တက္ကသိုလ်ဝင်တန်း မအောင်မြင်လို့ ကျောင်းသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွ

ကလေး၊ သြဂုတ် ၉၊၂၀၂၀

ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာမှာနေထိုင်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားတဲ့ ကျောင်းသားတစ်ဦး

စာမေးပွဲမအောင်တာကြောင့် ကြိုးဆွဲချသေဆုံးတဲ့ ဖြစ်စဉ်တစ်ခု ဒီကနေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ထန်းပင်ကုန်းကျေးရွာ တာဝန်ခံ ဦးတင်ထွန်း က ပြောပါတယ်။

ထန်းပင်ကုန်းကျေးရွာမှာ နေထိုင်တဲ့ မောင်လှဇော်ထွန်း အသက်(၁၈) နှစ်ဟာ နေအိမ်ခြံဝန်းထဲမှာရှိတဲ့ အိမ်အဟောင်းအပေါ်ထပ် ထုပ်တန်းမှာ ကြိုးဆွဲချသေဆုံးနေတာကို

ဒီနေ့ နေ့လယ် ၁၂ နာရီ အချိန်ခန့်က နေအိမ်ကလူတွေက မြင်တွေ့ခဲ့တာဖြစ်ပြီး မောင်လှဇော်ထွန်းက တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့တာ ဒီနှစ်နဲ့ ဆိုရင် နှစ်ကြိမ်ရှိနေပြီဖြစ်ပေမယ့်

စာမေးပွဲမအောင်မြင်တာကြောင့် ကြိုးဆွဲချသေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကျေးရွာတာဝန်ခံ ဦးတင်ထွန်း ပြောပြတာက “အိမ်အသစ် ဆောက်တော့ အိမ်အဟောင်းက မဖျက်ရသေးဘူး။

အဲ့ဒီ အိမ်အဟောင်း အပေါ်ထပ်မှာဖြစ်တာ။ အိမ်အသစ်မှာတော့ လူတွေတက်နေကုန်ကျပြီ။ အိမ်အဟောင်းကို မဖျက်သေးတာ။

အိမ်အဟောင်းက ခြံဝန်းတစ်ဝန်းထဲမှာပဲရှိတာ။ ကလေးက ဆယ်တန်းမအောင်တော့ စိတ်မကောင်း ဖြစ်တာ။ သူက ဒီနှစ်ရောဆိုရင် ၂ နှစ်ရှိပြီ။

သူ့အဖော်တွေ မေးကြည့်တော့ သူ့အဖော်တွေက အောင်သွားတော့ သူက စိတ်မကောင်း ဖြစ်တာ”လို့ ပြောပါတယ်။

ကြိုးဆွဲချသေဆုံးသူကို ဒီကနေ့ နေ့လယ်ပိုင်းမှာပဲ ကျေးရွာမှာရှိတဲ့ သုသာန်မှာ သဂြိုင်္ဟ်ခဲ့ပြီး ဖြစ်တယ်လို့ ကျေးရွာတာဝန်ခံ က ပြောပါတယ်။

ထန်းပင်ကုန်းကျေးရွာမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူဦးရေ ၄ ဦး ရှိပြီးတော့ အဲ့ဒီထဲကနေ ၃ ဦး အောင်မြင်ခဲ့ပြီး ကြိုးဆွဲချသေဆုံးသူ တစ်ဦးတည်း စာမေးပွဲကျခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်း မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Voice of Myanmar

naethitmyanmar

Leave a Comment