မင်းသားချောနေတိုးနဲ့ ရုပ်ရှင်ရိုက်ချင်နေတဲ့ သမီးရွှန်းရွှန်းအကြောင်းပြောပြလာတဲ့ ခိုင်နှင်းဝေ

နိုင်ငံကျော်မင်းသမီးချော ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေခေတ္တရပ်နားခဲ့ပြီနောက် မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူကတော့ အနုပညာအလုပ်တွေသာမက ပရဟိတအလုပ်တွေလုပ်ကိုင်နေသူပဲဖြစ်ပြီး လက်ရှိမှာတော့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ တည်ထောင်ပြီး မိဘမဲ့ကလေးအယောက်သုံးဆယ်ကျော်ကို သားသမီးတွေအရင်းပမာစောင့်ရှောက်နေပါတယ်။

ခိုင်နှင်းဝေရဲ့ သမီးအရင်းလေးလိုချစ်ရတဲ့ သမီးလေးရွှန်းရတီခိုင်ကတော့ ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ ပရိသတ်အချစ်တော်လေးတစ်ယောက်ဖြစ်ပါတယ်။ယနေ့မှာတော့ ပရိသတ်အချစ်တော် သမီးလေးရွှန်းရွှန်းတစ်ယောက် မင်းသားချောနေတိုးနဲ့ ရုပ်ရှင်ရိုက်ချင်နေတဲ့အကြောင်းကို “အမကြီး ဘယ်သွားမလို့လဲ ? Shooting သွားမလို့ မင်းသားကဘယ်သူနဲ့တွဲမှာလဲ ? နေတိုး နဲ့ ဟဲ့ ဘယ်လို အခန်းရိုက်မှာတုန်း ? နေတိုးကဖက်လိုက်လို့ ရွှန်းက အဲလို ရှက်သွားတဲ့အခန်း ငါနော် ဟွန်း မိတ်ကပ်လဲ သူ့ဘာသာလိမ်း ထမိန်ဝတ်ပေးပါဆိုလို့ ဝတ်ပေးထားရတယ်.. နေတိုးလို ဆံပင်စည်းပေးတဲ့ အိမ်း မိရွှန်းရေ လုပ်နေလိုက်” ဆိုပြီး သမီးလေးရဲ့ Shooting သွားမလို ပြင်ဆင်ထားတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားပါတယ်။

ပရိသတ်ကြီးရေ ခိုင်နှင်ဝေကတော့ သမီးလေးရွှန်းရွှန်းရဲ့ မင်းသားချောနေတိုးကိုသဘောကျပြီး Shooting သွားမလို မိတ်ကပ်လဲ သူ့ဘာသာလိမ်း ထမိန်ဝတ်ကာ နေတိုးလို ဆံပင်ပါစည်းခိုင်းတာကို သဘောကျနေတာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရော သမီးလေးရွှန်းရွှန်လို့ မင်းသားချောနေတိုးကို သဘောကျအားပေးနေကြသူတွေရှိလား….

Source: Khine Hnin Wai

Zawgyi

မင်းသားချောနေတိုးနဲ့ ရုပ်ရှင်ရိုက်ချင်နေတဲ့ သမီးရွှန်းရွှန်းအကြောင်းပြောပြလာတဲ့ ခိုင်နှင်းဝေ




Leave a Comment