ဝင်းနှင့်ဇော်ကို ထိုင်းဘုရင်မင်းမြတ်၏ အသနားခံမှုဖြင့် သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲသတ်မှတ်

Breaking News…

“ ဝင်းနှင့်ဇော်ကို ထိုင်းဘုရင်မင်းမြတ်၏ အသနားခံမှုဖြင့် သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲသတ်မှတ်”

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်အပြစ်ပေးခံထားရသော မြန်မာလုပ်သားနှစ်ဦး ဝင်းဇော်ထွန်းနှင့် ဇော်လင်း တို့အား ထိုင်းဘုရင်မင်းမြတ်၏ အသနားခံမှုဖြင့် သေဒဏ်မှပယ်ဖျက်ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲသတ်မှတ်လိုက်သည်။

သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲသတ်မှတ်ကြောင်းကို ထိုင်းနိုင်ငံဘုရင့်နန်းတော်က သြဂုတ် ၁၃ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ သေဒဏ်ကနေပြီးတော့ တဖြည်းဖြည်းနဲ့ လွတ်ဖို့ရာနီးလာပြီပေါ့နော်။ ဒါက ပုံမှန်လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူး။ ထိုင်းဘုရင်မင်းမြတ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ။ထိုင်းဘုရင့်နန်းတော်က ပေးတာ။ ဘုရင်အသစ်ရဲ့ မွေးနေ့နဲ့လည်းဆိုင်တယ် ”ဟု မြန်မာလုပ်သားနှစ်ဦးအရေး ကူညီဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

မြန်မာလုပ်သားနှစ်ဦး၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွင်းမှုကို ၂၀၁၉ အောက်တိုဘာ ၂၃ရက်က မြန်မာလုပ်သားနှစ်ဦး၏ မိခင်နှစ်ဦးနှင့်အတူ မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ အမှုကိုကူ ညီဆောင်ရွက်ပေးနေသောထိုင်း နိုင်ငံရှေ့နေများကောင်စီမှ ရှေ့နေများက မြန်မာလုပ်သားနှစ်ဦး အကျဉ်းကျနေသော ဘန်ခွမ်ဗဟိုအကျဉ်းထောင်ရှိ ထောင်မှူးထံသို့ အသနားခံစာ သွားရောက်ပေး ပို့ခြင်းဖြစ် သည်။

(ထိုင်းဘုရင်ဓာတ်ပုံရှေ့တွင် ဆုတောင်းနေသော ဝင်းနှင့်ဇော်၏ မိခင်နှစ်ဦး)

Leave a Comment