
ပြီးခဲ့တဲ့သြဂုတ်လ(၁၀)ရက်နေ့ကတော့ ပရိသတ်အချစ်တော်လေးချစ်သုဝေရဲ့မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ချစ်သုဝေကတော့သူမရဲ့မွေးလလေးမှာမွေးနေ့အလှူအဖြစ် အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာတတ်နိုင်သလောက်သွားရောက်လှူဒါန်းမှုတွေကိုပြုလုပ်ပေးနေတာဖြစ်ပါတယ်။ သူမရဲ့(၅)ကြိမ်မြောက်အလှူအဖြစ် သုံးခွမြို့နယ်၊အိဿကျေးရွာ၊ဓမ္မစမ်းရေပရဟိတကျောင်းက ကလေးတွေအတွက်လိုအပ်တာလေးတွေကိုလှူဒါန်းပေးခဲ့ပါတယ်။

အဆိုပါအလှူနဲ့ပတ်သက်ပြီးတော့ချစ်သုဝေက”ဆုံးသည်ထိဖတ်ပေးပါနော်မွေးလလေးရဲ့ (၅)ကြိမ်မြောက်အလှူခရီးစဉ်လေးတကယ်လှူဖို့စီစဉ်ခဲ့တာ ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ပဲ၊အားလူး၊ နဝကမ္မအလှူငွေနဲ့အရုပ်တွေ။ရောက်တော့ကလေးတွေနေစရာမရှိလို့(ကျောင်းဆောင်ကဆောက်လုပ်ကာစ အလှူငွေမရှိလို့ရပ်)ဓမ္မာရုံထဲစုရုံးနေကြရရှာမိန်းကလေးငယ်တွေရောအပျိုရွယ်လေးတွေရောမို့အားချင်းလိုအပ်နေတဲ့ လုံခြုံအောင်ချိုးနိုင်မယ့်ရေချိုးသန့်စင်ခန်းနဲ့အိမ်သာ(၆)လုံးကိုလှူမယ်ချက်ချင်းဆုံးဖြတ်ခဲ့တယ်

ခရီးစဉ်စဆုံးပင်ပမ်းပေမယ့်ကြည်နူးမဆုံးဆောက်လုပ်ကာစ ၃ထပ်ကျောင်းဆောင်လေးကိုအမြန်ပြီးအောင် မိတ်ဆွေတွေအားလုံးဝိုင်းဝန်းလှူဒါန်းပေးကြရအောင်နော်သုံးခွမြို့နယ်၊အိဿကျေးရွာ၊ဓမ္မစမ်းရေပရဟိတကျောင်း၊ ဆရာတော်ဖုန်း-09420400402″ဆိုပြီး ချစ်သုဝေကရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ သုံးခွမြို့နယ်၊အိဿကျေးရွာ၊ဓမ္မစမ်းရေပရဟိတကျောင်းက မိန်းကလေးငယ်တွေအတွက်အမှန်တကယ်လိုအပ်နေတဲ့အရာတွေကိုလှူဒါန်းပေးခဲ့တဲ့ ချစ်သုဝေရဲ့အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

Source:Chit Thu Wai

Zawgyi





Leave a Comment