ရန်ကုန်မှာကပ်ရောဂါကြောင့်ပိတ်ထားတဲ့ဘုရားတွေပြန်ဖွင့်ရင် စေတနာ့ဝန်ထမ်းတစ်ယောက်အဖြစ်ဘုရားတွေမှာသန့်ရှင်းရေးလုပ်သွားမယ်ဆိုတဲ့ စီနွန်

ကမ္ဘာအနှံဖြစ်ပွားနေတဲ့ Covid-19ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးတုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်။ ဒါ့ကြောင့်လည်းပွဲလမ်းသဘင်တွေနဲ့လူစုလူဝေးတွေကိုမပြုလုပ်ကြဖို့ တာဝန်ရှိသူများကအမိန့်ထုတ်ပြန်ထားခဲ့ပါတယ်။ အဆိုပါကပ်ရောဂါနဲ့ပတ်သက်ပြီးတော့လည်း ရန်ကုန်မှာရှိတဲ့တန်ခိုးကြီးဘုရားတွေကိုလာရောက်ဖူးမျှော်ခွင့်တွေပိတ်ထားခဲ့တာဖြစ်ပါတယ်။

မကြာခင်မှာတော့ပြန်ဖွင့်ပေးတော့မှာဖြစ်ပြီးစီနွန်ကစေတနာ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ဘုရားတွေမှာကိုယ်တိုင်သန့်ရှင်းရေးလုပ်ချင်ပါတယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်မှာယခုလိုပဲရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ စီနွန်က”ကျနော်တို့ရန်ကုန်ကဘုရားတွေမကြာခင်ပြန်ဖွင့်တော့မယ်လို့ကျနော်ကြားပါတယ် ကျနော်ကိုယ်တိုင်စေတနာ့ဝန်ထမ်းတစ်ယောက်အဖြစ် ဘုရားတွေမှာသန့်ရှင်းရေးလုပ်ချင်ပါတယ်ကျနော်အဲ့လိုလုပ်လို့ရမယ်လို့မျှော်လင့်မိပါတယ်ခင်ဗျ ” ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။

စီနွန်ဟာဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့မြတ်မာနိုင်ငံကိုရောက်ရှိနေကာဆင်းရဲ့ချို့တဲ့သူတွေနဲ့အမှန်တကယ်လိုအပ်နေသူတွေအတွက်ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးနေတာဖြစ်ပါတယ်။ ပရိသတ်ကြီးရေကပ်ရောဂါကြောင့်ပိတ်ထားတဲ့ဘုရားတွေပြန်ဖွင့်ရင် စေတနာ့ဝန်ထမ်းတစ်ယောက်အဖြစ်ဘုရားတွေမှာသန့်ရှင်းရေးလုပ်သွားမည့်စီနွန်ရဲ့မွန်မြတ်လှတဲ့စိတ်ထားလေးကိုသာဓုခေါ်ခဲ့ကြပါဦးနော်။

Source:Sinon Loresca

Zawgyi

ရန်ကုန်မှာကပ်ရောဂါကြောင့်ပိတ်ထားတဲ့ဘုရားတွေပြန်ဖွင့်ရင် စေတနာ့ဝန်ထမ်းတစ်ယောက်အဖြစ်ဘုရားတွေမှာသန့်ရှင်းရေးလုပ်သွားမယ်ဆိုတဲ့ စီနွန်




Leave a Comment