပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်သူတစ်ယောက်ဖြစ်နေခဲ့ပြီး အနုပညာကြေးကိုလည်း မိဘတွေကိုပြန်ပြီး ကျေးဇူးသိတတ်ခဲ့ပါသေးတယ်။

ဒီလိုကျေးဇူးသိတဲ့သားလိမ္မာလေးဖြစ်တာမို့ ငယ်စဉ်ကတည်းက မက်ခဲ့တဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ ကားဝယ်နိုင်ရမယ်ဆိုတဲ့ အိပ်မက်လေးဟာ သူ့အသက် (၁၈) နှစ်ပြည့်တဲ့အချိန်မှာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အရည်အချင်းလည်းရှိသလို ကြိုးစားမှုတွေလည်းရှိတဲ့ လူငယ်လေးမို့ အောင်မြင်မှုက လက်ကမ်းကြိုဆိုနေခဲ့တာပါ။ နောက်ထပ်အောင်မြင်မှုတွေ အများကြီးကိုလည်း ထပ်မံပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သူ့ရဲ့ ပျော်စရာအောင်မြင်မှုကိုတော့ ” still can’t believe myself right now.. I just turned 18 and when I was really young , my dream is to buy a car with own hard work. But now I still can’t believe I did it !!! Thank you all my fans , it’s all because of you guys !! I can’t stand here without you guys. And my family. Never give up , just keep chasing your dreams ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

credit-cele zone

ZAWGYI

ကိုယ်ပိုင်ဝင်ငွေနဲ့ ကားဝယ်နိုင်ရမယ်ဆိုတဲ့ အိပ်မက်လေးဟာ သူ့အသက် (၁၈) နှစ်ပြည့်တဲ့အချိန်မှာဝယ်နိုင်ခဲ့ပြီဆိုတဲ့ အုပ်စိုးခန့်




Leave a Comment