မမေသက်ထွန်း – တက္ကသိုလ်ဝင်တန်း သိပ္ပံတွဲ ပထမ ဆုရှင်နဲ့ အင်တာဗျူး (ရုပ်သံ) သူ့ရဲ့ ရည်မှန်းချက်တွေကို ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါပြီ

ကျက်စရာ အများကြီး မလိုတဲ့ ပညာရေးနဲ့ စာမေးပွဲ ပုံစံကို နှစ်သက်ကြိုဆိုလိုက်တဲ့ သိပ္ပံတွဲ ပထမ ဆုရှင်

“မေးခွန်းပုံစံတွေက ကိုယ်ပိုင်ဉာဏ်ကို အသုံးချရမယ့် မေးခွန်းတွေ တော်တော်များလာပါတယ်၊ ကိုယ့်အတွေးအခေါ်လေးနဲ့ ကိုယ် ရေးလို့ရတယ်၊ လွတ်လပ်မှုလည်း ရှိတယ်၊ တအားချည်း ကျက်နေရတာ မဟုတ်တော့ စိတ်ဖိစီးမှုလည်း လျော့သွားတယ်” (မမေသက်ထွန်း၊ သိပ္ပံတွဲ မြန်မာတစ်နိုင်ငံလုံး ပထမ ဆုရှင်)

အပြင်စာ၊ ကျောင်းစာ မျှတအောင် ဖတ်ပြီး အားကစားနဲ့ အနုပညာ ဘက်စုံ ထွန်းချွန်သူ ဖြစ်ဖို့ ကြိုးစားနေသူ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း သိပ္ပံတွဲ မြန်မာတစ်နိုင်ငံလုံး ပထမ ဆုရှင် မမေသက်ထွန်း ပြောပြတဲ့ ပညာရေး လေ့လာမှု ပုံစံ၊ စာမေးပွဲ အတွက် ပြင်ဆင်မှု၊ အကြံပြုချက်နဲ့ အနာဂတ် အတွက် သူ့ရဲ့ ရည်မှန်းချက် တွေကို ဗီဒီယို မှာ အပြည့်အစုံ ကြည့်ရှု နိုင်ပါပြီ။

ရန်ကုန် ဒဂုံ (၁) အထက်တန်းကျောင်းက မမေသက်ထွန်း ဟာ ဘာသာစုံ ဂုဏ်ထူးနဲ့ အမှတ် စုစုပေါင်း ၅၅၂ မှတ် ရရှိခဲ့သူဖြစ်ပါတယ်။

မေးမြန်း – ငြိမ်းချမ်းအေး၊ ရိုက်ကူး၊ တည်းဖြတ် – ဝင်းကျော်သူ (ဘီဘီစီမြန်မာပိုင်း)

Leave a Comment