၁၀) တန္း အမွတ္ စာရင္း ထုတ္ေပးမယ့္ရက္ နဲ႔ ထုတ္ေပး မယ့္ ပုံစံကို ထုတ္ျပန္လိုက္ပါၿပီ

၁၀) တန္း အမွတ္ စာရင္း ထုတ္ေပးမယ့္ရက္ နဲ႔ ထုတ္ေပး မယ့္ ပုံစံကို ထုတ္ျပန္လိုက္ပါၿပီ

ယခုႏွ စ္ တကၠသိုလ္ဝင္စာေမးပြဲ (၁၀)တန္းေအာင္မွတ္စာရင္းမ်ားကို ၾသဂုတ္ ၂ဝ ေက်ာ္တြင္ အြန္လိုင္းမွတစ္ဆင့္ ေလၽွာက္ထား ထုတ္ေပးနိုင္ရန္ ျမန္မာနိုင္ငံစာစစ္ဦးစီးဌာနက စီစဥ္ေဆာင္ရြက္ေနေၾကာင္း အေျခခံပညာဦးစီးဌာနမွ သိရပါတယ္။

“အြန္လိုင္းကတစ္ဆင့္ျဖစ္ဖို႔မ်ားတယ္ အခုေတာ့ နည္းပညာပိုင္းေတြျပင္ဆင္ေနလို႔ မထုတ္ျပန္ေသးတာျဖစ္မယ္။ အမွတ္စာရင္းထုတ္တာကို နိုင္ငံေတာ္ဝင္ေငြအျဖစ္ လုပ္ထားတာဆိုေတာ့ Paymet တစ္ခုနဲ႔သူတို႔လုပ္မွာ၊ ေငြကိုနိုင္ငံေတာ္ဘ႑ာေတြထဲဝင္သြားေအာင္ ဘယ္လိုစီစဥ္ထားလဲေတာ့ မသိေသးဘူး။ အြန္လိုင္းနဲ႔ေပးဖို႔ေတာ့ သူတို႔ရည္ရြယ္ေနတယ္။ အခုနည္းပညာပိုင္းအဆင္သင့္ျဖစ္ေအာင္လုပ္ေနတယ္လို႔ ၾကားတယ္” လို႔ အေျခခံပညာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

ကိုဗစ္ကာလျဖစ္သည့္အတြက္ လူဝး မျဖစ္ေစရန္ အြန္လိုင္းမွတစ္ဆင့္ ထုတ္ေပးေရးကို စီစဥ္ျခင္းျဖစ္ၿပီး တကၠသိုလ္ဝင္တန္း အမွတ္စာရင္းထုတ္ယူနိုင္မည့္ေန႔ရက္ အတိအက်ကို ျမန္မာနိုင္ငံစာစစ္ဦးစီးဌာနက ထပ္မံေၾကျငာသြားမည္ျဖစ္ကာ ယခုလအတြင္း ထုတ္ယူနိုင္မည္ျဖစ္ေၾကာင္း ဆိုပါတယ္။

ထို႔ျပင္ အေျခခံပညာအထက္တန္းအဆင့္ၿပီးေျမာက္ေၾကာင္း ေအာင္လက္မွတ္မ်ားကို စာေမးပြဲ ေျဖၿပီးခ်င္း ထုတ္ေပးရန္ စီစဥ္ခဲ့ေသာ္လည္း COVID-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ ေရႊ႕ဆိုင္းခဲ့ကာ ယခုလအတြင္းထုတ္ေပးရန္ ကိုဗစ္ေကာ္မတီကိုတင္ျပထားေၾကာင္း သိရပါတယ္။

အေျခခံပညာအထက္တန္းအဆင့္ၿပီးေျမာက္ေၾကာင္း ေအာင္လက္မွတ္မ်ားကို ေက်ာင္းေခၚခ်ိန္ျပည့္မႈ၊ ေက်ာင္းစာေမးပြဲမ်ားလာေရာက္ေျဖဆိုမႈ၊ ရမွတ္မ်ားအပါအဝင္ စံသတ္မွတ္ခ်က္ ၇ ခ်က္ႏွင့္ကိုက္ညီပါက သက္ဆိုင္ရာေက်ာင္းမ်ားမွတစ္ဆင့္ ထုတ္ေပးမည္ျဖစ္ေၾကာင္း အေျခခံပညာ ဦးစီးဌာနမွ သိရပါတယ္

၁၀) တန်း အမှတ် စာရင်း ထုတ်ပေးမယ့်ရက် နဲ့ ထုတ်ပေး မယ့် ပုံစံကို ထုတ်ပြန်လိုက်ပါပြီ

ယခုနှ စ် တက္ကသိုလ်ဝင်စာမေးပွဲ (၁၀)တန်းအောင်မှတ်စာရင်းများကို သြဂုတ် ၂ဝ ကျော်တွင် အွန်လိုင်းမှတစ်ဆင့် လျှောက်ထား ထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စီစဉ်ဆောင်ရွက်နေကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

“အွန်လိုင်းကတစ်ဆင့်ဖြစ်ဖို့များတယ် အခုတော့ နည်းပညာပိုင်းတွေပြင်ဆင်နေလို့ မထုတ်ပြန်သေးတာဖြစ်မယ်။ အမှတ်စာရင်းထုတ်တာကို နိုင်ငံတော်ဝင်ငွေအဖြစ် လုပ်ထားတာဆိုတော့ Paymet တစ်ခုနဲ့သူတို့လုပ်မှာ၊ ငွေကိုနိုင်ငံတော်ဘဏ္ဍာတွေထဲဝင်သွားအောင် ဘယ်လိုစီစဉ်ထားလဲတော့ မသိသေးဘူး။ အွန်လိုင်းနဲ့ပေးဖို့တော့ သူတို့ရည်ရွယ်နေတယ်။ အခုနည်းပညာပိုင်းအဆင်သင့်ဖြစ်အောင်လုပ်နေတယ်လို့ ကြားတယ်” လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

ကိုဗစ်ကာလဖြစ်သည့်အတွက် လူဝေး မဖြစ်စေရန် အွန်လိုင်းမှတစ်ဆင့် ထုတ်ပေးရေးကို စီစဉ်ခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းထုတ်ယူနိုင်မည့်နေ့ရက် အတိအကျကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထပ်မံကြေငြာသွားမည်ဖြစ်ကာ ယခုလအတွင်း ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ဆိုပါတယ်။

ထို့ပြင် အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း အောင်လက်မှတ်များကို စာမေးပွဲ ဖြေပြီးချင်း ထုတ်ပေးရန် စီစဉ်ခဲ့သော်လည်း COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ကာ ယခုလအတွင်းထုတ်ပေးရန် ကိုဗစ်ကော်မတီကိုတင်ပြထားကြောင်း သိရပါတယ်။

အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း အောင်လက်မှတ်များကို ကျောင်းခေါ်ချိန်ပြည့်မှု၊ ကျောင်းစာမေးပွဲများလာရောက်ဖြေဆိုမှု၊ ရမှတ်များအပါအဝင် စံသတ်မှတ်ချက် ၇ ချက်နှင့်ကိုက်ညီပါက သက်ဆိုင်ရာကျောင်းများမှတစ်ဆင့် ထုတ်ပေးမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရပါတယ်

Leave a Comment