ကိုယ္ေထာက္ပံ့ေပးခဲ့တဲ့ေက်ာင္းသားေလးက ဇီဝေဗဒဂုဏ္ထူးတစ္ခုနဲ႔ ထူးထူးခၽြန္ခၽြန္ေအာင္ျမင္လို့ ဝမ္းသာေနတဲ့ ေက်ာ္ထက္ေအာင္

ကျော်ထက်အောင်လို့ ဆိုလိုက်ရင်တော့ မြန်မာအိုင်ဒေါရဲ့ Host တစ်ယောက်အနေနဲ့ မီးလေးခဏလောက်မှိတ်ပေးပါ ဆိုတဲ့အသံလေးကို အရင်ကြားယောင်မိမှာပါနော်။ မြန်မာအိုင်ဒေါနဲ့အတူ ပရိသတ်သတိထားမိလာခဲ့တဲ့ကျော်ထက်အောင်ကတော့ အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ပရိသတ်အားပေးမှုအခိုင်အမာရရှိနေသူပါ။

မကြာခဏဆိုသလို အလှူအတန်းလုပ်လေ့ရှိသူဖြစ်ပြီး ဒီနေ့မှာတော့ အလှူတွေထဲမှာမြတ်တဲ့အလှူတစ်ခုဖြစ်တဲ့ ပညာအလှူကနေရတဲ့ အသီးအပွင့်လေးကြောင့် ပီတိဖြစ်နေကြောင်းကို မျှဝေလာပါတယ်။ ပြင်ဦးလွင်မြို့မှာရှိတဲ့ စိမ်းလမ်းမြေပရဟိတစာသင်ကျောင်းမှာ ဆယ်တန်းပညာသင်နှစ်တစ်နှစ်လုံးစာအတွက် ကျောင်းသားလေးတစ်ယောက်ကို တာဝန်ယူထောက်ပံ့ခဲ့ပြီး ဒီနေ့အောင်စာရင်းထွက်ချိန်မှာတော့ အောင်မြင်ရုံသာမက ဇီဝဗေဒဂုဏ်ထူးတစ်ခုပါ ပါတဲ့ ကျောင်းသားလေးကြောင့် ကျော်ထက်အောင်ကတော့ ဝမ်းသာပီတိဖြစ်နေရပါတယ်တဲ့ ပရိသတ်ကြီးရေ…

ကျော်ထက်အောင်ကတော့ အခုလိုထောက်ပံ့ရကျိုးနပ်အောင် ကြိုးစားပေးကြတဲ့ကလေးတွေကြောင့် နောက်နှစ်လည်း ထပ်မံလှူဒါန်းပေးသွားမှာဖြစ်ပြီး ဆယ်တန်းစာမေးပွဲကြီးကို မကျော်လွှားနိုင်ခဲ့တဲ့ကလေးတွေလည်း အားမငယ်ကြဖို့ အားပေးစကားပြောကြားခဲ့ပါတယ်။ ပရိသတ်ကြီးရေ… ကိုယ်ထောက်ပံ့ပေးလိုက်တဲ့ကလေးလေး ထူးထူးချွန်ချွန်နဲ့အောင်မြင်တာကြောင့် ဝမ်းသာနေတဲ့ကျော်ထက်အောင်ရဲ့ ပီတိအပျော်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

credit-cele gabar

ZAWGYI

ကိုယ္ေထာက္ပံ့ေပးခဲ့တဲ့ေက်ာင္းသားေလးက ဇီဝေဗဒဂုဏ္ထူးတစ္ခုနဲ့ ထူးထူးခြၽန္ခြၽန္ေအာင္ျမင္လို့ ဝမ္းသာေနတဲ့ ေက်ာ္ထက္ေအာင္

ေက်ာ္ထက္ေအာင္လို႔ ဆိုလိုက္ရင္ေတာ့ ျမန္မာအိုင္ေဒါရဲ႕ Host တစ္ေယာက္အေနနဲ႔ မီးေလးခဏေလာက္မွိတ္ေပးပါ ဆိုတဲ့အသံေလးကို အရင္ၾကားေယာင္မိမွာပါေနာ္။ ျမန္မာအိုင္ေဒါနဲ႔အတူ ပရိသတ္သတိထားမိလာခဲ့တဲ့ေက်ာ္ထက္ေအာင္ကေတာ့ အခုဆိုရင္ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ပါ ပရိသတ္အားေပးမႈအခိုင္အမာရရွိေနသူပါ။

မၾကာခဏဆိုသလို အလႉအတန္းလုပ္ေလ့ရွိသူျဖစ္ၿပီး ဒီေန႔မွာေတာ့ အလႉေတြထဲမွာျမတ္တဲ့အလႉတစ္ခုျဖစ္တဲ့ ပညာအလႉကေနရတဲ့ အသီးအပြင့္ေလးေၾကာင့္ ပီတိျဖစ္ေနေၾကာင္းကို မွ်ေဝလာပါတယ္။ ျပင္ဦးလြင္ၿမိဳ႕မွာရွိတဲ့ စိမ္းလမ္းေျမပရဟိတစာသင္ေက်ာင္းမွာ ဆယ္တန္းပညာသင္ႏွစ္တစ္ႏွစ္လုံးစာအတြက္ ေက်ာင္းသားေလးတစ္ေယာက္ကို တာဝန္ယူေထာက္ပံ့ခဲ့ၿပီး ဒီေန႔ေအာင္စာရင္းထြက္ခ်ိန္မွာေတာ့ ေအာင္ျမင္႐ုံသာမက ဇီဝေဗဒဂုဏ္ထူးတစ္ခုပါ ပါတဲ့ ေက်ာင္းသားေလးေၾကာင့္ ေက်ာ္ထက္ေအာင္ကေတာ့ ဝမ္းသာပီတိျဖစ္ေနရပါတယ္တဲ့ ပရိသတ္ႀကီးေရ…

ေက်ာ္ထက္ေအာင္ကေတာ့ အခုလိုေထာက္ပံ့ရက်ိဳးနပ္ေအာင္ ႀကိဳးစားေပးၾကတဲ့ကေလးေတြေၾကာင့္ ေနာက္ႏွစ္လည္း ထပ္မံလႉဒါန္းေပးသြားမွာျဖစ္ၿပီး ဆယ္တန္းစာေမးပြဲႀကီးကို မေက်ာ္လႊားႏိုင္ခဲ့တဲ့ကေလးေတြလည္း အားမငယ္ၾကဖို႔ အားေပးစကားေျပာၾကားခဲ့ပါတယ္။ ပရိသတ္ႀကီးေရ… ကိုယ္ေထာက္ပံ့ေပးလိုက္တဲ့ကေလးေလး ထူးထူးခြၽန္ခြၽန္နဲ႔ေအာင္ျမင္တာေၾကာင့္ ဝမ္းသာေနတဲ့ေက်ာ္ထက္ေအာင္ရဲ႕ ပီတိအေပ်ာ္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Leave a Comment