(၁၀)တန္းေအာင္စာရင္းနဲ႔ပတ္သက္ၿပီး စာေမးပြဲက်လို့စိတ္ဓာတ္မက်ဖို့သူ႔ဘဝနဲ႔ယွဥ္ၿပီး ေျပာျပလာတဲ့ဟိန္းမင္းသူ

(၁၀)တန်းကျောင်းသူကျောင်းသားလေးတွေရင်ခုန်စွာစောင့်မျှော်နေကြတဲ့ အောင်စာရင်းကတော့လာမည့်သြဂုတ်လ(၉)ရက်နေ့မနက်ပိုင်းမှာထွက်ရှိတော့မှာဖြစ်ပါတယ်။ ဒီအောင်စာရင်းကလည်းကျောင်းသူကျောင်းသားလေးတွေအတွက် ဘဝသစ်တစ်ခုကိုလျှောက်လှမ်းဖို့လမ်းစတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့ပေမယ့်လည်း မနက်ဖြန်ထွက်မည့်(၁၀)တန်းအောင်စာရင်းနဲ့ပတ်သက်ပြီးကျရူံးသူတွေအတွက်တော့ စိတ်ဓာတ်မကျဘဲစိတ်ရှည်ဖို့နဲ့ကြိုးစားရမှာဖြစ်ပါတယ်။

ဒီအတွက်လည်းပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ဟိန်းမင်းသူက (၁၀)တန်းအောင်စာရင်းနဲ့ပတ်သက်ပြီးစာမေးပွဲကျလို့စိတ်ဓာတ်မကျဖို့သူ့ဘဝနဲ့ယှဉ်ပြီး ယခုလိုပဲပြောပြလာခဲ့ပါတယ်။”ကျွန်တော်(၁၀)တန်းအသက်(၁၅)နှစ်တုန်းကဘာသာရပ်တိုင်းကိုအမှတ်(၄၀)နဲ့ကပ်အောင်ခဲ့တယ် အမှတ်နည်းလို့ပတ်ဝန်းကျင်လက်ညိုးထိုးပြီးမင်းဘာဆက်လုပ်မှာလဲမေးခံခဲ့ရတယ် ကျွန်တော်အသက်(၂၁)နှစ်မှာကိုယ့်မိသားစုကိုအဆင်ပြေအောင်ထောက်ပံ့နိုင်ခဲ့တယ်

(၆)နှစ်အတွင်းကိုယ့်ဝါဿနာပါရာကို Professional ဖြစ်အောင် မရမကကြိုးစားတယ်ပြောချင်တာကတော့(၁၀)တန်းမှာအမှတ်နည်းလို့စာမေးပွဲကျလို့စိတ်ဓာတ်မကျပါနဲ့ ဘယ်အရာမဆိုစိတ်ရှည်ဖို့နဲ့ကြိုးစားချင်စိတ်ဘဲလိုအပ်တာပါ ဘေးကအသုံးမလိုတဲ့စကားတွေထက်ကိုယ့်ကိုကို ယုံကြည်ပါ”ဆိုပြီးတိုက်တွန်းအားပေးစကားပြောထားတာဖြစ်ပါတယ်။

Source:Hein Min Thu

Zawgyi

(၁၀)တန္းေအာင္စာရင္းနဲ႔ပတ္သက္ၿပီး စာေမးပြဲက်လို႔စိတ္ဓာတ္မက်ဖို႔သူ႔ဘဝနဲ႔ယွဥ္ၿပီး ေျပာျပလာတဲ့ဟိန္းမင္းသူ

(၁၀)တန္းေက်ာင္းသူေက်ာင္းသားေလးေတြရင္ခုန္စြာေစာင့္ေမွ်ာ္ေနၾကတဲ့ ေအာင္စာရင္းကေတာ့လာမည့္ၾသဂုတ္လ(၉)ရက္ေန႔မနက္ပိုင္းမွာထြက္ရွိေတာ့မွာျဖစ္ပါတယ္။ ဒီေအာင္စာရင္းကလည္းေက်ာင္းသူေက်ာင္းသားေလးေတြအတြက္ ဘဝသစ္တစ္ခုကိုေလွ်ာက္လွမ္းဖို႔လမ္းစတစ္ခုလည္းျဖစ္ပါတယ္။ ဒါ့ေပမယ့္လည္းမနက္ျဖန္ထြက္မည့္(၁၀)တန္းေအာင္စာရင္းနဲ႔ပတ္သက္ၿပီးက်႐ူံးသူေတြအတြက္ေတာ့ စိတ္ဓာတ္မက်ဘဲစိတ္ရွည္ဖို႔နဲ႔ႀကိဳးစားရမွာျဖစ္ပါတယ္။

ဒီအတြက္လည္းျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ဟိန္းမင္းသူက (၁၀)တန္းေအာင္စာရင္းနဲ႔ပတ္သက္ၿပီး စာေမးပြဲက်လို႔စိတ္ဓာတ္မက်ဖို႔သူ႔ဘဝနဲ႔ယွဥ္ၿပီး ယခုလိုပဲေျပာျပလာခဲ့ပါတယ္။”ကြၽန္ေတာ္(၁၀)တန္းအသက္(၁၅)ႏွစ္တုန္းကဘာသာရပ္တိုင္းကိုအမွတ္(၄၀)နဲ႔ကပ္ေအာင္ခဲ့တယ္ အမွတ္နည္းလို႔ပတ္ဝန္းက်င္လက္ညိဳးထိုးၿပီးမင္းဘာဆက္လုပ္မွာလဲေမးခံခဲ့ရတယ္ ကြၽန္ေတာ္အသက္(၂၁)ႏွစ္မွာကိုယ့္မိသားစုကိုအဆင္ေျပေအာင္ေထာက္ပံ့ႏိုင္ခဲ့တယ္

(၆)ႏွစ္အတြင္းကိုယ့္ဝါႆနာပါရာကို Professional ျဖစ္ေအာင္ မရမကႀကိဳးစားတယ္ေျပာခ်င္တာကေတာ့(၁၀)တန္းမွာအမွတ္နည္းလို႔စာေမးပြဲက်လို႔စိတ္ဓာတ္မက်ပါနဲ႔ ဘယ္အရာမဆိုစိတ္ရွည္ဖို႔နဲ႔ႀကိဳးစားခ်င္စိတ္ဘဲလိုအပ္တာပါ ေဘးကအသုံးမလိုတဲ့စကားေတြထက္ကိုယ့္ကိုကိုယုံၾကည္ပါ”ဆိုျပီးတိုက္တြန္းအားေပးစကားေျပာထားတာျဖစ္ပါတယ္။

Leave a Comment