ကလေးတွေအတွက် ဂေဟာအသစ်ဆောက်တော့မှာမို့ ပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ




Source: Khine Hnin Wai
Credit -CeleGabar

UNICODE

မိဘမဲ့ကလေးတွေကို ဂေဟာတစ်ခုတည်ထောင်ပြီး စောင့်ရှောက်ပေးနေတဲ့ ခိုင်နင်းဝေကတော့ ကလေးတွေအတွက် ဂေဟာအသစ်ဆောက်တော့မှာမို့ ပီတိဖြစ်နေတဲ့အကြောင်းကို “ကျွန်မ ကလေးလေးတွေ အတွက် Soul Foundation နဲ့အတူ ဂေဟာအသစ်ဆောက်မယ့် တောင်ဒဂုံမှာရှိတဲ့ ခြံထဲမှာ အဝီဇိတွင်း စတူးနေပါပြီရှင် ဂေဟာကြီးစတင်မဆောက်လုပ်မှီ အဝီဇိတွင်း စတူးနေချိန်မှာပဲ ကျွန်မရတဲ့ ပီတိ အပျော်ဟာ မပြောပြတတ်လောက်အောင်ပါပဲ

ကျွန်မ ကလေးတွေကို အသေးအမွှားလေးတွေကအစ မြင့်မားတဲ့အရာတွေပဲဖန်တီးပေးချင်တာ အတ္တကြောင့်ဆိုလည်း ကျွန်မ မိခင်အတ္တ သိပ်ကြီးတဲ့ မိခင်တယောက်လို့ပဲ သတ်မှတ်နိုင်ပါတယ်ရှင် ကျွန်မ သားတွေသမီးတွေကို နေရာကောင်းမှာ ကောင်းကောင်းမွန်မွန် ရှင်သန်ကြီးထွားနိုင်ဖို့ အကောင်းဆုံးတွေ ‌အရသာရှိတာတွေပဲကျွေးနိုင်ဖို့ သပ်သပ်ရပ်ရပ်လေးတွေ ဝတ်စားနိုင်ဖို့ နောက်ဆုံးပေါ် စက်ပစ္စည်းတွေ ကိုင်နိုင်ဖို့ နဲ့ ကျွန်မ သားသမီးတွေရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ကျွန်မ အသွေးအသားတွေ ရှင်သန်လည်ပတ်နေသမျှ ကြိုးစားနေဦးမှာပါ မေမေ ခိုင်နှင်းဝေ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ခိုင်နှင်းဝေကတော့ ကလေးတွေရဲ့စရိတ်အတွက် သူကိုယ်တိုင် ဝေးကွာခဲ့တဲ့အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်ရင်း ကလေးတွေကို ရင်အုပ်မကွာစောင့်ရှောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။

ပရိသတ်ကြီးရေ မိဘမဲ့ကလေးတွေကို ဂေဟာတစ်ခုတည်ထောင်ပြီး စောင့်ရှောက်ပေးနေတဲ့ ခိုင်နင်းဝေကတော့ ကလေးတွေအတွက် ဂေဟာအသစ်ဆောက်မည့် တာင်ဒဂုံမှာရှိတဲ့ ခြံထဲမှာ အဝီဇိတွင်း စတူးနေတုန်းဖြစ်ပေမယ့် ပီတိ အပျော်ဟာ မပြောပြတတ်လောက်အောင်ပါပဲတဲ့။ ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ သားသမီးတွေရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ကျွန်မ အသွေးအသားတွေ ရှင်သန်လည်ပတ်နေသမျှ ကြိုးစားနေဦးမှာပါတဲ့နော်။

Source: Khine Hnin Wai
Credit -CeleGabar

Leave a Comment