ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ကျော်လွန်ခဲ့သဖြင့် စစ်ကိုင်းမြို့နယ်အတွင်း လူဦးရေ ၅၀၀၀ ကျော် ရေလွတ်ရာသို့ရွှေ့ပြောင်းနေရ

စိုးရိမ်ရေမှတ် ၁၁၅၀စင်တီမီတာကို ၁စင်တီမီတာသာ ကျော်သေးတာ ဖြစ်ပါတယ်။ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၏စိုးရိမ်ရေအမှတ်ကိုကျော်လွန်ရောက်ရှိခဲ့သဖြင့် စစ်ကိုင်းမြို့နယ်အတွင်း အိမ်ထောင် စု ၁၁၀၂စု ရေလွတ်ရာသို့ရွှေ့ပြောင်းနေရကြောင်း စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးဦးစီးဌာနက တဆင့် သိရသည်။

ယနေ့ဇူလိုင်၂၈ မွန်းလွဲပိုင်းတွင် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ စစ်ကိုင်းမြို့၏စိုးရိမ်ရေအမှတ် ၁၁၅၀ကိုကျော်လွန်ပြီး ၁၁၅၁ စင်တီမီတာကို ရောက်ရှိခဲ့သဖြင့် စစ်ကိုင်းမြို့ပေါ်ရပ်ကွက်အချို့နှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများ ရေဝင်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများမှ အိမ်ထောင်စု ၁၁၀၂စု ၊လူဦးရေ ၅၁၁၃ဦးအား ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်စေရေး ဆောင်ရွက်စေခဲ့တယ်လို့သိရပါတယ်။

“ဧရာဝတီမြစ်ရေတက်လာလို့ စစ်ကိုင်းမြို့နယ်မှာအိမ်ထောင်စု ၁၁၀၂စု ၊လူဦးရေ ၅၁၁၃ ဦး ရေလွတ်ရာ နေရာတွေမှာ ပြောင်းရွှေ့ထားရပါတယ်။ ရေထပ်တက်လာရင် ထပ်ပြောင်းရွှေ့ဖို့ရှိပါတယ်။ ဒီနရွှေ့ပြောင်းတတွေလည်းရှိပါတယ်။ ညနေ စာရင်းထက်တိုးဖို့လည်း ရှိပါတယ်။ ရွှေ့ပြောင်းအိမ်ထောင်စုတွေကို သက်ဆိုင်ရာ ကျန်းမာရေးဌာနက Covid 19နဲ့သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ကျန်းမာရေးအသိပညာပေးထားပြီးလူမှုရေးအသင်းအဖွဲ့ ၊ မီးသတ်ကြက်ခြေနီ တို့ကလည်း အကူညီပေးပါတယ်။ မနက်က မိုးဇလ၊ဆည်မြောင်း၊ရေအရင်းမြစ်၊စည်ပင်နဲ့ သတ်ဆိုင်ရာအုပ်ချုပ်ရေးမှုးတွေက တာရိုးနေရာတွေကို လိုက်ကြည့်ပါတယ်။ ပေါက်တာတွေကျိုးတာတွေမရှိပါဘူး။ဒါပေမယ့် စိတ်ချရအောင် သဲအိတ်တွေတော့ ချထားပါတယ်။ မနှစ်ကအမြင့်ဆုံး ၁၁၇၃ ထိ ရောက်ခဲ့တယ်၊ ဒီနှစ် စိုးရိမ်ရေအမှတ်ထက် ၁ စင်တီမီတာ ပဲကျော်နေသေးလို့ စိုးရိမ်ရတဲ့အခြေအနေမရှိသေးပါဘူး” လို့ စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းကပြောပါတယ်။

စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များဖြစ်တဲ့ ဧမြဝတီရပ်ကွက်တွင် အိမ်ထောင်စု ၉၆စုအား ရေလွတ်ရာအစေခံ ခံတပ်ရှေ့လမ်း၊ထုံးဘိုရပ်ကွက်တွင် အိမ်ထောင်စု ၁၆၃စုအား လုံးတော်ကြီးဘုရား၊ လေးမျက်နာဘုရား၊ ကသစ်နက်ဘုရားဝန်းအတွင်း၊ ဒါးဝယ်ဈေးရပ်ကွက်က အိမ်ထောင်စု ၃၆၁စုကိုမူ ငါးထပ်ကြီးဘုရား၊ကြေးဘုရားကြီး၊သောတာပန် ရပ်ကွက်တွင် အိမ်ထောင်စု ၃၃စုရှိပြီး လေးကျွန်းမာန်အောင်၊ရွှေဘုံသာဘုရားများအတွင်းသို့ပြောင်းရွှေ့ထားရကြောင်းသိရပါတယ်။စစ်ကိုင်းမြို့နယ် တဲကြီးအုပ်စုအတွင်းရှိကျေးရွာများမှ အိမ်ထောင်စု ၁၆၂စု အား စစ်ကိုင်းမြို့ငါးထပ်ကြီးဘုရား၊မင်းကွန်း၊ကင်းရွာမှ အိမ်ထောင်စု ၃၉စု မအူပင်ကျေးရွာ အိမ်ထောင်စု ၁၀စု ၊စဉ့်ကိုင်ကျေးရွာအိမ် ထောင်စု ၁၆စု၊ ရွှေလှေကျေးရွာ အိမ်ထောင်စု ၆၅စု ၊ရွာသစ်ကြီး ပြည်တော်သာရွာ အိမ်ထောင်စု ၁၅၅စု အားရေလွတ်ရာကုန်းမြေများသို့ ရွှေ့‌ပြောင်းထားရကြောင်းသိရပါတယ်။

Leave a Comment