တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်သည့် ကျောင်းသားတစ်ဦး

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်သည့် ကျောင်းသားတစ်ဦး

ကြိုးဆွဲချသေဆုံးမူ့ ဝန်းသိုမြို့နယ်၌ဖြစ်ပွား

General Life

Aug – 9 – 2020

ဝန်းသိုမြို့နယ်၌ (၁၀ )တန်းစာမေးပွဲ မအောင်မြင်သည့် ကျောင်းသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဝန်းသိုမြို့နယ် တောင်ဘို့လှ အုပ်စု ထန်းပင်ကုန်းရွာနေ မောင်လှဇော်ထွန်း(အဘ)ဦးလှရွေ(ခ)ဦးမောင်ရွှေ/အသက် (၁၈)နှစ်သည် ယနေ့နံနက် ( ၈:၀၀ နာရီ)အချိန်တွင် မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးနေကြောင်းသိရသည်။

ယင်းဖြစ်စဉ်နှင့်၆တ်သက်၍ သေဆုံးသူ၏အဒေါ်ဖြစ်သူမှ “ဖြစ်စဉ်ကတော့ အဒေါ်တို့လည်း မနက် ၈ နာရီလောက်မှသိရတာ ဘယ်လိုမှထင်မထားဘူး ခါတိုင်းလည်း အိမ်ကြီးပေါ်မှာပဲ အတူအိပ်ကြတာ ညတုန်းကလည်း facebookပေါ်မှာ သူ့သူငယ်ချင်းတွေနဲ့ စာမေးပွဲအောင်စာရင်းထွက်တော့မယ့်အကြောင်း သူ့သူငယ်ချင်းတွေနဲ့ ည ၁၂ နာရီလောက်က လိုင်းပေါ်မှာ စကားပြောဖြစ်ကြသေးတယ်တဲ့ မနက်ကျတော့လည်း ၇နာရီ ၈နာရီလောက်မှ သူက အိပ်ယာထတာဆိုတော့ သတိမထားမိဘူး မနက်အိပ်ယာထလို့ သူ့အခန်းထဲမှာမတွေ့လို့ လိုက်ရှာကြည့်မှ ဘေးနားက အိမ်ဟောင်းပေါ်မှာ ခုလိုသေဆုံးနေတာ တွေ့ရတာပဲ”ဟု သေဆုံးသူ၏အဒေါ်ဖြစ်သူမှ General life သို့ပြောသည်။

ယင်းဖြစ်စဉ်အား မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးပြီး နာရေးကူညီမူ့ကားဖြင့် မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်ချက်ရယူခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

၎င်းကျေးရွာ၌ ယခင်က ခုလိုကြိုးဆွဲချ သေဆုံးမူ့မျိုးမကြုံတွေ့ခဲ့ဖူးကြောင်း ယခုအကြိမ်မှသာ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ပြီး မိဘရဲ့ ဖိအားပေးမူ့မျိုးလည်းမရှိဘူးလို့ သေဆုံးသူ၏ အဒေါ်ဖြစ်သူမှ General lifeသို့ပြောသည်။၎င်း၏ အကိုနှင့်အမဖြစ်သူတို့မှာ ပညာတတ် ဘွဲ့ရများဖြစ်ကြပြီး ၎င်း၏သူငယ်ချင်းများမှာလည်း စာမေးပွဲဖြေဆိုအောင်မြင်ခဲ့ကြရာ စိတ်ဓာတ်ကျ အားငယ်စိတ်ဝင်ကာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း ဖြစ်နိုင်ကြောင်းခန့်မှန်းရသည်

ဝန်းသိုစိုးလိုင်

Leave a Comment