မွေးနေ့အကြိုအနေနဲ့ ရွာမှာ စတုဒိသာကျွေးပြီး အလှူလုပ်နေတဲ့ နေဆန်း(ရုပ်သံ)

ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့တဲ့ နေဆန်းကတော့ ကြော်ငြာတွေကိုဆက်တိုက်ရိုက်ကူးနေပြီး အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ နေဆန်းက သူ့ရဲ့ရရှိလာတဲ့အနုပညာကြေးလေးတွေနဲ့မိဘကိုသိတတ်ပြီး အလုပ်အကျွေးပြုနေသူတစ်ယောက်ပါ။

နေဆန်းကတော့ အလှူအတန်းတွေကိုလည်း မကြာခဏဆိုသလိုလုပ်ကိုင်တတ်ပြီး ယနေ့မှာ သူဟာ မကြာမီကျရောက်မယ့် မွေးနေ့ရက်မြတ်လေးကို ကြိုဆိုတဲ့အနေနဲ့ အုန်နို့ခေါက်ဆွဲကို ကိုယ်တိုင်ပါဝင်ချက်ပြုတ်ပြီး စတုဒိသာ ကျွေးလှူဒါန်းနေတာလည်းဖြစ်ပါတယ်။ နေဆန်းကတော့ မွေးနေ့အကြိုအနေနဲ့ ရွာမှာ စတုဒိသာကျွေးပြီး အလှူလုပ်နေတဲ့အမှတ်တရ ဗီဒီယိုဖိုင်လေးကိုတော့ “နေဆန်း မွေးနေ့အကြို ရွာမှာပျော်ပျော်ရွှင်ရွှင် အလှူလေး” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ အလှူရေစက်လက်နဲ့မကွာဆိုသလို မကြာခဏလည်း အလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ ပရိသတ်အချစ်တော် နေဆန်းကတော့ မကြာမီကျရောက်မယ့် မွေးနေ့ရက်မြတ်လေးကို ကြိုဆိုတဲ့အနေနဲ့ အုန်နို့ခေါက်ဆွဲကို ကိုယ်တိုင်ပါဝင်ချက်ပြုတ်ပြီး စတုဒိသာ ကျွေးလှူဒါန်းနေခဲ့တာနော်။

Source: Nay Sann

Zawgyi

မွေးနေ့အကြိုအနေနဲ့ ရွာမှာ စတုဒိသာကျွေးပြီး အလှူလုပ်နေတဲ့ နေဆန်း




Leave a Comment