အောင်စာရင်းထွက်ရန် နာရီပိုင်းသာ လိုပါတော့သည်ခလေးတို့ရေ.. စိတ်လှုပ်ရှားနေကြပီလား

အောင်စာရင်းထွက်ရန် နာရီပိုင်းသာ လိုပါတော့သည်ခလေးတို့ရေ….. စိတ်လှုပ်ရှားနေကြပီလား

ကဲ အောင်စာရင်းအတွက် ပြင်ဆင်ထားရမယ့်အချက်လေးတွေကို လူငယ်အတွေးနဲ့ စီနီယာ တယောက်ပီပီ ပြောပြပီးအကြံညဏ်ပေးမယ်ကွယ်

(၁) ၈ရက်နေ့ညဆို သိရတော့မှာမို့ ဒီနေ့(၅)ရက်နေ့ကနေစပီးမေမေ ဖေဖေတို့နဲ့ ရန်မဖြစ်နဲ့ ပြန်ပြောတာတွေ ဆိုးတာတွေမလုပ်နဲ့တော့နော် (ကိုယ့် ရလာဒ်က ဘာမှန်းမသိသေးတဲ့အချိန်မှာ လိမ္မာပြပေးလိုက်တာ ရှက်စရာမှမဟုတ်တာ လိမ္မာတာအကောင်းဆုံးပဲမလား)

(၂)ကိုယ်စာမကျက်ခဲ့ရင်တောင်ဒီချိန်မှာဘာမှလုပ်လို့မရတော့ဘူးမို့ ဘုရားကလွဲ ကိုးကွယ်ရာမရှိတော့ဘူးနော်၅ရက်နေ့ကနေစပီး၈ရက်နေ့ထိ (၃)ရက်လောက်ပုတီးစိတ် အဓိဌာန်ဝင်ပါ (လိုရာဆုကို နှစ်နှစ်ကာကာ စိတ်လိုလက်ရ စိတ်စွမ်းအားကို ယုံကြည်ပီး ဆုတောင်းပါ)

(၃) အောင်တာ ရှုံးတာ အသာထားပီး (၁၀)တန်းဆိုတဲ့ resultရင်ခုန်နှုန်းက ပြန်မရနိုင်ပီး နောက်ဆို ငါတို့ဘလိုကြောက်ခဲ့တာ ဆိုပီးဟာသတွေဖြစ်ဦးမှာမို့ အရမ်းမိုက်တဲ့ခံစားချက်ကို သူငယ်ချင်းအချငိးချင်း ရင်ခုန်တာတွေ ကြောက်နေတာတွေ တ ဝ ကြီးပြောပီး အချိန်တိုင်း သဲသဲလှုပ်ရင်းပျော်နေကြပါ (အကောင်းဆုံးရလာဒ်ပဲရလာမယ်လို့ ယုံကြည်ချက်ရှိပါ)

(၄) ၈ရက်နေ့ရောက်ရင် ဖေဖေ မေမေတို့ဆီကခွင့်ပြုချက်တောငိးပီး သူငယ်ချင်းတွေနဲ့ စုဆုံပီး စကားပြောပါ (ကိုယ့်သူငယ်ချင်းတွေရော ကိုယ်အပါအဝင် အောင်စာရင်းရလာဒ်အရ အောင်သည် ရှုံးသည် အနေဝေးခွဲရဦးမှာမို့ တယောက်နဲ့တယောက် အောင်မှာဆိုပီး ယုံကြည်ချက်ပေးရင်း ဖေးမအားတင်းကြပါ)

(၅)Mainly – ဖေဖေမေမေတို့ရော အောင်စာရင်းကို ဘလိုကြောက်နေမိကြောင်း ဘယ်ဘာသာကြောင့် ရင်ခုန်နေမိကြောင်း ရင်ဖွင့်ပါကိုယ့်အဖြေဘလိုထွက်လာမယ်မှန်းမသိပေမယ့် ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားခဲ့ကြောင်း ပြောဖြစ်အောင်ပြောပါ (ကိုယ့်ရလာဒ်အတိုင်းငိုရ /ဝမ်းသာရ မှာက မိဘတွေကအရင်ဖြစ်လို့ အကောင်းဆုံးresultထွက်မယိ့ညမှာ ဖေဖေမေမေတို့နဲ့ အရင်းနှီး အနွေးထွေးဆုံး စကားပြောပါ)

ည(၁၂)ခွဲတာနဲ့ ဒီpageလေးကိုအရင်လာခဲ့တော့နော်

အောင်မြင်မှုရတဲ့ ညီလေး/ညီမလေးတွေဖြစ်ကြပါစေ

Leave a Comment