ကိုပေါက်ကို ပုံလေးတွေ စာလေးတွေနဲ့ စနောက်ကာဆေးပြန်ထိုးလိုက်တဲ့ ကျော်ကျော်ဗိုလ်
ပရိသတ်တွေရဲ့အချစ်တော် မင်းသားချော ကျော်ကျော်ဗိုလ်ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဒါရိုက်တာ ကိုပေါက်ကို ဆေးထိုးလိုက်ပါတယ်။့ ကျော်ကျော်ဗိုလ်နဲ့ကိုပေါက်တို့နှစ်ယောက်ကတော့ ပြောမနာဆိုမနာ တော်တော်လေးကို ရင်နှီးချစ်ခင်ကြတဲ့ အနုပညာရှင်ညီအစ်ကို သူငယ်ချင်းတွေလည်းဖြစ်ကြပါတယ်။
ကိုပေါက်ကတော့ မကြာသေးခင်အချိန်က ပရိသတ်တွေရယ်မောပျော်ရွှင်ရအောင ်ရည်ရွယ်ပြီး ခင်မင်ရတဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကို စနောက် ဆေးထိုးကာ ဟာသဗီဒီယိုလေးတွေကို ဖန်တီးတင်ဆက်ခဲ့ပါသေးတယ်။ ပရိသတ်တွေကလည်း ကိုပေါက်ရဲ့ ဆေးထိုးစနောက်တဲ့ ဗီဒီယိုလေးတွေကို သဘောကျနှစ်သက်နေခဲ့ကြပါတယ်။ ဒီလို ကိုပေါက်ရဲ့ဆေးထိုးတာကို ခံရတဲ့ အနုပညာရှင်တွေထဲမှာ ကျော်ကျော်ဗိုလ်လည်း အပါအဝင်ပါ။
ကျော်ကျော်ဗိုလ်ကတော့ ဒီနေ့မှာ ကိုပေါက်နဲ့ ပုံလေးတေေွကို စာလေးတွေရေးပြီး လျှပ်တပြက် ဓာတ်ပုံဇာတ်လမ်းဆိုပြီး ကိုပေါက်ကို ပြန်လည်ဆေးထိုးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ကျော်ကျော်ဗိုလ်တစ်ယောက် ကိုပေါက်ကို ဆေးထိုးစနောက်ထားတဲ့ လျှပ်တပြက် ဓာတ်ပုံဇာတ်လမ်းလေးကို ကြည့်ရှုလို့ရအောင်မျှဝေဖော်ပြလိုက်ပါတယ်။
credit-cele gabar
ZAWGYI
ကိုပေါက်ကို ပုံလေးတွေ စာလေးတွေနဲ့ စနောက်ကာဆေးပြန်ထိုးလိုက်တဲ့ ကျော်ကျော်ဗိုလ်
Leave a Comment