အႏုပညာအလုပ္ေတြကို(၃)ႏွစ္တာရပ္နားထားတဲ့ ဦးခ်စ္စရာနဲ႔ေၾကာ္ျငာအတူရိုက္ခြင့္ရလို့ပီတိျဖစ္ေနတဲ့ ျဖဴျဖဴေထြး

ဟာသဗီဒီယိုလေးတွေနဲ့ပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့တဲ့ ဖြူဖြူထွေးထွေးကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ နောက်ပိုင်းမှာတော့သူမရဲ့သဘာဝကျလှတဲ့သရုပ်ဆောင်ကြော်ငြာလေးတွေကြောင့်လည်း ပရိသတ်တွေရင်ထဲကိုတိုးဝင်လာနိုင်ခဲ့ပါတယ်။ ဒါ့အပြင်ရုပ်ရှင်ဇာတ်ကားတွေမှာလည်းသရုပ်ဆောင်တစ်ယောက်အနေနဲ့ မကြာခင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ယခုလိုအောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာတာနဲ့အမျှ သူမရဲ့ရွာလေးအတွက်တတ်နိုင်သလောက်ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးနေပါတယ်။ ဖြူဖြူထွေးဟာလတ်တလောဖြစ်ပွားနေတဲ့ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားရတဲ့ အနုပညာရှင်တွေကိုခေါ်ပြီး သူမနဲ့အတူကြော်ငြာတွေကိုရိုက်ကူးနေသူတစ်ယောက်ပါ။ ဒီနေ့မှာလည်းအနုပညာအလုပ်တွေကို(၃)နှစ်တာရပ်နားထားတဲ့ဦးချစ်စရာနဲ့အတူ ကြော်ငြာလေးတစ်ခုကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းလေးကိုတော့”အနုပညာအလုပ် (၃) နှစ်နားနေတဲ့ ဦးချစ်စရာကိုကြော်ငြာအတူရိုက်ခွင့်ရလို့ပီတိဖြစ်မိ”ဆိုတဲ့စာသားလေးနဲ့အတူဖြူဖြူထွေးကသူမရဲ့လူမှုကွန်ရက်မှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့အဆိုပါကြော်ငြာလေးမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဦးချစ်စရာနဲ့တခြားသောအနုပညာရှင်တွေကိုလည်း အနုပညာကြေးအပြင်ဆန်၊ဆီနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေကိုပါလှူဒါန်းပေးခဲ့ပါသေးတယ်။

Source:Phyu Phyu Htwe

Zawgyi

အႏုပညာအလုပ္ေတြကို(၃)ႏွစ္တာရပ္နားထားတဲ့ ဦးခ်စ္စရာနဲ႔ေၾကာ္ျငာအတူ႐ိုက္ခြင့္ရလို႔ပီတိျဖစ္ေနတဲ့ ျဖဴျဖဴေထြး
ဟာသဗီဒီယိုေလးေတြနဲ႔ပရိသတ္အားေပးမႈကိုစတင္ရရွိခဲ့တဲ့ ျဖဴျဖဴေထြးေထြးကိုေတာ့ပရိသတ္ႀကီးလည္းရင္းႏွီးၿပီးသားျဖစ္မယ္ထင္ပါတယ္။ ေနာက္ပိုင္းမွာေတာ့သူမရဲ႕သဘာဝက်လွတဲ့သ႐ုပ္ေဆာင္ေၾကာ္ျငာေလးေတြေၾကာင့္လည္း ပရိသတ္ေတြရင္ထဲကိုတိုးဝင္လာႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္႐ုပ္ရွင္ဇာတ္ကားေတြမွာလည္းသ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ မၾကာခင္ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။

ယခုလိုေအာင္ျမင္ေနတဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္လာတာနဲ႔အမွ် သူမရဲ႕႐ြာေလးအတြက္တတ္ႏိုင္သေလာက္ေထာက္ပံ့လႉဒါန္းမႈေတြကိုျပဳလုပ္ေပးေနပါတယ္။ ျဖဴျဖဴေထြးဟာလတ္တေလာျဖစ္ပြားေနတဲ့ကပ္ေရာဂါေၾကာင့္ အႏုပညာအလုပ္ေတြကိုရပ္နားထားရတဲ့အႏုပညာရွင္ေတြကိုေခၚၿပီး သူမနဲ႔အတူေၾကာ္ျငာေတြကို႐ိုက္ကူးေနသူတစ္ေယာက္ပါ။ ဒီေန႔မွာလည္းအႏုပညာအလုပ္ေတြကို(၃)ႏွစ္တာ ရပ္နားထားတဲ့ဦးခ်စ္စရာနဲ႔အတူ ေၾကာ္ျငာေလးတစ္ခုကို႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။

ဒီအေၾကာင္းေလးကိုေတာ့”အႏုပညာအလုပ္(၃)ႏွစ္နားေနတဲ့ ဦးခ်စ္စရာကိုေၾကာ္ျငာအတူ႐ိုက္ခြင့္ရလို႔ပီတိျဖစ္မိ”ဆိုတဲ့ စာသားေလးနဲ႔အတူ ျဖဴျဖဴေထြးကသူမရဲ႕လူမႈကြန္ရက္မွာေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။ ျဖဴျဖဴေထြးကေတာ့အဆိုပါေၾကာ္ျငာေလးမွာပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ဦးခ်စ္စရာနဲ႔တျခားေသာအႏုပညာရွင္ေတြကိုလည္း အႏုပညာေၾကးအျပင္ဆန္၊ဆီနဲ႔တျခားလိုအပ္တဲ့ပစၥည္းေတြကိုပါ လႉဒါန္းေပးခဲ့ပါေသးတယ္။

Leave a Comment