အိမ်မှုကိစ္စလုံး၀မလုပ်တတ်တဲ့ကျွန်တော် နဲ့သားလေးကို ထားခဲ့တဲ့ဇနီး…😥

အိမ်မှုကိစ္စလုံး၀မလုပ်တတ်တဲ့ကျွန်တော် နဲ့သားလေးကို ထားခဲ့တဲ့ဇနီး…😥

ကျွန်တော့ ဇနီး မှဲ့ကင်ဆာ ဖြစ်ပြီးကျွန်တော်တို့ဆီကနေ ထွက်ခွာသွားတာ ၂ နှစ်ရှိပါပြီ။ ကျွန်တော်ပြန်စဉ်းစားမိတယ်. အိမ်မှုကိစ္စလုံး၀မလုပ်တတ်တဲ့ကျွန်တော် နဲ့ သားလေးကို ထားခဲ့ ရတာ သူဘယ်လောက်ထိ ၀မ်းနည်းလိမ့်မလဲ။

ကျွန်တော်ကိုယ်တိုင်လဲ မိဘ ၂ယောက်စလုံးရဲ့ ဇာတ်ကောင်နေရာကနေကောင်းကောင်း မလုပ်နိုင်တဲ့ အတွက် ကိုယ့် ကိုယ်ကို အားမလို အားမရ ဖြစ်ခဲ့ရတယ်။

တနေ့မှာ ကျွန်တော် အလုပ်ကိစ္စနဲ့ မနက်စောစော ခရီးထွက်ဖို့ရှိတော့ ကလေးအတွက် ဘာမှ မပြင်ဆင်ပေးခဲ့ ရဘဲ က မန်းကတန်းထွက်လာခဲ့တယ်။

မနေ့က ထမင်းအေးနဲ့ ကြက်ဥကျော်နဲ့ ထားခဲ့ပေးပြီး အိပ်ယာမနှိုးသေးတဲ့ သားလေးကို ပြောပြီးထွက်လာခဲ့တယ်။ ကေ လးကိုကောင်းကောင်းကမ်းကမ်းထားနိုင်ဖို့ အတွက် ကျွန်တော်လဲ အလုပ်ကို ကြိုးစားပြီး လုပ်နေရတယ်။

အိမ်ပြန်မိုးချုပ်တဲ့ တညမှာ ကျွန်တော်က သားလေးကို တိုတိုတုတ်တုတ်ဘဲ နှုတ်ဆက်လိုက်တယ်…။ အလုပ်ပင်ပန်းလွန်း တဲ့ အတွက် အင်္ကျီချွတ်ပြီး ကုတင်ပေါ် ပစ်လဲလိုက်တယ်။

အဲဒီ အချိန်မှာဘဲ ဗွန်းကနဲ အနီရောင်ဟင်းရည်တွေနဲ့ ခေါက်ဆွဲ တွေ အိပ်ယာခင်းနဲ့ စောင်တွေကို တခဏတွင်းမှာဘဲ စွန်း ထင်စေကုန်တယ်… လက်စသတ်တော့ ခေါက်ဆွဲပန်းကန်က စောင်ထဲရောက်နေတာကိုး… ဒီကောင်ကတော့ တကယ် ဘဲ… ။ ပြောတာနှေးတယ်… လုပ်တာမြန်တယ်… ချက်ချင်းဘဲ ကျွန်တော် အ၀တ်ချိတ်တစ်ခုယူပြီး ပြေးထွက်သွားတယ်။

အရုပ်တွေနဲ့ ကစားနေတဲ့ သားလေးရဲ့ ဖင်ကို ရိုက်တော့တာဘဲ။ ကျွန်တော် တော်တော်လေးကို စိတ်တိုနေလို့ အဆက် မပြတ်ရိုက်ခဲ့တယ်။

ဒါပေမဲ့ အဲဒီ အချိန်မှာဘဲ သူငိုပြီးပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် ရပ်သွားတယ်… “ထမင်းအိုးထဲက ထမင်း မနက် ကတည်းက စားလို့ကုန်သွားပြီ… ညစာကို ကျောင်းမှာဘဲ စားခဲ့တယ်… ညရောက်တော့ ဖေဖေက ပြန်မလာသေးဘူး…။

အံဆွဲထဲမှာ ခေါက်ဆွဲထုတ်ရှာတွေ့တယ်… ဒါပေမဲ့ ဖေဖေပြောထားတယ်… မီးဖို မထိရဘူးလို့…။ ဒါကြောင့် သားက ရေ ချိုးတဲ့ ရေနွေးပိုက်ခေါင်းကို ဖွင့်ပြီး ရေနွေးနဲ့ ခေါက်ဆွဲစိမ်ထားလိုက်တယ်… တစ်ခုက သားစားဖို့ နောက်တစ်ခုက ဖေဖေ့ ကို စားစေချင်လို့… ခေါက်ဆွဲတွေ အေးသွားမှာ စိုးလို့ စောင်ထဲထည့်ထားပြီး ဖေဖေပြန်လာတာကို သားစောင့်နေတာပါ… သား အရုပ်တွေနဲ့ ဆော့နေလို့ ဖေဖေ့ကို ပြောပြဖို့မေ့သွားတာပါ…”

ကျွန်တော့ မျက်ရည်ကို သားလေးကို မမြင်စေချင်တဲ့ အတွက် ရေချိုးခန်းထဲပြေး၀င်သွားပြီး ရေပိုက်ခေါင်းကို ဖွင့်ပြီး အား ပါးတရ ငိုချလိုက်တယ်…။

တအောင့်နေတော့ ကျွန်တော် အားတင်းပြီး ကလေးကို ချော့ရင်း သူ့ဖင်ကို ဆေးလိမ်းပေးပြီး ချော့သိပ်လိုက်တယ်။ ခေါ က်ဆွဲကြောင့် ပေကြံသွားတဲ့ အိပ်ယာခင်းကို သိမ်းပြီး သားလေးရဲ့ အခန်းကိုဖွင့်လိုက်တော့ သူလေးရဲ့ ငိုသံလေးကို ကြားနေရသေးတယ်… ။

လက်မှာ ကတော့ အမေ့ဓာတ်ပုံ ကိုင်လို့… ကျွန်တော် တံခါးရွက်ကို မှီပြီး ဒီမြင်ကွင်းကို အကြာကြီး ရပ်ကြည့်နေမိတယ်… ဒီကိစ္စပြီးတဲ့ နောက်နှစ်တွေမှာတော့ မိခင်တစ်ယောက်ရဲ့ဇာတ်ကောင် အနေနဲ့ ကောင်းကောင်း လုပ်ဆောင် နိုင်ဖို့ သားေ လးကို ပိုပြီး ဂရုစိုက်ခဲ့တယ်…။

အခုဆို သားလေး ၇ နှစ်ပြည့်တော့မယ်… ဒုတိယတန်း အောင်လို့ တတိယတန်းတက်တော့မယ်… ကံကောင်းတာက သားလေး အရိပ်မည်းအောက်မှာ ရှိမနေဘဲ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာခဲ့တယ်။

သိပ်မကြာသေးခင်မှာဘဲ ကလေးကို နောက်တစ်ကြိမ် ရိုက်မိ ခဲ့တယ်။ ကျောင်းက ဖုန်းဆက်လာတယ်… သားကျောင်းမ တက်ဘူးတဲ့…။

ကျွန်တော်စိတ်မအေးနိုင်တော့ဘူး… ရပ်ကွက်ထဲ နေရာ အနှံ့ သူ့နာမည်အော်ခေါ်ပြီးလိုက်ရှာပေမဲ့ ရှာမတွေ့ခဲ့ဘူး… နော က်ဆုံးတော့ ဂိမ်းဆိုင်ရှေ့မှာ သူ့ကို တွေ့တယ်။ ကျွန်တော် ဒေါသ အရမ်းထွက်ပြီး သူ့ကို အဆက်မပြတ်ရိုက်ခဲ့တယ်။

သားလေးကတော့ ဘာဖြေရှင်းချက်မှ မပေးဘဲ… “သား တောင်းပန်ပါတယ်” ဆိုတာ တစ်ခွန်းဘဲပြောခဲ့တယ်… နောက်မှ သိလိုက်ရတယ်… အဲဒီနေ့ဟာ ကျောင်းက အမေများနှင့်ဆုံညီပွဲလုပ်ပေးတဲ့နေ့ ဖြစ်နေပါတယ်။

ဒီကိစ္စပြီးနောက်ပိုင်း သားလေး အိမ်ပြန်ရောက်ပြီးပြောပြတယ်… သူကျောင်းမှာ စာရေးသင်ခဲ့တယ်တဲ့။ နောက်ပိုင်းမှာ တော့ သူ အခန်းထဲမှာ ဘဲ အောင်းနေပြီး စာကို သေသေချာချာရေးနေတယ်။

သားလေးကို ဒီလိုလေးမြင်ရတော့လဲ ဆုံးသွားတဲ့ ဇနီး ဒီမြင်ကွင်းလေးကို သာ မြင်ရရင်တော့ ပြုံးမိမှာဘဲ ဆိုတာကို တွေးမိရင်း မျက်ရည်ကို ထိန်းမရခဲ့ဘူး…

အချိန်ကုန်ဆုံးတာ အရမ်းမြန်တယ်… နောက်တနှစ် မိုးကုန်လို့ သီတင်းကျွတ်ရာသီရောက်ခဲ့ပြီ။ သားလေးက နောက် ပြသနာတစ်ခုရှာလာပြန်ပြီ…။

စာတိုက်က ဖုန်းဆက်လာတယ်…။ လိပ်စာမရှိတဲ့ စာအထုတ်လိုက်ကို အတင်းပို့ခိုင်းနေလို့တဲ့… စာတိုက်ကလဲပြော လိုက် တယ်…။

ဒီလိုရာသီ အလုပ်အရှုပ်ဆုံးအချိန်းမှာ ကိုယ့်သားကို ကောင်းကောင်းထိန်းပါလို့ပြောလိုက်တယ်… သားကို မရိုက်တော့ဘူး လို့ဆုံးဖြတ်ထားပေမဲ့ ထိန်းမရဘူး… ရိုက်လိုက်တယ်…။

သားလေးကတော့ ဒီတစ်ကြိမ်မှာ သူ မှားပါတယ်ဆိုတာဘဲ ပြောလိုက်တယ်… ဘာဖြေရှင်းချက်မှ မပေးဘူး။ ကျွန်တော်လဲ သူစာတိုက်မှာ လက်သွားဆော့တဲ့ စာတွေကို သူ့မျက်စိရှေ့ပစ်ချလိုက်ပြီးပြောလိုက်တယ်…။

“ဘာဖြစ်လို့ ဒီလို စာတိုက်မှာ သွားဆော့ရတာလဲ…” သားလေးက ငိုပြီးပြန်ဖြေတယ်… “ဒါ… ဒါတွေဟာ မေမေ့ဆီကို ပို့ပေးဖို့ပါ…” အဲဒီ အချိန်မှာ ကျွန်တော့ မျက်လုံးတွေနီရဲသွားတယ်… စိတ်ထဲမှာတော့ ဘောင်ဘင်ခတ်လို့… ဒါပေမဲ့ သားရှေ့မှာ ဆိုတော့ တတ်နိုင်သလောက် ဖုံးဖိထားလိုက်တယ်။

ဆက်ပြီးမေးလိုက်တယ်… “ဒါဆိုရင် ဘာဖြစ်လို့ တစ်ခါတည်း ဒီလောက် အများကြီးပို့ရတာလဲ?” သားလေးက ပြန်ဖြေ တယ်… “ဟိုး အရင် ကတည်းကပို့ဖို့ရေးထားတဲ့ စာတွေကို သား အရပ်ပုတော့ စာတိုက်ပုံးထဲ ထည့်လို့ မရဘူး… ။

အခု တလော သား ထပ်သွားထည့်ကြည့်တဲ့ အခါ မှီနေပြီ… ဒါကြောင့် အရင်ကတည်းက မထည့်ရသေးတဲ့ စာတွေကို တခါတည်းထည့် လိုက်ချင်တာပါ။” ကျွန်တော် နားထောင်ပြီး စိတ်ထဲမှာ လမ်းစပျောက်သွားတယ်… ဘာပြန်ပြောရမလဲ မသိတော့ဘူး…။

ခဏနေပြီး သားလေးကို ပြန်ပြောလိုက်တယ်… “အခု မေမေက မိုးကောင်းကင်ပေါ်မှာ ရှိတယ်… နောက် စာရေးပြီးရင် မီးရှို့လိုက်… ဒါဆိုရင် မေမေ့ဆီကို ပို့လို့ရောက်ပြီ။”

သားလေးအိပ်ပျော်သွားပြီးနောက် အိမ်ရှေ့ထွက်ပြီး ဒီစာတွေကို မီးရှို့ပေးလိုက်တယ်။ သားလေး ဘာတွေများရေးထားသ လဲဆိုတာကို စိတ်၀င်စားပြီး အဲဒီထဲက တချို့ကို ယူဖတ်လိုက်တယ်။ စာတစ်စောင်ကတော့ ကျွန်တော့ ရင်ထိကို နက်န က်ရှိုင်းရှိုင်း ထိနာသွားစေတယ်ဗျာ…

ချစ်ခင်ရပါသောမေမေ “သား မေမေ့ကို အရမ်းသတိရတယ်… ဒီနေ့ကျောင်းမှာ မေမေတွေနဲ့ပျော်ပွဲရွှင်ပွဲ လုပ်ပေးတယ်။ သားမှာ မေမေ မရှိတော့ မသွားဘူး။ ဖေဖေ့ကိုလဲ မပြောပြဘူး။ ဖေဖေလဲ မေမေ့ကို သတိရမှာစိုးလို့… ဖေဖေ သားကို လိုက်ရှာတယ်… သားပျော်နေတာကိုဘဲ ဖေဖေ့ကို မြင်စေချင်လို့ ဂိမ်းဆိုင်ရှေ့မှာ ထိုင်နေလိုက်တယ်။ ဖေဖေသားကို ဆူပေမဲ့ ဖေဖေ့ကို သား အကြောင်းရင်း မပြောပြဘူး။

မေမေ… ဖေဖေက မေမေ့ကို သတိရလို့ငိုနေတာကို သားနေ့တိုင်းတွေ့တယ်။ ဖေဖေလဲ သားလိုဘဲနေမှာ… မေမေ့ကို အရမ်းအရမ်း သတိရတယ်… ဒါပေမဲ့.. မေမေ… သား အခုချိန်မှာ မေမေ့မျက်နှာကို သေချာ မမှတ်မိတော့ဘူး…။

မေမေ… သားရဲ့ အိပ်မက်ထဲကို လာပါလားဟင်… မေမေ့မျက်နှာကို နောက်တစ်ခေါက် မြင်ချင်လို့ပါ…။ သတိရတဲ့ သူရဲ့ ဓာတ်ပုံကို ရင်ထဲမှာ ပိုက်ပြီးအိပ်ရင် အဲဒီလူကို အိပ်မက်မက်တတ်တယ်လို့ ကြားဖူးတယ်…။ မေမေက ဘာလို့သားရဲ့ အိပ်မက်ထဲကို မလာတာလဲ?”

ဒီစာကို ဖတ်ပြီး ကျွန်တော် ရှိုက်ကြီးတငင်ငိုချလိုက်တယ်… ဘယ်သော အချိန်မှာမှ ဇနီးရဲ့ နေရာလွတ်လေးကို ကျွန်ေ တာ် ဖြည့်ဆည်းပေးနိုင်မှာလဲဗျာ…။

မူရင်းရေးသားသူအား လေးစားစွာ

Credit ပေးပါသည်။

#နှင်းနှင်းအေး

credit..photo

Leave a Comment