ဒဂုံအရှေ့ပိုင်းအောင်တော်မူစာသင်တိုက်နှင့် တိုင်တရာကျောင်းအတွင်းရှိသံဃာတော်များအတွက် ဆွမ်းစရိတ်နှင့်နဝကမ္မဝတ္ထုငွေများကိုလှူဒါန်းခဲ့တဲ့ စည်ဖြိုးတို့မိသားစု

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့စည်ဖြိုးကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ စည်ဖြိုးကတော့ ဗီဒီယိုဇာတ်ကားပေါင်းများစွာနဲ့ရုပ်ရှင်ဇာတ်ကားတွေမှာလည်းပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတာဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့စည်ဖြိုးက သရုပ်ဆောင်အလုပ်တွေအပြင်အဆိုတော်တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကိုချဲ့ထွင်လုပ်ကိုင်နေတာဖြစ်ပါတယ်။

စည်ဖြိုးတို့မိသားစုလေးဟာဆိုရင် အေးချမ်းလှပြီးအလှူအတန်းတွေကိုလည်းမကြာခဏပြုလုပ်လေ့ရှိပါတယ်။ လက်ရှိဝါတွင်းကာလမှာလည်းဝါဆိုရန်အခက်အခဲဖြစ်နေတဲ့ သံဃာတော်များအတွက်တတ်နိုင်သလောက်လှူဒါန်းမှုတွေကိုပြုလုပ်ပေးနေတာဖြစ်ပါတယ်။ အပါတ်စဉ်သံဃာတော်များအားအာရုံဆွမ်းနှင့် နဝကမ္မဝတ္ထုငွေများကိုကပ်လှူပူဇော်လေ့ရှိပါတယ်။ ဒီနေ့မှာလည်းဒဂုံအရှေ့ပိုင်းအောင်တော်မှူစာသင်တိုက်နှင့် တိုင်တရာကျောင်းအတွင်းရှိသံဃာတော်များအတွက် ဆွမ်းစရိတ်နှင့်နဝကမ္မဝတ္ထုငွေများကိုလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။

အဆိုပါအလှူအကြောင်းကိုတော့ စည်ဖြိုးရဲ့မိခင်ဖြစ်သူကအလှူပုံရိပ်လေးတွေနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေစည်ဖြိုးတို့မိသားစုရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

Source:E Thi

Zawgyi

ဒဂုံအရှေ့ပိုင်းအောင်တော်မူစာသင်တိုက်နှင့် တိုင်တရာကျောင်းအတွင်းရှိသံဃာတော်များအတွက် ဆွမ်းစရိတ်နှင့်နဝကမ္မဝတ္ထုငွေများကိုလှူဒါန်းခဲ့တဲ့ စည်ဖြိုးတို့မိသားစု




Leave a Comment